Twitter Bird Gadget

Friday, August 1, 2014

Android L နှင့် Android 4.4 KitKat တို့၏ ကွာခြားချက်များ


စမတ်ဖုန်းများနှင့် tablet များအတွက် Android L ကို Google က Google I/O 2014 မှာ မိတ်ဆက်ပေးခဲ့သည်။ လက်ရှိတွင် Android L ကို developer preview အနေဖြင့်သာ အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် အသစ်ထွက်ရှိလာမည့် Android L နှင့် Android 4.4 KitKat တို့အကြား ကွာခြားချက်များကို နှိုင်းယှဉ် ဖော်ပြလိုက်ပါသည်။

 Availability

android L ဟုခေါ်ဆိုသော နောက်ဆုံးပေါ် Android operating system ကို မကြာမီကာလအတွင်း အသုံးပြုနိုင်တော့မည် ဖြစ်သည်။ L ဆိုသည်မှာ Google ၏ အင်္ဂလိပ် အက္ခရာ အစဉ်အလိုက်အတိုင်း ပေးထားသည့် နာမည်ဖြစ်သည်။ Lollipop သည် ရေပန်းအစားဆုံး အမည် ဖြစ်သော်လည်း တရားဝင်အမည်ကို Google က ကြေညာထားခြင်း မရှိသေးပေ။ ထို့အပြင် ဗားရှင်းအသစ်၏ အမည်ကို Lucky Charms ဟုလည်း ခေါ်ဆိုဖွယ်ရှိသည်။ Android L အသုံးပြုထားသည့် Nexus ထုတ်ကုန်ကိုလည်း Google က မိတ်ဆက်ပေးဖွယ်ရှိသည်။ Android 4.4 KitKat ကို အသုံးပြုနေသူသည် Android L ကို ရရှိနိုင်မည့် အခွင့်အရေးရှိသည်။ သို့သော်လည်း Android L ကို upgrade ပြုလုပ်ရာတွင် လိုအပ်ချက်များ ရှိနိုင်သောကြောင့် အာမခံချက် မရှိပါ။

Design

Android L တွင် မိုဘိုင်း operating system အတွက် ဒီဇိုင်းပြောင်းလဲမှု အများအပြား ပြုလုပ်ထားသည်။ Google သည် Android အတွက် Material Design သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် developer များက Android app များ ရေးဆွဲရာတွင် လွယ်ကူစွာဖြင့် ပြုလုပ်စေနိုင်သည်။ Android L တွင် OS ကို ကွဲပြားအောင် ပြုလုပ်ပေးနိုင်သည့် animation သစ် အများအပြား ပါယင်လာပြီး ဖော်ပြထားသည့် content အပေါ်မူတည်ပြီး touch အရောင်များကို အလိုအလျောက် ဖန်တီးပေးမည် ဖြစ်သည်။ ထို့အပြင် ဒီဇိုင်းအပြောင်းအလဲများစွာ ပြုလုပ်ထားပြီး ၎င်းတို့ကို interface ကို မြင်သည်နှင့် သိသာထင်ရှားစွာ တွေ့နိုင်သည်။

Lockscreen

Lockscreen သည် Android L တွင် သိသိသာသာ ကွဲပြားလာပြီး notification များကိုလည်း ဖော်ပြပေးနိုင်သည်။ အပေါ်ဘက်သို့ swipe လုပ်ကာ unlock ပြုလုပ်နိုင်ပြီး ဘယ်ဘက်သို့ swipe လုပ်သည့်အခါ ကင်မရာ ပေါ်လာမည်ဖြစ်သည်။ ညာဘက်သို့ swipe လုပ်ရာတွင် dialer ပေါ်လာမည် ဖြစ်သည်။ ၎င်းသည် feature အသစ်ဖြစ်သည်။

Homescreen

Android L တွင် Homescreen ၌ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားပြီး icon သစ်များကို အသုံးပြုထားသည်။ Navigation ခလုတ်များအတွက် ပုံစံပြောင်းလဲထားပြီး back အတွက် တြိဂံ၊ home အတွက် စက်ဝိုင်းနှင့် recent apps အတွက် စတုရန်းပုံဖြင့် ပြောင်းလဲထားသည်။

