Twitter Bird Gadget

Wednesday, August 13, 2014

အာဏာပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိရဲ့လား……….





ပြည်သူတွေက မိမိတို့ကို အကောင်းဆုံးလမ်းညွှန်ပြနိုင်မည့် ခေါင်းဆောင်ကို
လိုလားတယ်။ ခေါင်ဆောင်ကိုယ်တိုင်ကလည်း ပြောင်းလည်းလိုစိတ်၊ ကြီးပွား
တိုးတက်လိုစိတ်နဲ့အတူ လူထုနဲ့လက်တွဲအလုပ်လုပ်မယ့် စိတ်ဓာတ်ကောင်းနဲ့
အရည်အချင်းရှိဖို့လိုအပ်တယ်။ခေါင်းဆောင်လုပ်တဲ့သူဟာ ရှင်းတဲ့အမြင်ရှိရင် ပြည်သူတွေကို ရှင်းလင်းဖွင့်ပြနိုင်ရမယ်။ပြည်သူကြိုက်တဲ့လုပ်ရပ်ကို အစိုးရကလေ့လာရမယ။် ပြည်သူ့ဦးတည်ချက်က မှားရင်မှားတဲ့အကြောင်း 
ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ ဥပမာ-အစိုးရအဖွဲ့အစည်းတစ်ရပ်ရဲ့ တာဝန်။ဝတ္တရား
ဟာ ပြည်သူပြည်သားတွေရဲ့ အခွင့်အာဏာထဲက လက်ခံရယူထားတယ်ဆိုတာကို
သိထားရမယ်။ အဲဒီအခွင်အာဏာကို ဥပဒေ(တရားဥပဒေ)မှ တပါး အခြားဘာမှ
(ပိုပြီးတော့) မရှိစေရ။မဖြစ်မနေလုပ်ရမယ်ဆိုရင်တောင်မှ ပြည်သူ့အတွက် နစ်နာ၊
ဆုတ်ယုတ်စရာရှိနေရင် မလုပ်ပဲနေရမယ်။ပြည်သူတွေကအာဏာလွှဲအပ်ထားသူ
ဖြစ်တိုင်းလည်း ပြည်သူ့တရားစီရင်မှုမဟုတ်တဲ့ ဥပဒေကျော်လွန်မှုမ်ျိုးနဲ့ အပြစ်ပေး
အရေးယူတဲ့အကျင့်မျိုးလုပ်ရင် (ပြည်သူနဲ့အကာအကွယ်ယူရင်) အစိုးရတစ်ရပ်အဖြစ်မှ
နုတ်ထွက်ပေးရမယ်။ အဲဒီလိုလုပ်တဲ့အစိုးရကို ပြည်သူတွေက မိမိတို့ရဲ့အချုပ်
အခြာအာဏာ လွှဲအပ်ထားမှုမှ အပြီးအပိုင်ပြန်လည်ရုပ်သိမ်း နိုင်ခွင့်ရှိရမယ်။အခြေခံ
ဥပဒေမှာလည်း ပြန်လည်ရုပ်သိမ်းနိုင်ခွင့်ဥပဒေအပြည့်အ၀ပြဌာန်းထားတာကို
ပြည်သူတွေသိရှိနားလည်အောင် ပညာပေးနိုင်ရမယ်။ ဒါမှ လွတ်လပ်ပြီးတရားမျှတ
တဲ့ အစိုးရအဖြစ် အသိအမှတ်ပြုနိုင်မယ်။သို့ဖြစ်လျှင် လုပ်သင့်လုပ်ထိုက်တာက
ထိလွယ၊်ရှလွယ၊်ဒေါသဖြစ်လွယ်တဲ့နေပြည်တော်ကောင်စီအစီုးရကို ပုဒ်မ-၃၉၆ (က)ဖော်ပြပါရှိချက်နှင့်အညီ  ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်
ရုပ်သိမ်းသင့်ကြောင်း………..

                      ######################

No comments:

Post a Comment