Twitter Bird Gadget

Monday, August 18, 2014

အပြောနဲ့အလုပ်




ခင်းလိုက်တဲ့လမ်း
သိမ်းပေါင်ဘီလီယံခီလို့
ကြားရတာ ဝမ်းမြောက်စရာပဲ.
ခင်းထားတဲ့လမ်းက တကယ့်ဘဝပဲ.
အနိမ့်အမြင့်အရှိုက်အကုန်း အကွေ့အကောက်တွေနဲ့.
လှိုင်းတွေကြီးနေတဲ့ ပင်လယ်ကြီး ပေးမြင်မိတယ်
ဒါနဲ့များ လေယဉ်ဆင်းမှဆိုသတဲ့စိတ်ချ
ခင်ဗျားတို့လမ်း လေယဉ်ပေါ်ကကြည့်ရင်
မြွေလားနဂါးလား မသဲကွဲတာနဲ့ မဆင်ဘူး
ပြောချင်သေးလား? အကောင်းမမြင်ဘူးလို့
အကောင်းမြင်စေချင်ရင် ကောင်းအောင်လုပ်လေ
ကုန်ကျတာကတစ်ဆယ်ဖိုး..
စာရင်းပြတာကတစ်ရာဖိုး..
ကျုပ်တို့ငွေတွေ ……
အိတ်ကပ်ထဲကထုတ်ပေးလိုပ်ရတာမဟုတ်ပေမယ့်
အဲဒါကျုပ်တို့ရပိုင်ခွင့်တွေ
စီမံခန့်ခွဲဖို့က ခင်ဗျာတို့အလုပ်
မလုပ်တတ်ရင်ဆင်း
တည်လိုပ်တဲ့မြို့
သိန်းပေါင်းဘီလီယံချီတယ်.
နေစရာမရှိတဲ့ပြည်သူတွေ.
စားစရာမရှိတဲ့ပြည်သူတွေ..
လုပ်စရာမရှိတဲ့ပြည်သူတွေ..
စာသင်စရာ ကျောင်းမရှိတဲ့ ပြည်သူတွေ
တတိုင်းပြည်လုံးချွတ်ခြုံကျနေချိန်မှာ
အဲဒီမြို့ကြီးဆောက်မယောင်ရာဆီလူး
ဖြုန်းလိုက်တဲ့ငွေတွေ
အဲဒါတိုင်းပြည်ငွေတွေ
ကျုပ်တို့ငွေတွေ
စီမန်ခန့်ခွဲဖို့က ခင်ဗျားတို့အလုပ်
မလုပ်တတ်လျှင် ဆင်း.။
ဆယ်လိုက်တဲ့ မြောင်း
အထင်းကရ မြို့ကြီးရေမလျှံဖို့တဲ့.
သိန်းပေါင်းထောင်ချီဖြုန်ခဲ့သတဲ့..
ဒါပေမယ့် ရေကပို့လို့သာတိုး.
စနစ်မရှိ.ဇယားမရှိလုပ်ကွက်မရှိ
ပြစရာဆိုလို့ မြောင်းအိုထဲက အမှိုက်ပုံပဲရှိတယ်
ခုတ်ရာတခြားရှရာတလွဲနဲ့
ဘက်စုံတော်တဲ့ အုပ်ချုပ်သူလူကြီးမင်း
မဟုတ်ရင် တိုင်းပြည် ချိုနဲ့သားရေတောင်ကျန်ပါ့မလား
အခုတောင်အရိုးကျဲကျဲပဲရှိတော့တယ်
ခင်ဗျားတို့စိတ်အထင်..
ခင်ဗျားတို့ ပထွေးအမွေထင်နေသလား
အဲဒါတိုင်းပြည်ငွေတွေ
ကျုပ်တို့ငွေတွေ
စီမန်ခန့်ခွဲဖို့က ခင်ဗျာတို့အလုပ်
မလုပ်တတ်လျှင်ဆင်း……
ချီးလိုက်တဲ့ပိုက်ဆံ တွေ..
ရောင်းလိုက်တဲ့သယံဇာတတွေ..
ယူထားတဲ့အကူအညီတွေ
ပြည်တွင်းကအစိုးရလုပ်ငန်းတွေ
အခွန်ငွေတွ.
ဒီလောက်ဝင်ငွေကြမ်းပြီး
ဒီလောက်မွဲတဲ့နိုင်ငံမှာ
နှစ်ရှည်လများ အုပ်ချုပ်လာတာတောင်
အခုထိအရှက်မရှိသေးတာအံ့ရော
ပြောရဲသေးတယ်……
စေတနာတဲ့
အုန်းမြင့်စကားငှားပြောရရင်
ရူးလို့ပြောတာပဲ ဖြစ်မှာ

                           @@@@@@@@@@@@@@@@@@@@@

No comments:

Post a Comment