Twitter Bird Gadget

Wednesday, September 17, 2014

ပိုက်ဆံကကိုယ့်ဆီလာအောင်ဘယ်လိုလုပ်မလဲ



ကြိုးစားနေသောသူထံ ကောင်းသတင်း၊အကျိုးရှိမည့်သတင်းတွေက စာတတ်သလို ကိုယ့်
ရဲ့ စွမ်းဆောင်မှုအပေါ်မူတည်ပြီး ကိုယ်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲအောင်လုပ်ယူလို့ ရ
ပါတယ်။ပိုက်ဆံလည်း ဒီလိုပါပဲ။ပိုက်ဆံအပေါ်မှာ အကောင်းမြင်သောသူထံမှာသာ ပိုက်
ဆံကမရှားပါ။အဲဒီလိုပြောတော့ ဆင်းရဲတဲ့သူမှာတော့ ပိုက်ဆံကတစ်သက်လုံးမကပ်ဖူးလို့
ဆိုလိုတာမဟုတ်ပါ။ဆင်းရဲ့တဲ့သူရော၊ချမ်းသာတဲ့သူရော ပိုက်ဆံကို ကိုယ့်ဆီရောက်
အောင် ခေါ်ယူရမှာဖြစ်ပါတယ်။ ဘယ်လိုခေါ်ယူရမှညလည်းဆိုရင် နည်းလမ်း ၇ ချက်ကို
တော့ အောက်မှာဖတ်ကြည့်လိုက်ပါ။

၁။ပိုက်ဆံကိုချစ်ဖို့လိုပါတယ်
မေးခွန်။ သင့်အတွက်ပိုက်ဆံဆိုတာဘာလဲ?
ပိုက်ဆံများများရှာနိုင်သူ ပိုက်ဆံရှိတော့ ပျော်တာပေါ့၊ပိုက်ဆံကိုသိပ်ချစ်တာပေါ့။
ပိုက်ဆံကိုသာမန်ရှာနိုင်သူ ပိုက်ဆံဆိုတာ မရှိရင်မဖြစ်သောအရာပါ။
ပိုက်ဆံကိုသိပ်မရှာနိုင်သူ ပိုက်ဆံဆိုတာ ခက်ခက်ခဲခဲရှာမှ ရသောအရာပါ။
အပေါ်ကလူတွေရဲ့ အတွေးကို ဖတ်ကြည့်ပြီးဘယ်လိုထင်ပါသလဲ? ပိုက်ဆံအပေါ်အ
ကောင်းမြင်သောသူဆီမှာ ပိုက်ဆံကချည်းကပ်မှာဖြစ်ပါတယ်။ပိုက်ဆံကြောင့် ဒုက္ခဖြစ်
ရတယ် ပိုက်ဆံကြောင့် အားလုံးပြိုကွဲခဲ့ရတယ် စသည်ဖြင့်ပိုက်ဆံအပေါ်မှာ အကောင်း
မမြင်သောသူမှာတော့ ပိုက်ဆံကချည်းကပ်ချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံအပေါ်
မှာ ကောင်းသော အမြင်ကိုရှိဖို့လိုတယ်လို့ ထင်ပါတယ်။

၂။ရည်မှန်းချက်က တိတိကျကျရှိဖို့ လိုပါတယ်
မေးခွန်။ပိုက်ဆံ ဘယ်လောက်ရရင်အဆင်ပြေမလဲ?
ပိုက်ဆံကိုများများရှာနိုင်သူ တစ်လကိုxxသိန်းရှာမယ်။(တိတိကျကျပြောနိုင်ရမယ်)
ပိုက်ဆံကို သာမန်ရှာနိုင်သူ များရင်များသလောက်ကောင်းတယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ တော်ရုံလောက်ရရင်ရပါပြီ။
ပိုက်ဆံကို ကိုယ့်ဆီဝင်လာစေဖို့ ကစိတ်ထဲမှာ စဉ်းစားထားတဲ့အတိုင်း ဖြစ်လာမှာပါ။ဘယ်
အချိန်မှာ ဘယ်လောက်ရအောင်လုပ်မလဲဆိုတာကို သေသေချာချာတွေးထားရင် တွေးထားသလောက် ပိုက်ဆံကလည်း ကိုယ့်ဆီကို ပျော်ပျော်ကြီးရောက်လာမှာပါ။တစ်လ
ကိုပိုက်ဆံဘယ်လောက်ရှာမယ်xx သိန်းရှာမယ်ဆိုပြီး ရည်မှန်းချက်ကို ပါစပ်ကနေတိုင်
ပြောကြည့်ပါ။

၃။ဇွဲရှိရှိနဲ့ကြိုးစားဖို့ လိုပါတယ်
မေးခွန်း။ဇွဲရှိတယ်ဆိုတဲ့ စကားလုံးကိုဘယ်လိုထင်ပါသလဲ?
ပိုက်ဆံကိုများများရှာနိုင်သူ ဇွဲဆိုတဲ့စကားလုံးကို ကြိုက်ပါတယ်။အဓိပ္ပာယ်အတိုင်းကြိုး
စားနေပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ဇွဲဆိုတဲ့ အရာကလိုအပ်ပါတယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ စကားလုံးပါ။
ပိုက်ဆံကိုလာပါလို့ ခေါ်ဖို့ဆိုတာ ဘုရားမျာဆုတောင်းရုံနဲ့တော့မရပါ။ကိုယ်ကိုတိုင်လည်း
ကြိုးစားရမှပါ။သာမန်ကြိုးစားရုံနဲ့တော့  ဘာမှဖြစ်လာမှာ မဟုတ်ပါ။အလုပ်မှာ ပင်ပန်း
ပေမဲ့လည်း ဇွဲရှိရှိလုပ်နေခဲ့ရင် ကိုယ့်ရဲ့အရည်အချင်းက တဖြည်းဖြည်းတောက်ပြောင်လာ
မှာပါ။

