ဒေါင်းကတဲ့နေ့
ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းခဲ့ပါဘူး
ရှေးဒေါင်းတွေရဲ့…သမိုင်းအစဉ်
တိုင်းပြည်နဲ့လူမျိုး
ပြည်သူ့အကျိုးဆို…..
အကြောင်းမရွေး
ဒေါင်းသွေးနီဦးမညွှတ်
ဒေါင်းခွပ်ခဲ့တဲ့ရာဇဝင်
ပြည်သူနဲ့အတူမခွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွတ်ဒေါင်းဟေ့…..မန်ဝင်
ရန်မြင်သမျှရင်ဆိုင်တွေ့
စမ်းကလေးတွေအေး
ပန်းကလေးတွေမွှေး
ငှက်ကလေးတွေကတေးဆို
ငြိမ်းချမ်းရေးကိုသူတို့ကြိုတော့
မြိုင်ယံညိုဟိုး….ရိုးအခြေက
အိုးဝေ…..အိုးဝေ…
အိုးဝေမင်္ဂလာအပေါင်းခရအောင်
အဲဒီနေ့ဟာဒေါင်းကတဲ့နေ့……။
ဒေါင်းကတဲ့နေ့ကိုအမြန်ဆုံးရောက်ပါစေလို့
ဆုတောင်းရင်း


post ကိုႀကိဳက္တယ္ဗ်ာ
ReplyDeleteေက်းဇူးပါ
ReplyDelete