Ritot စမတ်နာရီ သို့မဟုတ် စမတ်လက်ပတ်သည် အချိန်၊ ဝင်လာတဲ့ ဖုန်း၊ အီးမေးနှင့် Facebook , Twitter တို့မှ အချက်ပြမှုများကို သင့်လက်ပေါ်တွင် ပြသပေးနိုင်ပါတယ်။
Ritot ဟာ လက်ပေါ်မှာ သတင်းအချက်အလက်များကို ပြသပေးနိုင်တဲ့ ပထမဆုံး စမတ်နာရီလို့ ကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီက စမတ်နာရီကို ပြသခြင်းတော့ မရှိသေးပေမယ့် လူအများက ရန်ပုံငွေ ထည့်ဝင်ရတဲ့ Indiegogo ဝက်ဆိုက်မှာ ဒေါ်လာ ၃၇၅၀၀၀ ရရှိနေပါပြီ။ ဒီနည်းပညာဟာ လူတွေလိုအပ်နေတယ်ဆိုတာ သေချာတဲ့သဘောပါပဲ။
Ritot ဟာ လက်ပေါ်မှာ သတင်းအချက်အလက်များ ပြသပေးဖို့ အလင်းရောင်ကို အသုုံးပြုတာပါ။ စမတ်နာရီကို အမျိုးုအစားနှစ်ခု ပြုလုပ်ပေးထားပါတယ်။ တစ်မျိုးမှာ အဖြူ၊ အနက်၊ ရွှေညိုနဲ့ ရွှေနက် စတဲ့ အရောင်များနဲ့ အရွယ်လေးမျိုး ထုတ်လုပ်ပေးထားပြီး ကျား မ ဝတ်ဆင်နိုင်တဲ့ အလူမီနီယမ် အမျိုးအစား ဖြစ်ပါတယ်။ နောက်တစ်မျိုးက အနက်၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အဝါရောင်များနဲ့ ပလတ်စတစ်ဖြင့် ပြုလုပ်ထားတဲ့ Sport Band ဖြစ်ပါတယ်။ နှစ်ခုစလုံးကို ဒေါ်လာ ၁၂၀ ဖြင့် ရောင်းချမှာ ဖြစ်ပြီး ရန်ပုံငွေ ထည့်ဝင်ထားသူများကို ၂၀၁၅ ခုနှစ် အစောပိုင်းမှာ ပို့ဆောင်ပေးမှာပါ။
စမတ်နာရီကို စမတ်ဖုန်းနှင့် ချိတ်ဆက်ရမှာ ဖြစ်ပြီး အချက်ပြမှုများဝင်လာလျှင် တုန်ခါအသိပေးနိုင်သလို လက်ပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ ပြသပေးမှာဖြစ်ပါတယ်။ Facebook မှာ Friend Request ရရှိလျှင် သင့်လက်ပေါ်မှာ မြင်တွေ့ရမှာပါ။
အချက်ပြမှုများကို လက်ပေါ်မှ ဖယ်ရှားဖို့အတွက် လက်ကို လှုပ်ခါနိုင်သလို ဆယ်စက္ကန့်ကြာလျှင် အလိုအလျှောက် ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ စမတ်နာရီမှာ ထိတွေ့သုံးနိုင်တဲ့ ခလုတ်တစ်ခုပါရှိပြီး အလင်းရောင် ထုတ်လွှင့်မှုကို ချိန်ညှိနိုင်ပါတယ်။
Ritot ဟာ iOS, Android , Windows Phone များနဲ့ တွဲဖက်သုံးနိုင်ပြီး ကြိုးမဲ့ အားသွင်းစက်ပါရှိပါတယ်။ အားသွင်းစက်မှာ နာရီက လက်ပေါ်မှာ ပြသပေးမယ့် အရောင်ကို ရွေးချယ်နိုင်ပါတယ်။ အရောင် ၂၀ ရွေးချယ်နိုင်မှာပါ။
စမတ်နာရီရဲ့ အလုပ်လုပ်ပုံကို အောက်မှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=OfmReO31grA
No comments:
Post a Comment