Multi-tasking

Recent apps ကို ဖွင့်လိုက်သည့်အခါ ဖွင့်ထားသည့် app များကို ယခင်က 2D ဖြင့် ဖော်ပြပေးသော်လည်း Android L တွင် 3D ပုံစံဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ App တစ်ခုချင်းစီကို ကတ်တစ်ခုအနေဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ၎င်းတို့ကို ပိတ်လိုသည့်အခါ X ခလုတ်ကို နှိပ်ပြီး ပိတ်နိုင်သလို ဘေးဘက်သို့ swipe လုပ်ပြီး ပိတ်နိုင်သည်။ ၎င်း feature သစ်သည် Chrome တွင် ပါဝင်သော feature နှင့် ဆင်တူသည်။

Notification bar

Drop down notification bar ဒီဇိုင်းကိုလည်း ပြောင်းလဲထားပြီး Material Design ကြောင့် လုံးဝကွဲပြားသော အပြင်အဆင်ဖြင့် အသုံးပြုနို်ငမည် ဖြစ်သည်။ Screen ၏ ထိပ်ဘက်မှ အောက်ဘက်သို့ swipe လုပ်ပြီး notification bar ကို အသုံးပြုနိုင်သည်မှာ ပုံမှန်ပြုလုပ်သည့် အလေ့အထ ဖြစ်သော်လည်း quick settings ကို အသုံးပြုလိုသည့်အခါ စက်သွားပုံ ခလုတ်ကို နှိပ်စရာမလိုဘဲ ဒုတိယအကြိမ် swipe လုပ်ခြင်းဖြင့် အလျင်အမြန် အသုံးပြုနိုင်သည်။ Quick settings တွင် screen brightness slider, notifications နှင့် cast screen တို့ပါဝင်သည်။

Notifications

Lockscreen နှင့် notification bar တွင် တွေ့မြင်နိုင်သည့် notification များသည်လည်း Android ပေါ်တွင် အတန်ငယ် ကွဲပြားသည်။ Notification များကို ဦးစားပေး သတ်မှတ်ထားနိုင်ပြီး သက်ဆိုင်ရာ app နှင့် ဖွင့်လိုသည့်အခါ notification ပေါ်တွင် နှစ်ချက်နှိပ်ရုံဖြင့် ဖွင့်နိုင်သည်။

Performance

Android L တွင် ဒီဇိုင်း ပြောင်းလဲမှု အများအပြား ပြုလုပ်ထားသလို အခြားသော အရာများကိုလည်း အပြောင်းအလဲများ ပြုလုပ်ထားသည်။ Google သည် Dalvik မှ ART (Android runtime) သို့ ပြောင်းလဲ အသုံးပြုခဲ့သောကြောင့် စွမ်းဆောင်ရည် နှစ်ဆပိုမိုလျင်မြန်လာခဲ့သည်။

Android L developer preview ကို Nexus 5 ပေါ်တွင် အသုံးပြုသည့်အခါ KitKat ထက် ပိုမိုချောမွေ့စွာဖြင့် အသုံးပြုနိုင်သည်ဟု ဆိုသည်။ အခြားသော စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှု အနေဖြင့် 64-bit processor များအတွက် အထောက်အပံ့ပါဝင်လာသည်။

Battery life ပိုမိုထင်ရှားသည့် စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုက ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးထားခြင်း ဖြစ်သည်။ ထို့အပြင် Project Volta သည် developer များအား ဘက်ထရီ ကုန်ဆုံးလွယ်သည့် app များကို ခွဲခြားသိရှိနိုင်သောကြောင့် ပြောင်းလဲမှုများ ပြုလုပ်နိုင်စေသည်။ Android L တွင် battery saver mode သစ်ဖြင့် အသုံးပြုသည့်အခါ Nexus 5 ၏ ဘက်ထရီသက်တမ်းကို မိနစ် ၉၀ ပိုကြာစေသည်။ အခြားသော ဖုန်းများတွင်လည်း ဘက်ထရီသက်တမ်း ပိုမိုကြာရှည်လာဖွယ်ရှိသည်။

Internet Journal

                             ^^^^^^^^^^^^^^^^^^^^^^^^^^^^

No comments:

Post a Comment