Twitter Bird Gadget

Wednesday, August 20, 2014

တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ဖို့ပြောပါရစေ



ကျနော်တို့ နိုင်ငံကိုအရမ်းဖွင့်ဖြိုးတိုးတက်စေချင်တယ်..ဘယ်လိုလုပ်ရမလည်းလို့ မေးတော့
မင်းတို့နိုင်ငံတိုးတက်ချင်တာလွယ်လွယ်လေးရယ်…ဒေါ်အောင်ဆန်းစုကြည်ကိုဘာလို့ဒီအတိုင်းကြီး
ပြစ်ထားရတာလည်း…သူတစ်ယောက်လုံးရှိနေတာပဲကွာ…သူ့ကိုနေရာပေးပြီးခိုင်းစားလိုက်စမ်းပါ
ငါတို့တိုင်းပြည်ဘာလို့မတိုးတက်ရမှာတုန်း..တစ်ကမ္ဘာလုံးကသိတဲ့အမျိုးသမီး၊တစ်ကမ္ဘာလုံးကလေး
စားတဲ့အမျိုးသမီးငါတို့တိုင်းပြည်မှာတောင် ဒီလောက်တန်ဖိုးကြီးတဲ့ အမျိုးသမီးမရှိဘူးတဲ့။နိုင်ငံခြား
သားနဲ့စကားလက်ဆုံကျခဲ့တာလေးဖောက်သည်ချရင်းလာမဲ့ ၂၀၁၅ မှာဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ခွင့်မရှိတဲ့ ပြည်သူလူထုရဲ့ထောက်ခံချက်မယူပဲကိုယ်ဖြစ်ချင်သလိုရေးဆွဲထားတဲ့၂၀၀၈ နာဂစ်အခြေခံဥပဒေကိုပြင်ဖို့ပြောချင်ပါတယ်။ သူ့ကိုသမ္မတဖြစ်စေချင်တာထက် ကျနော်တို့တိုင်ပြည်
ကောင်းစေချင်လို့ ဒီစကားပြောတာပါ။ ၂၀၁၅ မှာသူအသက် ၇၀ နော်အဖွားကြီးကျန်းမာရေး
ကောင်းနေဦးမှသူတို့တွေ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တဲ့သူတွေ လုပ်ခွင့်ရမှ ကျနော်တို့
တိုင်ပြည်ကအခြားတိုင်းပြည်ကိုအချိန်တိုအတွင်းအမှီလိုက်နိုင်မှာပါ။ လုပ်ခွင့်ရသင့်ပြီးလုပ်နိုင်ပြီး
လုပ်ခွင့်မရတာကျနော်တို့ တိုင်ပြည်ပါ။ လူငယ်တွေလုပ်နိုင်တယ် လုပ်ခွင့်မရကြဘူးဗျာ။အခုလည်း
လုပ်နိုင်တဲ့သူတွေရှိတယ် 

