Twitter Bird Gadget

Wednesday, July 30, 2014

“(သနားစိတ် နှင့် စာနာစိတ် )Sympathy Vs Empathy”



 ဆေးလောကမှာ တူသလိုလိုနဲ့ ကွဲပြားတဲ့ ဝေါဟာရ နှစ်ခုရှိတယ်။ ကွဲပြားပေမဲ့ တွဲသွားတာနှစ်ခုလဲ ဖြစ်ကြတယ်။

လူနာတဦးရဲ့ ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင် လုပ်ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက် ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy ခေါ်ပါရစေ။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ် ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေးမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုးနဲ့၊ အသိဉာဏ်ကလာတဲ့ ပရဟိတ သဘောလဲ ဖြစ်ပါတယ်။ စိတ်လှုတ်ရှားမှုအရ ပြောရရင် Empathy က နီးနီးကပ်ကပ် ဆက်စပ်မှုဖြစ်ပြီး၊ Sympathy က စောင့်ရှောက်မှုပေးခြင်းသဘော ဆောင်ပါတယ်။

ဥပမာ -

“ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောတာရယ် ကိုယ်အမူအယာပြတာရယ်က Empathy စိတ်။

“ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလို အကောင်းဆုံးလုပ်ပေးပါမယ်”လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်အရပါ။

နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘော ဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ Community/Minority လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်ကတော့ Empathy လို တဖက်သား အနားမှာရှိနေမှ ဖြစ်တတ်တာ မဟုတ်ပါ။

Sympathy စိတ်နဲ့ Empathy စိတ်ဟာ ဆက်စပ်နေတယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေပါတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး၊ ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး၊ (ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာခံစားမှုရဲ့ အရည်အသွေး (ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ၊) ဆိုတာကို မျှဝေခံစားတာမျိုးမို့ မတူကြပါဘူး။

ဒါ့ကြောင့် Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy စိတ်ကဲသွားရင် ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက်၊ ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။

တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ် များတာက (ဂ)ငယ်မျဉ်းလို၊ အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုးဖြစ်တယ်။

ဟောပြောပွဲတခုမှာ -

တယောက်က“ဘာသာရပ်ကို ဟောပြောသူ ဘယ် လောက် ဂရုတစိုက် လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ ပြောမယ်။

နောက်တယောက်က“ငါတော့ ဟောပြောတဲ့လူ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့ အပေါ် only sympathize သနားတောင် သနားသေး။”လို့ မှတ်ချက်ပေးတာမျိုး။

အခြေအနေတခုမှာ empathetic ဖြစ်ပေမဲ့ sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က “သူခင်မြာ ဖြစ်မှဖြစ်ရပလေ”ဆိုပြီး၊ sympathy ဖြစ်မနေတော့ဘဲ၊ “ဘာ့လို့ ဒီလို ဖြစ်သွားရတာသလဲ”လို့ စောကြော ဆန်းစစ်တာဟာ empathetic စိတ်နဲ့ လုပ်တာပါ။ ကုန်ကုန်ပြောရရင် ရင်ခွဲရုံမှာ သေဆုံးရတဲ့ အကြောင်းရင်း ရှာတာမျိုးကလဲ ဒါဘဲ။ sympathy စိတ်မှ မလိုတော့ဘဲကိုး။

ဒါ့ကြောင့် ကိုယ်ကုနေတဲ့ လူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ empathetic ရော၊ sympathetic ရော နှစ်ခုလုံးဖြစ်ရပါတယ်။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ။ နောက် မတူတာ တခုကတော့ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့ မရပါ။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

                         ^^^^^^^^^^^^^^^^^^^^^^^^^

                          ဖတ်မိသမျှှ ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။

No comments:

Post a Comment