Twitter Bird Gadget

Saturday, September 13, 2014

နေကြာဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူး



နေကြာဆီမှာသင့်ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရန်အတွက် အာနိသင်အများအပြားပါဝင်ပါတယ်။လူအ
များစုဟာနေကြာဆီရဲ့ သဘာဝအကျိုးကျေးဇူးတွေကိုသတိမမူတတ်ကြပါဘူး။ဟင်လျာချက်ပြုတ်ရာ
မှာရေပန်းစာတဲ့ဆီမဟုတ်ပေမယ့် နေကြာဆီမှာသဘာဝအရသာကိုပေးစွမ်းနိုင်ရုံသာမကအောက်ပါ
ကျန်းမာရေးအထောက်အကူပြုမှုတွေကိုလည်းရရှိစေနိုင်ပါတယ်။

(၁)နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
နေကြာဆီမှာနှလုံးသွေးကြောကျဉ်းရောဂါဖြစ်တိုင်ခြေကိုလျော့ကျစေသလိုနှလုံးရောဂါထတာ (Heart
Attack)ဖြစ်နှုန်းကိုလည်းလျော့ကျစေပါတယ်။

(၂)သဘာဝစွမ်းအင်ရရှိခြင်း
နေကြာဆီဟာသဘာစွမ်းအင်အများအပြားပေးနိုင်ပါတယ်။နေ့လယ်စာအဖြစ်စားတဲ့ ဟင်းရွက်သုတ်ထဲ
မှာနေကြာဆီအနည်းငယ်ထည့်စားဖြင့် အလုပ်နှင့်ကျောင်းမှာသဘာဝအတိုင်းစွမ်းအင်ပြည့်ဝနေစေပါ
တယ်။

(၃)မွေးကင်းစကလေးငယ်များတွင် ပိုးဝင်ကူစက်နှုန်း လျှော့ကျခြင်း
မွေးကင်းစအရွယ် ပေါင်မပြည့်တဲ့ကလေးတွေနဲ့ လမစေ့ကလေးတွေမှာနေကြာဆီစားသုံးတာကကြောင့်
ကူးစက်ပိုးဝင်နိုင်ခြေကို လျှော့ကျစေပါတယ်။ပေါင်မပြည့် ၊လမစေ့တဲ့ ကလေးတွေဟာမရေပြားနှင့်ကိုယ်
အင်္ဂါအစိတ်အပိုင်းတွေမဖွံဖြိုးသေးတဲ့အတွက် ကူစက်ပိုးဝင်နိုင်ခြေများပါတယ်။နေကြာဆီစားတာ
ကြောင့် ကူစက်ပိုးဝင်မှုကိုကာကွယ်ပေးနိုင်စွမ်းပိုရှိပါတယ်။

(၄)အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
နေကြာဆီမှာကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကိုချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။အကြောင်း
ကတော့ နေကြာဆီထဲမှာဗိုက်တာမင်အီး၊ဒါမှမဟုတ် တိုကိုဖီရောတို့ ပါဝင်တဲ့အတွက် ဖြစ်ပါတယ်။ဖရီး
ရယ်ဒီကယ်ဟာကိုယ်ခံစွမ်းအားစနစ် ကိုထိခိုက်စေနိုင်ပါတယ်။

(၅)သဘာဝအင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
နေကြာဆီမှာဗိုက်တာမင်ပါဝင်မှုမြင့်မားတာကြောင့် သဘာဝအင်တီအောက်ဆီဒင့် ဂုဏ်သတ္တိရှိပါတယ်။
(၆)သညာဝအစိုဓာတ် ထိန်းနိုင်စွမ်းရှိခြင်း
နေကြာဆီမှာပါတဲ့ ဗိုက်တာမင်အီးမှာအသားအရေအတွက် အစိုဓာတ်ထိန်းခရင်မ်လိုအသုံးဝင်ပြီးအသား
အရေဆဲလ်တွေအတွက် ရေဓာတ် ထိန်းသိမ်းနိုင်စွမ်းကိုကောင်းမွန်စေပါတယ်။

(၇)အဆစ်ရောင်နာမဖြစ်စေရန် ကာကွယ်ခြင်း
အဆစ်ရောင်နာရောဂါနဲ့ ပတ်သက်ပြီးစိုးရိမ်တယ်ဆိုရင် နေကြာဆီကအဆစ်ရောင်နာရောဂါမဖြစ်
အောင် ကာကွယ်နိုင်ပါတယ်။နေကြာဆီကိုမှန်မှန်မှီဝဲခြင်ကြောင့် ရူမတွိုက်အဆစ်ရောင်နာမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