 လုပ်ခွင့်ပေးလိုက်စမ်းပါဗျာ။ဒီသုံးနှစ်အတွင်ဘာတွေလုပ်မလည်း ပြည်သူတစ်ရပ်လုံးကတော့ အားလုံးမျှော်လင့်နေကြတယ်…။နောက်..ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ အခြေခံဥပြင်စေချင်တာဟာလူတစ်ယောက်တည်းအတွက် မဟုတ်ဖူး။ ကျနော်တို့တိုင်းပြည်
ကောင်းစားစေချင်လို့ပြေနေတာ။ကျနော်တို့မလုပ်နိုင်တာတွေ ယခုလက်ရှိအစီုးရခေါင်းဆောင်တွေ မလုပ်နိုင်တာကိုသူလုပ်နိုင်နေတယ်…..ဘာကြောင့်သူ့ကိုဒီအတိုင်းကြီးမှိုတက်အောင်
ပြစ်ထားသလည်းစဉ်းစားလို့ကိုမရဘူးဗျာ…ကျနော်တို့လိုစာရေးဆရာတွေ၊မီဒီယာတွေ၊
သတင်းစာတွေ ကလည်းဘက်မလိုက်တမ်းရင်းရင်းနှီးနှီးရဲရဲဝင့်ဝင့် အကြောက်တရားကင်းကင်း
လေးလေးစားစားပြောသင့်တဲ့သူကိုပြောသင့်တဲ့အချိန်မှာပြောကိုပြောကြရပါလိမ့်မယ်….
တိုင်းပြည်ကိုချစ်လို့ပြောရပါလိမ့်မယ်…..နောက်တစ်ခုပြောဦးမယ် ဒီကနေ့ လူငယ်တွေကိုညံ့တယ်
ညံ့တယ်လို့ လူကြီးတွေတော်တော်ပြောကြတယ်ဗျ…လူငယ်တွေကိုညံ့တယ်လို့ပြောရင် ကျနော်က
လည်းပြောပြချင်တယ် လူငယ်တွေညံ့မှာပေါ့ လူငယ်တွေအတုယူစရာလူကြီးမှမရှိပဲခင်ဗျားတို့
ခင်းဗျားတို့အားလုံးစဉ်းစားကြည့် ဗိုလ်ချုပ်ခောတ်ကလူကြီးတွေအကြောင်းအာဇာနည် ၉ဦးထဲမှာ
ဗိုလ်ချုပ်အောင်ဆန်းကအသက်အငယ်ဆုံးဗျဒါပေမဲ့နေရာပေးတယ် နတ်မောက်သားထိန်လင်းကို
ရဲဘော်ကိုထွေးကိုခဏဖယ်ထားလိုက် အတွင်းဝန် ဦးအုန်းမောင်တောင် ဗိုလ်ချုပ်အောင်ဆန်းထက်အသက်ကြီးတယ် ဒီနေ့ခေတ်လူငယ်တွေရဲ့ရှေ့ကလူကြီးတွေ လူငယ်တွေကိုမယုံဘူး၊မခိုင်းဘူး
နေရာမပေးချင်ကြဘူး။ တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဆရာဆရာကြီးသခင် ကိယ်တော်မှိုင်းက
ဟေ့ကောင်အောင်ဆန်းမင်းကငါ့တပည့် မင်းဖ၊ဆ၊ပ၊လမှာဥက္ကဌမလုပ်နဲ့ငါလုပ်မယ်ဆိုပြီးတော့
စားပွဲခုံလုမထိုင်ခဲ့ဘူးအဲဒီလိုလူကြီးတွေ..ဒီလိုပဲအသက်အကြီးဆုံးဖြစ်တဲ့ မြောင်းမြမြို့စားကြီး
ဒေါ်ခင်ကြည်နဲ့တစ်မြို့တည်းသား ပြန်ကြားရေးဝန်ကြီးလုပ်ခဲ့တဲ့ ဒီးဒုတ်ဦးဘချို အသက် ၅၄ နှစ်
ဗိုလ်ချုပ်ထက်အသက်ကြီးတယ် ဗိုလ်ချုပ်ဆရာဒါပေမဲ့နေရာမလုခဲ့ဘူး။ နေရာပေးကြတယ်သူ့ကို
အဲဒီလိုလူကြီးတွေရှိခဲ့တာ…ဒါကြောင့် လူငယ်တွေကိုညံ့တယ်ညံ့တယ်ပြောရင် ကျနော်ကလည်း
ရဲရဲကြီး ပြန်ပြောလိုက်ချင်တယ် လူကြီးတွေကရောဘယ်လောက်တော်ကြလို့တုန်း…..လူငယ်တွေ
ကအရက်ကလေးနည်းနည်းပါးပါးသောက်ပြီးနည်းနည်းပါးပါးမိုက်တယောင်လေးရှိတာပါဗျာ….
လူကြီးတွေအကျင်စာရိတ္တပျက်တာကသယံဇာတတွေကိုကုန်ရော..လူကြီးလူကောင်းခေါင်းဆောင်
ကောင်းဆိုတာစိန်စီခြယ်သထားတဲ့ မဂိုက်ကိုဦးခေါင်းမှာဆောင်းယုံနဲ့ ခေါင်းဆောင်ကောင်းမဖြစ်
နိုင်ဘူးအကျင့်သီလဦးပေါင်းပေါင်းမှ ခေါင်းဆောင်ကောင်းဖြစ်နိုင်တာ…လွတ်လပ်ရေးရတာသေနပ်
ကြီးကြောင့်ရတာမဟုတ်ဘူးလွတ်လပ်ရေးရခဲ့တာပညာတတ်လို့ အင်္ဂလိပ်စကားပြောတတ်လို့ရတာ
သခင်မြ အင်္ဂလိပ်စကားပြောသိပ်ကောင်းခဲ့တာ..၊ဒီးဒုတ်ဦးဘချို အင်္ဂလိပ်ကတောင်မော်ကြည့်ရတယ်
ကြုတ်တို့ ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလိပ်ဘာသာနဲ့တောင် ၀တ္ထုတွေရေးခဲ့တာအင်္ဂလိပ်တွေနဲ့တန်းတူ
အင်္ဂလိပ်လိုတန်းတူပြောနိုင်ခဲ့လို့ ကျနော်တို့တိုင်းပြည်ကြီးလွတ်လပ်ရေးရခဲ့တာ …ပြောရဦးမယ်…
ဗိုလ်ချုပ်အောင်ဆန်းကိုတပ်မတော်ရဲ့ဖခင်လို့ သုံးရင် တပ်မတော်ရဲ့ဘိုးအေကသခင်မြလို့ပြောရလိမ့်
မယ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ရဲဘော်သုံးကြိတ်ကိုသူတို့စုပြီးပို့ပေးခဲ့လို့ တပ်မတော်ဆိုတာ
ဖြစ်လာတာ…သခင်မြပြောခဲ့တဲ့စကားတစ်ခွန်းငါတို့တိုင်းပြည်လွတ်လပ်ဖို့ ဖွင့်ဖြိုးတိုးတက်ဖို့ နိုင်ငံရေး
သမားလက်တစ်ဆုပ်စာလောက်နဲ့ အလုပ်လုပ်နေလို့မဖြစ်ဖူးဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားတိုင်း
ဒီနိုင်ငံအရေးကိုလွတ်လတ်စွာ ပါဝင်ပါတ်သက်နိုင်မှ တိုင်းပြည်မြန်မြန်ဖွင့်ဖြိုးနိုင်မယ်တဲ့ခဗျား……..

ဆရာဖုန်း(ဓာတု)
မန္တလေးပြည်ကြီးတံခွန်ဟောပြောပွဲလွတ်လပ်ရေး ”စောင်ကလေးတစ်ထည်”
မှကောက်နှုတ်ချက်

No comments:

Post a Comment