Twitter Bird Gadget

Saturday, September 13, 2014

သွေးတိုးကျစေတဲ့ သံလွင်ဆီ




မြေထဲပင်လယ်ဒေသတွေမှာအစားအစာတိုင်းတွင် ပင်တိုင်အမယ်တစ်ခုအဖြစ် ကာလ
ရှည်ကြာစွာရှိခဲ့တဲ့ သံလွင်ဆီဟာသွေးထဲရှိအဆီများအပေါ် ကောင်းမွန်တဲ့အကျိုးသက်
ရောက်မှုများရှိပြီးသွေးပေါင်ချိန်ကျဆင်းစေကြောင်းပြသထားရှိပါတယ်။
ကမ္ဘာကျန်းမာရေးအဖွဲ့အဆိုအရလေဖြတ်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်းနှင့် နှလုံးရောဂါရဲ့ ၅၀
ရာခိုင်နှုန်းလောက်ကိုသွေးတိုးရောဂါကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။သွေးတိုးရောဂါ
ဟာကမ္ဘာတစ်ဝှမ်းရှိလူသေဆုံးမှု ၇.၁ သန်းရဲ့ အဓိကတရားခံလို့ ခန့်မှန်းရပါတယ်။
မကြာသေးမှီကလေ့လာဆန်းစစ်မှုတစ်ခုအရသံလွင်ဆီစားသုံးမှုသည် အပေါ်သွေးနှင့်
အောက်သွေးနှစ်မျိုးစလုံးနဲ့ ပြောင်ပြန်အချိုးကျတဲ့ ဆက်နွယ်မှုရှိကြောင်းသိရပါတယ်။
အဓိပ္ပါယ်ကတော့ သံလါင်ဆီပိုစားသုံးလေသွေးပေါင်ချိန်ပိုကျပါပဲ။ သံလွင်ဆီကိုချက်
ပြုတ်ရာနှင့် အသုတ်များမှာအသုံးပြုတိုင်ပါတယ်။

ကျန်းမာရေးနှင့်အစားအသောက်

No comments:

Post a Comment