(၁)ငါးများများစားပေးပါ။ငါများမှာမျက်လုံးထဲကမျက်ရည်ခမ်းချောက်ခြင်းကို
တားဆီး
ပေနိုင်တဲ့ Omega-3 Fatty Acid
များစွာပါဝင်ပါတယ်။ငါးမကြိုက်သူများ ငါးကြီးဆီ
ဆေးလုံးများကို အသုံးပြုနိုင်ပါတယ်။
(၂)ရေကုမယ်ဆိုရင် ရေကူမျက်မှန်တပ်ပြီးကူရင်
ပိုကောင်းပါတယ်။ရေထဲက ကလိုရင်း
ဓါတ်တွေကို အကာအကွယ်ပေးတယ်။ဆောက်လုပ်ရေး၊စက်ပြင်ဆရာတို့
ဆိုရင်လည်း
အကာအကွယ်မျက်မှန်တပ်ပြီး အလုပ်လုပ်သင့်ပါတယ်။မတော်တဆထိခိုက်နိုင်လို့
Corner လို့ ခေါ်တဲ့ မျက်ကြည်လွှာကို
ထိခိုက်စေနိုင်လို့ဖြစ်ပါတယ်။
(၃)ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို
မျက်နှာတည့်တည့်မချိန်ထားဘဲ
ခြေထောက်လောက်ကို ထိုးချိန်ထားပါ။မျက်နှာတည့်တည့်ချိန်ထားရင်
လေအေးပေးစက်
ကထွက်လာတဲ့လေဟာ မျက်လုံးထဲက မျက်ရည်တွေကို
ရေမြှပ်လို စုပ်ယူတတ်ပါတယ်။
ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ချိန်ထားပါ။မျက်ရည်ခမ်းခြောက်တာများရင်
မျက်
ကြည်လွှာပျက်စီးတတ်ရုံမက ကြာရင်
မျက်စိပါကွယ်သွားနိုင်ပါတယ်။
(၄)ဟင်းချက်လျှင် အခြားကြက်သွန်ဖြူထက်
ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ
မျက်စိတိန်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုး
ပါဝင်ပါတယ်။
(၅)အိမ်အပြင်နေပူထဲသွားလျှင် နေကာမျက်မှန်တပ်ပေးပါ။စူးရှတဲ့နေရောင်ခြည်ကို
ကာ
ကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာတတ်တဲ့
မျက်ရည်ခမ်းခြောက်
ခြင်းကိုလည်းကာကွယ်ပေးပါတယ်။
(၆)ညစာစားတဲ့အခါ စိမ်းစားဥစားပေးသင့်ပါတယ်၊စိမ်းစားဥမှာ
ညမြင်ကွင်းကိုပိုကောင်း
စေတဲ့ Vitamin A ပါဝင်ပါတယ်။
(၇)ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက
မိတ်ကပ်တွေကို ဖယ်ရှားပေးပါ။မိတ်ကပ်အ
ပိုင်းအစလေးတွေဟာ မျက်ကြည်လွှာကို
ခြစ်မိနိုင်လို့ဖြစ်ပါတယ်။
(၈)သန့်ရှင်းတဲ့မျက်နှာသုတ် ပုဝါကိုသုံးပါ။အခြားလူတွေ
သုံးတဲ့မျက်နှာသုတ်ပုဝါကို မ
သုံးပါနှင့်။Conjunctivitus လို့ခေါ်တဲ့
ကူးစက်မြန်မျက်စိရောဂါဖြစ်စေတတ်လို့ပါ။
(၉)စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင်
မီးနစ်သုံးဆယ်ပြည့်တိုင်း
စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို
စက္ကန့် သုံးဆယ်လောက်ကြည့် သင့်တယ်။
(နာရီသံပါတ်ပေးပြီးနှိုးဆော်ပါ)
(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်သင့်ပါတယ်။သွေးပေါင်ချိန်မြင့်လျှင်
မျက်စိထဲက
သွေးကြောတွေကို ဒုက္ခပေးနိုင်လို့ပါ။
(၁၁)စံပယ်ရနံ့ပါတဲ့ ရေမွှေး သုံးပေးလျှင်
မျက်စိအားကောင်းစေနိုင်ပါတယ်။စံပယ်ရနံ့
ဟာဦးနှောက်ရှေ့ပိုင်းက Beta လှိုင်းတွေကို
ဖြစ်ပေါ်စေပြီး နိုးကြားထက်မြက်မှုနဲ့ မျက်
စိအားကောင်းခြင်းတို့ ကိုဖြစ်ပေါ်စေပါတယ်။
(၁၂)ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးသင့်ပါတယ်။အရောင်
သွေဖယ်မှုနည်းတယ်။ယာဉ်မောင်းတဲ့အခါ
ပိုအရေးကြီးပါတယ်။
(၁၃)အငန်လျှော့စားသင့်ပါတယ်။ အငန်ဓါတ်များလျှင်
မျက်စိမှာတိမ်ဖြစ်ဖို့ အခြေအနေ
ပိုပေးတတ်ပါတယ်။ဆားလျှော့စားသင်ပါတယ်။
No comments:
Post a Comment