နိုင်ငံတော်သမ္မတဖြစ်ချင်တာချင်း
တူပေမဲ့ ဖြစ်ချင်တဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးခြင်းတော့ ကွာခြားလိမ့်မယ်
သူတို့ဖြစ်ချင်တာက
သူတို့လုပ်လက်စ ကုမ္မဏီလုပ်ငန်း မပျက်ပျယ်အောင်
သူတို့တူးလက်စ ကျောက်စိမ်းတွေ ဆက်တူးလို့ရအောင်
သူတို့ခုတ်လက်စ သစ်တောသစ်ရိုင်းတွေ ကျန်နေသေးလို့ရယ်
ကြောင့်ဖြစ်တယ်
ဒေါ်စုသမ္မတဖြစ်ချင်တာက သူ့ကိုယ်ကျိုးအတွက်လား ?
သန်း၆၀သောပြည်သူအတွက်လား ?
ပြန်ကြည့်ရင်
ယနေ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတွက်
ရပ်တည်နေတဲ့အနေအထားဟာ
နိုင်ငံတော်သမ္မတအနေအထားထက်သာလွန်တဲ့
အဆင့်အတန်းနဲ့ကမ္ဘာအလယ်မှာသွားလာလှုပ်ရှားနေတယ်
နိုင်ငံတော်သမ္မတရဲ့အဆင့်အတန်းထက်သာလွန်တဲ့
ချစ်ခင်လေးစားမှုနဲ့ ကမ္ဘာတစ်ဝှမ်းက ဆက်ဆံနေမှတော့
ဒေါ်စု သမ္မတမဖြစ်ခဲ့ရင်တောင်
ဒေါ်စုဟာ
ဒီအနေအထားထက် ယုတ်လျော့စရာအကြောင်းမရှိဘူး
ကျနော် မြန်မာပြည်တစ်ဝှမ်းအနှံ့ စာပေဟောပြောပွဲသွားခဲ့ပါတယ်
ဖားကန့်မှာ ဒေါ်စုနာမည်နဲ့ တူးဖော်တဲ့ တွင်းမရှိပါဘူး
အဲ့လိုဘဲ ဒေါ်စုကြောင့်သိမ်းခံရတဲ့မြေ
ဒေါ်စုကြောင့်ခုတ်ထားတဲ့သစ်ရိုင်းတွေ ကျွန်းသစ်တွေ
မရှိခဲ့ပါဘူး
ဒါကြောင့် သမ္မတ အမှန်ရွေးချယ်တော့ မယ်ဆိုရင်
ခေါင်းဆောင် ကောင်းတစ်ကယ် လို လားကြမယ်ဆိုရင်
ကျနော်တို့ဟာ လွှတ်တော်မှာ ပိုင်ဆိုင်မှုကို ချပြပါလို့
တောင်းဆိုထားပါရဲ့နဲ့
ချမပြရဲတဲ့ သူတွေကို
ဆက်လက်ပြီး မူဟောင်းအတိုင်း
လုပ်ခွင့်ပေးမယ်ဆိုရလောက်တဲ့အထိ
ကျနော် တို့ မထုံထိုင်းသင့်ဘူး
ကျနော်တို့ မမိုက်သင့်ဘူးမ အ သင့်ဘူး
ဆက်ပြီးဒီအတိုင်းဘဲရှိနေအုံးမယ်ဆိုရင်
နာဂစ် တုံးကမဲပေးခဲ့သလိုဘဲ
သေသွားတဲသူတွေရဲ့ဝိညာဉ်က နိုးထလာပြီး
သူတို့အတွက်မဲပေးသွားပါလိမ့်မယ် ။
Credit _ စာရေးဆရာညီမင်းညို (စာပေဟောပြောပွဲ)
*********************************

No comments:
Post a Comment