Twitter Bird Gadget

Wednesday, September 17, 2014

ခွတ်ဒေါင်းကိုခွေးဆွဲခြင်း




ဒီနေ့တင်ပြမည်ဖြစ်သော အင်တာဗျူးကိုတော့ ခွတ်ဒေါင်းကိုခွေးဆွဲခြင်းလို့ အမည်ပေး
ထားပါတယ်.........နှစ်ဦးနှစ်ဖက်သဘောတူညီမျုအရ ဗွီဒီယိုရိုက်ခြင်း ဓါတ်ပုံရိုက်ခြင်း
အသံဖမ်းခြင်းများ မပြုလုပ်ရန်သဘောတူညီမှုဖြင့် စာဖြင့်ရေးသားမှတ်တမ်းယူရန် သ
ဘောတူထားခဲ့ကြပါတယ်။
ယနေ့အင်္ဂါနေ့(၂၀၁၄ ခုနှစ် ၁၆ရက် စက်တင်ဘာလ)နေ့လည်ခင်း (၁နာရီ ၂၀မီးနစ်)
ဝမ်ပေါင်ကြေးနီလုပ်ငန်းအား တာဝန်ခံထားသည့်တရုတ်အမျိုးသား ဆိုက်မန်နေဂျာ
လောရှည်ခေါ် (Lewshi Shunxi) နဲ့ စာရေးသူ၏ လူငယ်သတင်းသမားနှစ်ဦးတွေ့
ဆုံခွင့် ရခွင့်ပါတယ်။အဆိုပါဆိုက်မန်နေဂျာအား “ယခု မြန်မာတက္ကသိုလိကျောင်းသူ
လည်းဖြစ် ဗမာနိုင်ငံလုံးတိုင်ရာ ကျောင်းသားများသမဂ္ဂ၏ အထက်မြန်မာပြည် စည်း
ရုံးရေးနှင့် လူမျုဆက်ဆံရေး လုပ်ငန်းအား လုပ်ကိုင်နေသူလည်းဖြစ်တဲ့ မဖြူနှင်းထွေး
ကိုခင်ဗျာတို့ ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်ဆိုတာ ဟုတ်ပါသ
လား?” လို့မေးမြန်ချက်အပေါ်.....

ဝမ်ပေါင် မန်နေဂျာ
ဆိုက်မန်နေဂျာ လောရှည်က “မိတ်ဆွေတို့ပြောတာ ကျွန်တော်တို့မသိဘူး ကျွန်တော်တို့ ဝန်ထမ်းနှစ်ယောက် ကိုပြန်ပေးဆွဲတယ်ဆိုတဲ့ကိစ္စရပ်ကလည်း ပြီးသွားလို့ ကျွန်တော်တို့
အမှုတောင်ပိတ်ပြီးသား...ပြီးတော့ကျွတ်တော်တို့က ဒီမှာကြီးမားတဲ့လုပ်ငန်းတွေလုပ်နေ
တာ ဒေသခံကြည်သူတွေနဲ့ အဆင်ပြေချင်တယ်....ပြီးတော့ဒေသခံတွေနဲ့ ထိပ်တိုက်ကျွန်
တော်တို့တွေ့ပြီး ပြသနာတစခုခုဖြစ်မှာကိုလည်းမလိုလားပါဘူး...”

အင်တာဗျူး သတင်ထောက်လူငယ်
စာရေးသူဘက်မှ သတင်းထောက်လူငယ်က “ဒါဆိုအခု ကျွန်တော်တို့ သိရသလောက်
ဒီမှာလူကြီးမင်းတို့ လုပ်ငန်းခွင်နဲ့  ထိစပ်နေတဲ့ရွာတွေမှာ လူကြီးမင်းတို့ထံကို တခုခုပြော
ဆိုဖို့ စာရေးသားဖို့ကိစ္စနဲ့ လူကြီးမင်းတို့ထံမှ ထုတ်တေတဲ့ အချို့စာရွက်စာတမ်းတွေကို
ရွာသူရွာသားတွေက သိပ်နားမလည်ကြလို့ ဝိုင်းဝန်းကူညီနေတဲ့ အနေနဲ့ ဒီကကျေးရွာတွေ
ဆီကို မကြာခဏလာရောက် အကူအညီပေးနေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးကို လူ
ကြီးမင်းတို့ရဲ့ နယ်မြေလုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်ပေးရေးအတွက် တာဝန်ယူထား
ရတဲ့ ဆားလင်းကြီးမြို့နယ် ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး လူကြီးမင်းတို့ရဲ့ဝန်
ထမ်းနှစ်ဦးကို ဆည်တဲရွာမှာ ရွာသားတွေကခေတ္တခဏ ခေါ်ယူထားတာနဲ့ပါတ်သက်ပြီး
ပြန်ပေးဆွဲခဲ့သူအဖြစ်နဲ့ တရားစွဲ ဖမ်းဆီးတာကို လူကြီးမင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ?