၄။ပိုက်ဆံအိတ်ကိုသန့်ရှင်းအောင်ထားပါ။
မေးခွန်။ပိုက်ဆံအိတ်ကသန့်ရှင်းနေရဲ့လာ.?
ပိုက်ဆံကို များများရှာနိုင်သူ အမြဲတမ်းသန့်ရှင်းနေပြီး ပိုက်ဆံကို သပ်သပ်ရပ်ရပ်လည်းစီ
ထည့်ထားပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ပိုကဆံအိတ်က သန့်ရှင်းရေးဟုတ်လား? သာမန်ပေါ့။
ပိုက်ဆံကို သိပ်မရှာနိုင်သူ ပိုက်ဆံအိတ်ထဲမှာ ဘာတွေမှန်းကိုမသိဘူး၊အမြဲရှုတ်နေတာပဲ။
ပိုက်ဆံအတွက် ပိုက်ဆံအိတ်ကတော့ ခဏတည်းရတဲ့ ဟိုတယ်ပါ။သူ့အခန်းလေးက သန့်
ရှင်းနေရင်တော့ ကြာကြာတည်းချင်မှာပေါ့နော်။ဒါကြောင့် ကိုယ့်ရဲ့ပိုက်ဆံအိတ်လေးကို
သန့်သန့်ရှင်းရှင်းလေးထားရင်အဆင်ပြေလာမှာပါ။

၅။ရရင်ကောင်မယ်မဟုတ်ပဲရကိုရရမယ်လို့ တွေးပါ။
မေးခွန်။လိုချင်သောပိုက်ဆံကိုရရင်ဘယ်လိုလုပ်မလဲဆိုတာကို  စည်းစားထားပြီးပြီလား?
ပိုက်ဆံကို များများရှာနိုင်သူ ဟုတ်ကဲ့ စည်းစားပြီးသားပါ။
ပိုက်ဆံကို သာမန်ရှာနိုင်သူ ရရင်ကောင်းမှာပဲလို့သာ တွေးထားပါတယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ အိမ်မက်တစ်ခုပါ။
ပိုက်ဆံက ကိုယ့်ဆီရောက်လာဖို့ဆိုတာက ဘာကိုလိုချင်လို့ ဘယ်လောက်ရအောင်လုပ်ရမ
လဲဆိုတာကို အသေးစိတ် စဉ်းစားဆုံးဖြတ်ထားဖို့ လိုပါတယ်။အဲဒါကို လိုချင်
တယ်၊ရရင်ကောင်းမှာလို့မတွေးပဲ ရအောင်ယူမှာလို့ တွေးထားရမှာပါ။

၆။ပိုက်ဆံကိုသုံးပါ။
မေးခွန်း။လက်ထဲမှာ ပိုက်ဆံရှိရင် ဘယ်မှာသုံးမလဲ?
ပိုက်ဆံကို များများရှာနိုင်သူ xxxမှညသုံးဖို့ ဆုံးဖြတ်ထားပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ လောလောဆယ်တော့ စုထားလိုက်မယ်။
ပိုက်ဆံကို သိပ်မရှာနိုင်သူ အသက်ကြီးလာရင်  သုံးစရာမရှိမှာစိုးလို့ စုထားပါတယ်။
ပိုက်ဆံဆိုတာဟာ ခရီးသွားတစ်ယောက်လိုပါပဲ တစ်နေရာကနေ တစ်နေရာသို့ သွားနေရ
တာကို ကြိုက်တဲ့သဘာဝရှိပါတယ်။ပိုက်ဆံကို ကိုယ့်နေရာမှာ လှောင်ထားရင်တော့ ပိုက်
ဆံအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်းမကောင်းပါ။ပိုက်ဆံကိုဖြုန်းဖို့ပြော
နေတာမဟုတ်ပဲ လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိသုံးရန် အကြံပြုချင်ပါတယ်။
ဥပမာ။ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့ အတွက် သင်တန်းတက်သည်ဖြစ်စေ၊အကျိုးရှိ
သောစာအုပ်ဝယ်သည်ဖြစ်စေပေါ့။

၇။ကျေးဇူးတင်စကားပြောပေးပါ။
မေးခွန်း။သူတစ်ပါးကနေ ကိုယ့်ကိုမကြိုက်လို့ အကြံပေးစကားပြောရင် ဘယ်လိုတုံ့ပြန်မလဲ?
ပိုက်ဆံကို များများရှာနိုင်သူ အကြံပေးတဲ့အတွက် ကျေးဇူးပါလိုး ပြောပါတယ်။
ပိုက်ဆံကို သာမန်ရှာနိုင်သူ အင်း ဟုတ်ကဲ့ပါ။
ပိုက်ဆံကို သိပ်မရှာနိုင်သူ နားညီးတယ်။
ကျေးဇူးသိတတ်တယ်ဆိုတာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ကိုယ့်ကိုမကောင်း
ကြောင်းပြောသော သူရှိရင်လည်း သူပြောပြတဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြင်နိုင်ဖို့
အခွင့်အရေးတစ်ခု ရတယ်လို့ ခံယူထားမှာပါ။ဒါမှသာလျှင် လူချစ်လူခင်ပေါများပြီး
ပိုက်ဆံဆိုတဲ့ အရာဟာလည်း အလိုလိုရောက်လာမှာပါ။
              $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment