Twitter Bird Gadget

Monday, September 15, 2014

ဘာလဲ ဒီ အစိုးရ



တိုင်းရင်းသားပြည်သူလူထု၏ လိုလားတောင်းဆိုချက်ကိုလူကြီးဆန်ဆန်ဖြေရှင်းတတ်
တဲ့ အလေ့အကျင့်ကိုလည်းသူတို့ဘယ်တုန်းကမှ မကျင့်သုံးခဲ့ဘူး။အရင်လမ်းစဉ် လမ်း
ဟောင်အတိုင်းတိုင်းရင်းသားပြည်သူလူထုကိုအကြောက်တရားနဲ့ပဲအုပ်ချုပ်ချင်နေကြ
တုန်း ၈၈အရေးအခင်းကစပြီး လက်ပံတောင်းတောင် အရေးအထိသူတို့အကျင့်ဆိုးကို
တောက်လျှောက်ပြလာခဲ့တယ်။တိုင်းရင်းသားပြည်သူလူထုကို ကျွန်လိုအမြဲဆက်ဆံချင်
တယ်။
သူတို့ကိုယ်သူတို့ အမြဲတမ်းစိတ်ကြီးဝင်နေကြတယ်။ငါတို့သာလျှင် တိုင်းကြည်ကိုကယ်
တင်နိုင်တယ် ဆိုကြီးကိုယ့်ငါးချဉ်ကိုယ်ချဉ်နေကြတယ်။တစ်ကယ်တော့သူတို့ဟာ တ
ကယ်ကိုတိုင်းပြည်ဘဏ္ဍာကိုတရားဝင်ခိုးယူပိုင်ခွင့် ရှိတဲ့  သူခိုးမှသူခိုးကြီးတွေပါ။
တစ်ကယ်တော့သူတို့ဟာတိုင်းရင်းသာပြည်သူလူထုကိုထင်သလိုသတ်ဖြတ် နေကြတဲ့
လူသတ်သမားအစစ်တွေပါ။ဒီလိုအတွေးအခေါ်ရှိတဲ့ စစ်ဝါဒီလူတန်းစားတွေနဲ့ ရေရှည်
သွားလို့ရမယ်ထင်ပါသလား....။
တိုင်ရင်းသားပြည်သူလူထုကိုအကြောက်တရားနဲ့ပဲအုပ်ချုပ်တတ်တဲ့ စစ်ဝါဒီတွေရှိ
နေသ၍ စစ်မှန်တဲ့ တိုင်းရင်းသားပြည်သူလူထုတို့ရဲ့ ငြိမ်းချမ်းရေး၊ရင့်ကြားစေရေးဆို
တာလုံးဝဖြစ်မလာနိုင်သလိုလုံးဝလည်းအောင်မြင်မှာမဟုတ်ဘူး။
တိုင်းရင်းသားပြည်သူလူထုကအားအားယားယားဆန္ဒပြနေကြတာမဟုတ်ဘူး။လူ
အများစုဘဝတွေကစုတ်ပြတ်သတ်၊ငတ်နေကြ၊သည်းခံပြီးနေလို့ မရတော့လို့ သူတို့ရဲ့
လိုလားချက်ကိုရင်ဖွင့်နေကြတာဖြစ်တယ်။အစိုးရကသူတို့အပေါ် လိမါညာနေတာကို
သိလို့ အမှန်တရားကိုတောင်းဆိုနေကြတာဖြစ်တယ်။
ဆန္ဒပြခွင့်ပေးထားပြီးမှ ဆန္ဒပြခွင့်ကိုနည်းမျိုးစုံနဲ့ ပိတ်ပင်တာဟာဘာသဘောလည်း
ဆရားနည်းလမ်းကျကျ ဖြေရှင်းပေးရမည့်အစားမူလလက်ဟောင်လမ်းစဉ်အတိုင်း အ
ကြမ်းဖက် ဖိနှိပ်ဖြေရှင်းတာတိုးတက်ပြောင်းလည်းမှုလို့ ဆိုနိုင်ပါသလား။အမှန်တရားကိုတောင်းဆိုတာအပြစ်ရှိတယ်လို့ယူဆသလား။တိုင်းရင်းသားပြည်သူလူထုဆန္ဒထုတ်
ဖော်တာအပြစ်ရှိတယ်လို့ ယူဆပါသလား။အမှန်တရားကိုတရားနည်းလမ်းကျကျ ဖြေ
ရှင်းပေးရမည့် တာဝန်ဟာလက်ရှိအာဏာကိုဆုပ်ကိုင်ထားတဲ့ စစ်အညဏာရှင် အစိုးရ
ဦးသိန်းစိန် အစိုးရမှာလုံးဝတာဝန်ရှိပါတယ်လို့ ပြောချင်တယ်။


Credit to Oo Aung

No comments:

Post a Comment