Twitter Bird Gadget

Sunday, September 21, 2014

“အောင်ပွဲရဖို့အတွက် ပေါင်းစုမှုရဲ့ သဘောနဲ့ကတိတည်မှု”



 #Q-အဲဒီလိုလုပ်ဖို့အတွက် စည်းလုံးမှုလိုမှာပေါ့ အစ်ကို။

#A-အဲ့ဒီတော့ ကျနော်စဉ်းစားမိသလောက်ကအကြောင်းအရာတွေအပေါ်မှာမူတည်ပြီး
တော့ တူညီတဲ့လူတွေဟာပေါင်းနိုင်ရမယ်။ကျွန်တော်တို့ တူညီတဲ့အချက်တွေမှာပေါင်းလို့
ရမယ်။ပေါင်းတဲ့အခါမှာတစ်ချို့ကျတော့ စိတ်ကူးစိတ်သန်းကောင်းတယ်။ဒါပေမဲ့ လက်
တွေ့မှာမပါဝင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ တစ်ကယ်လို့များအဲဒီရလဒ်ဟာဆိုးခဲ့ရင်
ဆိုတဲ့ အတွေးမျိုးရှိနေတတ်တယ်။အဲဒီအခါကျတော့ သူကမသိမသာလေးနဲ့လှမ်းပြော
လိုက်ပြီးတော့ သူတစ်ကယ်ကျတော့ မပါတော့ဘူး။
ကျွန်တော်တို့ဟာမတရားမှု၊မသမာမှုတွေနဲ့ကြုံရတိုင် စုပေါင်းပြီးရင်ဆိုင်မယ်လို့ ချိန်းဆို
လိုက်ရင် အဲဒီအချိန်ဆိုတဲ့နေ့ရောက်တဲ့ အခါကျတော့ ပျက်ကွက်နေတဲ့လူတွေအင်မတန်
များတယ်။ပထမတော့ လက်ခမောင်းခတ်ကြတယ်။ငါပါမယ်လို့စာရင်းပေးတယ်။သူက
ကြားထဲမှာစဉ်းစားပြီးအဲဒီညမှာအိပ်မပျော်ဘဲနဲ့ ငါတို့မနိုင်ခဲ့ရင် ၊အရေးနိမ့်ခဲ့ရင် လို့တွေး
ပြီးတော့ ငါမပါရင်လည်းရပါတယ်။ဘယ်သူမျမသိပါဘူး။ရလဒ်ကောင်းသွားရင်တော့
ငါလည်းရမယ်လေဆိုတာမျိုးဆိုတော့ မအောင်မြင်တာများတယ်။အဲဒါတစ်ဦးချင်းကိစ္စ
တွေပဲ။အဲဒီလိုပင်လျှင် တာဝန်ခံမှုလျှော့ နေတာကိုပြနေတယ်။အဲဒီနေ့ကျရင် ထွက်ခဲ့မယ်
လို့ သဘောတူပြီးရင် အကုန်ထွက်ကိုထွက်ရမယ်။အဲဒါကတိတည်တဲ့ကိစ္စ၊တာဝန်ခံရဲတဲ့
ကိစ္စပဲ၊လူကြီးလူကောင်းကတိဖြစ်ဖို့လိုတာပေါ့။

“ကျွန်တော်တို့ကမေးခွန်းထုတ်တဲ့ မျိုးဆက်သစ်တွေကိုလိုချင်တာဆိုတဲ့ ကိုမင်းကိုနိုင်
နှင့်တွေ့ဆုံခြင်း”

“လူငယ်နှင့် ဦးဆောင်မှု”

[ 2014  September လထုတ် Eternal Light Magazine မှကောက်နှုတ်ချက် ]
                          ##################################

No comments:

Post a Comment