Twitter Bird Gadget

Friday, August 15, 2014

မြန်မာ့လွှတ်တော်အစ

 


နရပတိစည်သူမင်းကြီးသည် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကိုနိုင်ငံရေးအာဏာခွဲဝေပြီး
ပုဂံခေတ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ဘိုးတော် အလောင်းစည်သူ၊ ဘကြီးတော် မင်းရှင်
စော၊ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခ တို့ ထီးနန်းစိုးစံစဉ်က အာဏာနှင့်စိတ်
ဝမ်းကွဲပြားမှုတေွဖြစ်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်မှုများ ကိုကြုံတွေ့ခဲ့ရာကနေ စတင်ခဲ့
သည်ဟုဆိုနိုင်ပါသည်။
မြန်မာရာဇဝင်များတွင် နရပတိစည်သူမင်းကြီး၏သားငါးဦးရှိရာ၌ သားတော် ဇေယျသိင်္ခ
ကို ရွေးချယ်ပြီး ပုဂံထီးနန်းကို အမွေဆက်ခံခွင့်ပေးခဲ့သည်။ဇေယျသိင်္ခသည် နိုင်ငံရေးနှင့်
အုပ်ချုပ်ရေးအာဏာများကို တစ်ဦးတည်းသိမ်းပိုက်ခြင်းမပြုပဲ နောင်တော်ကြီးလေးဦး
နှင့်ခွဲဝေ၍ အညီအညွတ်အုပ်ချုပ်ခဲ့သည်ကို မြန်မာရာဇဝင်များတွင်  ရေးသားဖော်ပြထား
ခဲ့သည်ကိုတွေ့ရှိရပါသည်။
ပုဂံခေတ် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအာဏာကို ဘုရင်တစ်ဦးတည်းကသာလျှင် အုပ်ချုပ်
ခဲ့သည်ကို ဖျက်သိမ်းပြီး ဘုရင်နှင့်လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင်ဖြစ်
ကြောင်းတွေ့ရှိရသည်။ဇေယျသိင်္ခသည် ပုဂံထီးနန်းကိုသာလျှင် ဆက်ခံခဲ့ရသော်လည်း
နိုင်ငံရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အာဏာများကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်း
ပြုကြသော လွှတ်တော်တွင်သာ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံလွှတ်တော် အုပ်ချုပ်ရေးရာဇဝင်ကို ပြန်လည်လေ့လာကြည့်ပါက လွှတ်တော်
အားကောင်းသောအခါများတွင် ဘုရင်၏တန်ခိုးအာဏာကိုပင် ထိန်းသိမ်းဟန့်တားခြင်း
ပြုနိုင်ရုံမျှမက ဘုရင်ကိုရွေးချယ်နိုင်သည်အထိ လွှတ်တော်အာဏာရှိလာသည်ကိုပင် တွေ့
ခဲ့ရသည်။တစ်ခါတစ်ရံလွှတ်တော်အင်အားနည်းပါးသော အချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ်ဖြစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
အာဏာကိုအပြန်အလှန်ထိန်းကြောင်းသည့်စနစ်ကို မြန်မာရာဇဝင် တစ်လျှောက်လုံး
ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူသည် အထိဆက်လက် ထိန်းသိမ်းကြသည်ကိုပါ
တွေ့ရှိခဲ့ပါသည်။လွျတ်တော်တွင် ဝန်ကြီးလေးပါးခန့်၍ အုပ်ချုပ်ခဲ့သော ပုဂံခေတ် နရ
ပတိစည်သူမင်း လက်ထက်မှ အစပြု၍  အာဏာကိုအပြန်အလှန်ထိန်းကြောင်း သည့်စ
နစ်အုပ်မြစ်ချခဲ့သည်ဟု ဆိုရပေမည်။ပုဂံခေတ် နရပတိစည်သူမင်းကြီးမှာ ညဏ်အမျှော်
အမြင်နဲ့ ပြည့်စုံပြီးအာဏာကို အပြန်အလှန်ထိန်းကြောင်းသောစနစ် စတင်ခဲ့သူမင်းတ
ပါးအဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားစွာတွေ့ရှိခဲ့ရပါသည်။

                           @@@@@@@@@@@@@@@@@@@

No comments:

Post a Comment