ဝမ်ပေါင် မန်နေဂျာ
ကျွန်တော်တို့ ဝန်ထမ်းနှစ်ဦးကို ပြန်းပေးဆွဲတဲ့ကိစ္စဆိုပြီး မိတ်ဆွေပြောတဲ ရွာက..ရွာသား
တွေကို မိတ်ဆွေတို့ရဲ့ အစိုးရကပဲ သူတို့ဘာသာသူတို့ အမှုလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။
ကျွန်တော်တို့ကတိုင်ခကိဖွင့် အမှုဖွင့်ခဲ့တာမျိုး မဟုတ်ပါဘူး...ပြီးတော့ ကျွန်တော့ဝန်ထမ်
နှစ်ဦးကိုလည်း ကောင်းကောင်းမွန်မွန်ထိမ်းသိမ်းထားခဲ့ပါတယ်...အဲဒီနောက်မေလ ၁၉
ရက် နေ့မှာ ကျွန်တော့ဝန်ထမ်းတွေပြန်လွတ်လာပြီး ရွာသူရွာသားတွေက သူတို့ကိုခေါ်ယူ
ပြီး ကောင်းမွန်စွာဆက်ဆံကြောင်းပြောပြတာမို့ ဇွန်လကတရားရုံးတော်မှာ ကျွန်တော်တို့
ဘက်ကပဲ စတင်အမှုရုတ်သိမ်းပြီး အားလုံးကြေအေးအောင် ဆောင်ရွက်ပြီးသားမို့ ...အခု
မိတ်ဆွေပြောတဲ့တက္ကသိုလ်ကျောင်းသူတစ်ဦးကို  ကျနော့ဝန်ထမ်းနဲ့ပတ်သက်လို့ဆိုပြီး
ဖမ်းတာ ကျွန်တော်တို့လုံးဝမသိသလို အမှုကလည်းကျွတ်တော်တို့အားလုံး ပတ်သိမ်းခဲ့ပြီး
သားမို့ ကျွန်တော်တို့နဲ့ ဘာမျှသက်ဆိုင်မှု ထပ်မံရှိလာနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး...

အင်တာဗျူ သတင်းထောက်လူငယ်
“အခု ကျောင်သူလေးကို ဖမ်းထားတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး လူကြီးမင်းတို့အနေနဲ့ သက်
ဆိုင်ရာ အာဏာပိုင်တွေကို တစ်စုံတစ်ရာပြောဖို့ရှိပါသလား?..”

ဝမ်ပေါင် မန်နေဂျာ
 “ကျွန်တော်ဘက်က ဘာမှမပတ်သက်တော့တဲ့အတွက် ဘာမှပြောစရာမရှိပါဘူး....တစ်
ခုတော့ရှိတာပေါ့ ကျွန်တော်တို့ဘက်က အကူအညီတစ်ခုခု ပေးရမယ်ဆိုရင်တော့ ဝိုင်းဝန်း
ကူညီပေးဖို့ ဆန္ဒတော့ရှိပါတယ်...”

အင်တာဗျူး သတင်းထောက်လူငယ်
“လူကြီးမင်းတို့ အနေနဲ့ကြည်သူတွေက မတောင်ဆိုသော်ငြားလည်း မိမိတို့နဲ့ ပတ်သက်
နေတဲ့ ကိစ္စရပ်ကနေ ဆက်စပဖြစ်ပေါ်လာတဲ့ ကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲတယ်ဆိုတဲ့
ရာဇဝတ်ပုဒ်မမျိုးတပ်ပြီးဖမ်းဆီးထားမှုအပေါ် တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ပြောဆိုချင်ပါ
သလား?”

ဝမ်ပေါင် မန်နေဂျာ
“ကျွန်တော်တို့က လုပ်ငန်းသဘောအရပဲ ခင်ဗျားတို့ အစိုးရနဲ့ ပတ်သက်ဆောင်ရွက် နေ
တာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တခြားကိစ္စရပ်တွေကို ပါဝင်ပတ်သက်ဖို့ မသင့်
လျှော်ပါဘူး...ပြီးတော့အခု ခင်ဗျားတို့ပြောတဲ့ ပြသတနာကလည်း ကျွန်တော်တို့ဘက်က
ကြေအေးပြီး အမှုပါပိတ်ထားပြီးသားမို့ အခုကိစ္စဟာလည်း အစိုးရတာဝန်ရှိသူများနဲ့သာ
တိုက်ရိုက်သက်ဆိုင်ပါတယ်လို့ ပြောခင်ပါတယ်...”
အထက်ပါအင်တာဗျူးအရ ကြေးနီစီမန်ကိန်း၏ တရုတ်ပြည်ဘက်မှတာတန်ရှိသူကိုယ်
တိုင် အမှုရုတ်သိမ်းထားပြီးသားအကြားမှ မြန်မာအစိုးရအာဏာပိုင်များက အဓမ္မ ဆက်
လက်ဖမ်းဆီးမှုများလုပ်ကိုင်လာခြင်းနှင့် လက်ရှိကျောင်းသားထုအား တိုက်ရိုက် တိုက်
ခိုက်နှိမ်နင်း ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းကို တွေ့မြင်ရ၍ ခွတ်ဒေါင်းကို ခွေးဆွဲခြင်းလို့
အမည်နာမပေးရကြောင်းပါ.....

သတင်းအမှန်အတိုင်းသာ
အထက်ဖော်ပြပါ အချက်အလက်များမှန်ကန်ပြီးယခုဖမ်းဆီးခံထားရသော ဗကသ အဖွဲ့
ဝင်(မန္တလေး)တိုင်းမှ ကျောင်းသူ မဖြူနှင်းထွေးအပါအဝင် လက်ပန်တောင်းဒေသခံတို့
အကြောင်း အစိုးရထုတ်တေသော မြဝတီသတင်းဝက်ဘ်ဆိုက်နှင့် စာစောင်များတွင် တ
ဖက်သတ်ဖော်ပြခဲ့ပုံကို ဖော်ပြပါလင့်ခိတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်၊
(http://myawady.net.mm/allnews/localnews/item/42279-2014-05-21-10-55-37)

No comments:

Post a Comment