(၈)ပန်းနာရင်ကျပ်ရောဂါနှင့် အူမကြီးကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်ခြင်း
ရူးမတွိုက်အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်တဲ့အပြင် နေကြာဆီမှာပန်းနာရင်ကျပ်ရောဂါနဲ့အူမကြီး
ကင်ဆာမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။နေကြာဆီကိုသင်စားသုံးမည့်ဟင်းလျှာထဲပုံမှန်
ထည့်ချက်ပြုတ်ခြင်းကြောင့် အူမကြီးကင်ဆာကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၉)နာဗ့်ကြောစနစ် ကျန်းမာစေရန်အားပေးခြင်း
နေကြာဆီမှာပါဝင်တဲ့ ဗိုက်တာမင်ဘီမှာနာဗ့်ကြောစနစ်ကျန်းမာရေး၊အစာခြေစနစ်ကောင်းမွန်ရေးတို့အ
တွက်သင့်တော်သလိုစွမ်းအင်ထုတ်လုပ်ပေးမှုမှာအရေးပါတဲ့ဆီဖြစ်ပါတယ်။

(၁၀)သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျစေခြင်း
နေကြာဆီမှာပါတဲ့ လက်ဆီသင်မှာသွေးတွင်းကိုလက်စထရောအဆင့်ကိုလျော့နည်းအောင် ကူညီပေးပါတယ်။ လက်ဆီသင်ဟာနာဗ့်ကြောနှင့် ဆဲလ်လိုင်းနင်တွေမှာကပ်ငြိပြီးအဆီနှင့် ကိုလက်စ
ထရောတွေကိုဆဲလ်တွေနဲ့ ကပ်ငြိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၁၁)အခြားကင်ဆာရောဂါများကိုကာကွယ်ပေးနိုင်ခြင်း
နေကြာဆီမှာတွေ့ရတဲ့ ကာရိုတီးနွိုက်ဟာသားအိမ်၊အဆုပ်နဲ့ အရေပြားကင်ဆာတွေမဖြစ်အောင်ကာ
ကွယ်ပေးသလိုအတွင်းတိမ်ရောဂါမဖြစ်အောင် လည်းကာကွယ်ပေးနိုင်ပါတယ်။

(၁၂)နှလုံးပြဿနာများကိုလျော့ကျစေခြင်း
ဟင်းလျာထဲမှာနေကြာဆီထည့် စားသုံးခြင်းကြောင့် ဆီလီနီယမ်ဓာတ်များရရှိစေပါတယ်။သွေးထဲမှာ
ဆီလီနီယမ်ဓာတ်မြင့်မားလေလေ ၊အဆုပ်နှင့် အရေပြားကင်ဆာဖြစ်တိုင်ခြေလျော့ကျလေလေဖြစ်ပါ
တယ်။ဒါ့အပြင် နှလုံးပြဿနာတွေနဲ့ အသည်းထိခိုက်မှုဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

(၁၃)ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ပေးခြင်း
နေကြာဆီမှာပါတဲ့ ပရိုတင်းဓာတ်ဟာတစ်သျှူးတွေတည်ဆောက်ပြုပြင်ရေးနှင့်ဟောမုန်းဓာတ်၊အင်ဇိုင်း
ဓာတ် ထုတ်လုပ်ရေးတို့မှာလည်းပါဝင်လုပ်ဆောင်ပါသေးတယ်။ဒါကြောင့်နေကြာဆီမှာပရိုတင်းဓာတ်
တွေ့ရတဲ့အတွက် ခန္ဓာကိုယ်ပြန်လည်ပြုပြင်ရေးတို့အတွက် အရေးပါပါတယ်။

(၁၄)ကြီးမားသောကိုယ်ခံစွမ်းအားစနစ်ကိုထိန်းသိမ်းပေးခြင်း
နေကြာဆီရဲ့ တခြားအကျိုးကျေးဇူးတွေကတော့ ဇင့်(သွပ်)ပါဝင်တာပံဖြစ်ပါတယ်။ဇင့်ဓာတ်မှာကိုယ်ခံ
စွမ်းအားစနစ်ကိုကျန်းမာစေတဲ့အတွက် အနာကျက်စေနိုင်ပါတယ်။ဇင့် (သွပ်)ဓာတ်ဟာအနံ့နှင့်အရသာ
ခံအာရုံကိုလည်းကောင်းမွန်ထိန်းသိမ်းပေးနိုင်ပါတယ်။

(၁၅)ဆဲလ်သစ်များဖြစ်ပေါ်စေရန်ကူညီပေးခြင်း
နေကြာဆီမှာပါဝင်တဲ့ ဖောလစ်အက်စစ်ဟာခန္ဓာကိုယ်ကနေဆဲလ်သစ်တွေထပ်မံထွက်ရှိစေဖို့ ကူညီ
ပေးပါတယ်။

Good Health

No comments:

Post a Comment