ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး
ဇူလိုင် ၂၅ ရက်၊သောကြာနေ့ညနေပိုင်းအသံလွှင့်ရုံမှတိုက်
ရိုက်ထုတ်လွှင့်ခဲ့သော ဒေါ်ခင်ကြည်၏
“တိုင်းပြည်သို့မှညကြားချက်”
“ကျွန်မ၏ခင်းမွန်သည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
လူမျိုးအတွက် ကြိုးပမ်းရင်း
လမ်းခုလတ်မှာပဲအခုတော့ကျဆုံးသွားရှာပြီ။ဒီတော့ကာ
ကျဆုံးသွားရတဲ့ လူတွေလည်း
ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လို့လည်း
မပြောလိုတော့ပါဘူး။
ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ခင်လေးစားကြရင်ဖြင့်
သူတို့ရဉ်ရွယ်ထားတဲ့ ပန်းတိုင်ရောက်
အောင်ချမှတ်တဲ့ လမ်းစဉ်အတိုင်းလိုက်နာဆောင်ရွက်ကြပါလို့
ပြောပါရစေတော့။ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့
မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ
ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတ
ဖုံပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့
ကလေးတွေကို သူတို့ရဲ့ဖခင်သွေးပီပီ ဖခင်လိုဖြစ်
ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့
ဆုံးဖြတ်ပြီးပါပြီ။
ကျွန်မနည်းတူ ကျွန်မနှင့်ကံတူအကြိုးပေးဖြစ်ကြရတဲ့
ကျဆုံးသွားကြတဲ့ ခေါင်းဆောင်
ကြီးများရဲ့ ဇနီးသည်များမှာလည်း
ဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့ သိပါရဲ့။
ဒါပေမယ့် ကျွန်မပြောလိုတာကတော့
သူတို့ကိုတဘယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်
ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။ဒါမှပဲ
သူတို့ကို ချစ်ခင်ရာ ရောက်ပါလိမ့်
မယ်။
ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင်
တိုင်ဝန်းပြီးအားပေးကြဖို့ လိုပါတယ်။
ကျွန်မတို့တိုင်းသူပြည်သားများကလည်း
ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့
အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မန်ပါ
မပြုလုပ်ကြပဲ၊ကွယ်လွန်တဲ့ပုဂ္ဂိုလ်များရဲ့ ချ
မှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမသိမ်း
လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ်။
ဖဆပလ အဖွဲ့ကြီးနဲ့၊ဖဆပလ အစိုးရအဖွဲ့ကို
အားလုံးထောက်ခံကြပြီး ကွယ်လွန်သွား
ရှာကြတဲ့ ခေါင်ဆောင်များရဲ့ ရည်မှန်ချက်ဖြစ်တဲ့
လုံးဝလွတ်လပ်ရေး မရမနေကြိုးစား
အားထုတ်ကြပါလို့”သာ တိုင်းပြည်အားအပြီးတိုင်မှာကြားခဲ့ပါတယ်ဟူ၍
ပြောကြားသွား
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
No comments:
Post a Comment