Twitter Bird Gadget

Friday, September 19, 2014

ခေါင်းဆောင်မတင်ထိုက်သူများ




“ဂဏန်း၊ ပုတ်သင် ၊ဝါးပင် ၊နွားသိုး ၊လိပ်မျိုး၊ခွေးအ၊ဤခြောက်ဝနာယကမတင်ထိုက်”
၁။ဂဏန်း   =လက်မထောင်ခြင်း
၂။ပုတ်သင် =ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ကိုင်းပင်=လေသင့်ရာယိမ်းတတ်ခြင်း
၄။နွားသိုး  =ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၅။လိပ်မျိုး =မိမိဘက်သို့ယက်တတ်ခြင်း
၆။ခွေးအ   =ကောက်ကျစ်ခြင်းဤခြောက်ဝမှတ်ပါနာယက။
၁။ဂဏန်း
ဂဏန်းနဲ့တူတဲ့လူစားမျိုး။ဂဏန်းဆိုတဲ့ကောင်ဟာအမြဲတမ်းလက်မတစ်ထောင်ထောင်နဲ့
ရှိတတ်ပါတယ်။ငါမှတတ်တာ၊မင်းတို့ကဘာမှသိတာမဟုတ်ဘူး။ငါ့ကိုဆရာလာမလုပ်နဲ့
ဆိုတဲ့လူစားမျိုးပါ။အောက်လက်ငယ်သားကို ကျွန်လိုဆက်ဆံတတ်တဲ့ သူမျိုးကိုဆရာ
မတင်ထိုက်ပါဘူး။
၂။ပုတ်သင်
ပုတ်သင်လိုလူစားမျိုးဒိလိုကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။သူ
များပြောတိုင်းခေါင်းညိတ်တတ်တယ်၊ဘယ်သူကပြောပြော “အေးလုပ်လိုက်ဆို
တာချည်းပဲ” အဲဒီလိုလူမျိုးကိုဆရာတင်မိပြန်ရင်လည်းငါးပါးမကဘူးဆယ့်ငါးပါးလောက်မှောက်လိမ့်မယ်.
၃။ကိုင်းပင်
ဒီလိုလူကတော့ ခပ်ညံ့ညံ့လူစားမျိုး။ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။
ကိုယ်ပိုင်ရပ်တည်မှုမရှိဘူး။နေရာတကာရေလိုက်ငါးလိုက် ဆိုတဲ့ လူစားမျိုး၊အဆွယ်
ကောင်းရင် ပါသွားတာချည်းပဲ၊ကောင်းတာဆိုလည်းအဆွယ်ကောင်းရင် လုပ်တယ်။
မကောင်းတာဆိုရင်လည်းမက်လုံးကောင်းရင် လုပ်တယ်။ပျော့ညံ့တဲ့ လူစားမျိုး ၊ဒီလို
လူစားမျိုးကိုလည်းဆရာတစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ပါဘူး။
၄။နွားသိုး
နွားသိုးနဲ့တူနဲလူမျိုးဒီလိုကောင်ကတော့ ဘာမဆိုအမှာအမှန်မဝေခွဲဘူး။နေရာတကာ
ရှူးရှူးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။နှလုံးနည်းပြီး၊လက်ရုံးရည် အားကိုတဲ့ လူစားမျိုး
ပေါ့။ဒီလိုလူမျိုးကိုခေါင်းဆောင်တင်မိရင်လည်းအားလုံးပျက်စီးဖို့များပါတယ်။
၅၊လိပ်
လိပ်နဲ့တူတဲ့လူမျိုးဒီလိုလူစားမျိုးကတော့  အတ္တကြီးတဲ့လူစားပါ။ဘာမဆိုသူ့အတွက်ပဲ
သိတယ်။ “ငါခေါင်းဆောင် ၊ငါပေးမှမင်းတို့ရမယ်၊ငါပြီးမှပြီးမယ်”ဆိုတဲ့လူစားမျိုး၊
ကိုယ်ကျိုးစီးပွားပဲသိတယ်။အများအတွက် ထည့်မတွက်တတ်တဲ့ လူစားမျိုး။(ပရဟိတ
စိတ်မတင်စားတဲ့ လူစားမျိုး)
၆။ခွေးအ
ခွေးအနဲ့တူတဲ့လူမျိုးဒီလိုလူစားမျိုးကတော့ ကောက်ကျစ်တယ်။ဘယ်နေရာမဆိုနည်း
မှန်၊လမ်းမှန်ကမသွားတတ်ဘူး။ဘယ်သူ့ကိုမဆိုလှည့်စားလိုက်ရမှ စားဝင်အိပ်ပျော်တဲ့လူ
မျိုး။ကိုယ့်လက်အောက်ငယ်သားကိုကိုယ့်လက်ခုတ်ထဲကရေလို ၊ကိုယ်လိုတဲ့ နေရာမှာပဲ
အသုံးချတတ်တယ်။
ကဲ……ခေါင်းဆောင်များစဉ်းစားကြည့်ပါ။ ငါဘယ်နံပါတ်နဲ့ငြိနေလည်းဆိုတာ။ဘယ်နံ
ပါတ်နဲ့မှမငြိဘူးဆိုရင်တော့ သင်လူကောင်းဖြစ်ပြီး၊ခေါင်းဆောင်ကောင်းဖြစ်၊မဖြစ်တော့
နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီးတိုက်ဆိုင်ကြည့်ရပါမယ်။
(သိင်္ဂါလောဝါဒသုတ်ကိုကိုးကားပါသည်)

Credit-အလင်းအိမ်(စေတနာပန်းခင်း)
                                   ~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment