Twitter Bird Gadget

Friday, August 15, 2014

သို့/ ၀န်ကြီးဦးရဲထွဋ်



သို့/
ဝန်ကြီးဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဌာန

ဝန်ကြီးဦးရဲထွဋ်ခမျာရုပ်မြင်သံကြားအစီအစဉ်များနဲ့ပါတ်သက်လို့မသိတာမရှင်းတာလေးရှိလို့မေးပါရစေခများ
မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို (Analogue Systerm)မှ(DigigtalSysterm) ဖြင့်ပြောင်လည်းထုတ်
လွှင့်နေပြီလို့သိရပါတယ်။မကွေးတိုင်း၊မင်းဘူးထပ်ဆင့်အသံလွှင့်ရုံကိုမေလ(၁၃)ကအဆင့်မြှင့်တင်ပြီးပြီးလို့
လည်းမြန်မာ့ရုပ်မြင်သံကြားသတင်းတိုများမှာဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ထို့အတူမဟာဘောဓိရုပ်သံလိုင်း၊
လွှတ်တော်ရုပ်သံလိုင်း၊တောင်သူလယ်သမားရုပ်သံလိုင်း၊တိုင်းရင်းသားရုပ်သံလိုင်း များကို Digital Tunner ပါတဲ့တီဗွီများ၊ DVB T2 Setop Box တို့နှင့်ဖမ်းယူကြည့်ရှုနိုင်ပါတယ်လို့လည်း ရုပ်မြင်သံကြားမှာ
မကြာခဏဖော်ပြတာတွေ့ရပါတယ်။သို့ပေမဲ့ယနေအချိန်အထိဖော်ပြခဲ့သော ရုပ်သံလိုင်းများကိုဖမ်းယူ
ရရှိသေးခြင်းမရှိသေးပါ။အဘယ်ကြောင့်ဆိုတာရှင်းပြပေးစေလိုပါတယ်။

တဆက်ထည်းမှာပဲကျေးရွာနေပြည်သူလူထုအတွက် Setop Box အခမဲ့ မျှဝေပေးခဲ့တယ်လို့လည်း 

သိရှိထားပါတယ် ။ကျေးရွားတစ်ရွာကိုဘယ်လိုခွဲတမ်းနဲ့ အလုံးရေဘယ်လောက် ဆိုတာတွေကို

ပွင့်လင်းမြင်သာမှုရှိစွာဖော်ပြပေးစေလိုပါတယ်……နာမည်ကောင်းရယူယုံသက်သက်နဲ့တော့ ပြည်
သူကိုမလိမ်ပါနဲ့လို့ မေတ္တာရပ်ခံခြင်ပါတယ်။တစ်ဆက်ထည်းမှာပဲဖွင့်ဖြိုးတိုးတက်ဆုံးတိုင်းမြို့ရယ်လို့
ချီးမွှမ်းခံထားရတဲ့ ကျနော်တို့ မြို့လေးရဲ့မြို့တွင်းလမ်းအတော်များများနဲ့လျှပ်စစ်မီးတိုင်များကိုကိုယ်တိုင်
လာရောက်ကြည့်ရှုစစ်ဆေးပေးစေလိုပါတယ်ခမျာလို့ သမ္မတကြီးကိုစကားလက်ဆောင်ပါးပေးပါဦး။
လိမ်ညာတယ်လို့စွတ်စွဲနေခြင်းမဟုတ်ပါပွင့်လင်းမြင်သာမှုဆိုတာဘယ်လိုဟာမျိုးလည်းဆိုတာသိချင်ယုံ
သက်သက်ဖြင့်………………………………

ပြည်သူတစ်ဦး
မကွေး



No comments:

Post a Comment