Twitter Bird Gadget

Wednesday, September 17, 2014

အွန်လိုင်းဂူဂဲလ်မြေပုံနှင့် ရန်ကုန်ကိုလှည့်လည်ကြည့်လို့ရပါပြီ



Google Map အသုံးပြုသူတွေအနေနဲ့ ဂူဂဲလ်ရဲ့ Street View ဖြင့်ရန်ကုန်မြို့
ကိုလှည့်လည်ကြည့်ရှုနိုင်ပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂူဂဲလ်ရဲ့မြေပုံစနစ်
မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Street Viewနှင့် မြေပုံညွှန်းကြည့်လို့ မရဖြစ်ခဲ့
တဲ့ခေတ်ကို အဆုံးသတ်လိုက်ခြင်းပါ။အခုထိတော့ မြန်မာနိုင်ငံတဝန်း နေရာ
တိုင်းမှာ ဂူဂဲလ်ရဲ့ Street View နဲ့ကြည့်လို့ရတာတော့မဟုတ်သေးပါဘူး။ရန်
ကုန်မြို့တခွင်ကိုသာ ကြည့်နိုင်မှာဆိုတဲ့အကြောင်း လာရောက်ဖတ်ရှုသူများကို
လက်တို့လိုက်ပါရစေ။ဒါဟာမြန်မာပြည်နဲ့ ပတ်သက်ပြီး ဂူဂဲလ်ရဲ့ ဖြစ်ထွန်းမှု
တခုပါပဲ။
အခုလို ရန်ကုန်မြို့ကို ဂူဂဲလိ Street View နဲ့ ကြည့်လို့ရတာဟာ ကနဦးစ
တင်လိုက်တဲ့စမ်းသပ်မှုလည်း ဖြစ်နိုင်သလို နောက်ထပ်မြို့နယ်တွေနဲ့ တနိုင်ငံ
လုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖွယ်လည်းရှိန်ုင်ပါတယ်။အခုလိုအခြေ
အနေဆိုရင် မြန်မာနိုင်ငံမှာလည်း GPS စနစ်အသုံးပြုတဲ့ ယာဉ်မောင်းတွေ၊
ခရီးသည်တွေ အတွက်အဆင်ပြေလာစရာ ရှိနေပါပြီ။မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း
ထိုင်း၊အိန္ဒိယ အပါအဝင် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ဂူဂဲလ်မြေပုံမှာ
Street View နဲ့အွန်လိုင်းကနေ လှည့်လည်ကြည့်ရှုလို့ရတာ ကြာပါပြီ။ဒီလို
လမ်းကြောင်းပြပကတိ မြင်ကွင်းနဲ့မြေပုံစနစ်ကို ဂူဂဲလိရဲ့ကင်မရာတွေတပ်
ထားတဲ့ ကားတွေက တလမ်းဝင်တလမ်းထွက် မှတ်တမ်းတင်ခဲ့ကြရတာပါ။
ဒီဂူဂဲလ်ကားတွေမှာလည်း ဂူဂဲလ်တံဆိပ်တွေတပ်ထားပြီး အဖွဲ့လိုက်အချိန်ယူ
ပြီ မှတ်တမ်းပြုစုကြရတာဖြစ်ပါတယ်။
ဒီလိုမှတ်တမ်းပြုစုထားတဲ့ ဗွီဒီယိုဖိုင်တွေကို ဂူဂဲလ်ကသူတို့ရဲ့ စနစ်နဲ့သေချာ
ပြင်ဆင်ပြီး အွန်လိုင်းပေါ်တင်ကြတာပါ။ “ကမ္ဘာတဝန်း သန်းပေါင်းများစွာ
သော ဂူဂဲလ်မြေပုံသုံးစွဲသူတွေအတွက် ကျွန်တော်တို့ Google Maps Team
ကလမ်တွေတလျှောက် မြင်ကွင်းတွေကို ရိုက်ကူမှတ်တမ်းတင်ကြတာပါ”လို့
ဂူဂဲလ်တာဝန်ရှိသူတဦးက ရှင်းပြထားပါတယ်။
ကဲ....ဂူဂဲလ်ရဲ့ ရန်ကုန် Street View တော့ လာပါပြီ......။
နောက်ထပ် လိုအပ်တာကတော့ အဲဒီလောကဓာတ်တန်ဆောင်မှုသစ်ကို မြည်း
စမ်းကြည့်၊လက်တွေ့အသုံးချကြည့်ဖို့အတွက် မြန်နှုန်းမြင့်အင်တာနက်ပဲလိုမှာ
ဖြစ်ပါတယ်။
                       @@@@@@@@@@@@@@@@@@@@

No comments:

Post a Comment