ပြည်သူလူထုအများစုက သူ့ထက်ငါ လုယက်ကာ
အားပေးကြရှာတာ ဒေါ်အောင်ဆန်းစုကြည်ပါ...။
ဒေါ်စုဘယ်သွားသွား ဘယ်လာလာ
သူ့နောက်လိုက်ပါလာတာ လူထုတစ်ရပ်လုံးပါ....။
ဘာသာမရွေး လူမျိုးမရွေး တခဲနက်ထဲအားပေး
ကြိုဆိုနေတာ စုမေမေ မေမေစုပေပါ...။
ဘာ့ကြောင့် သူ့မအနောက်ကို လူတွေချောင်းပေါက်အောင်
တကောက်ကောက် လိုက်လို့နေရပါသလဲ...။
သူ့မှာပိုင်ဆိုင်စရာ ပိုက်ဆံမရှိ
အားကိုးစရာ စစ်တပ်မရှိ
အမိန့်ပေးစရာ အာဏာမရှိ
သူ့မှာတိတိပပ ဝန်းရံခနေတာက လူထုရဲ့မေတ္တာ၊လူထုရဲ့စေတနာ
အနစ်နာ ဝါသနာနဲ့ ခိုင်မာတဲ့ယုံကြည်ချက်ပါ.....။
လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့် ဒီမိုကရေစီလမ်းပွင့်အောင်
ဖွင့်ဆောင်တဲ့နေရာမှာ ကမ္ဘာ့လူထုအများစုရဲ့
အမှတ်အသားလက္ခဏာပါ။
သူ့ကိုမနာလိုဝန်တိုစိတ်နဲ့ တဆိတ်ကိုတအိတ်လုပ်
မဟုတ်တရုတ်တွေနဲ့ ပုတ်ခတ် တဖက်သတ်အမြင်နဲ့
မဆင်မခြင်ပြော နစနာအောင်ဟော မမောနိုင်မပန်းနိုင်
ကိုယ်ကအခြေမခိုင်ပဲ သူတပါးကို အပိုင်းပိုင်းလက်ညိုးထိုး
အပျင့်ဆိုးတွေမဖျောက် ခွေးမြီးကောက်
စွပ်ကြတဲ့သူများ အပြန်အလှန်စဉ်းစားကြည့်ပါ
ကိုယ်ရောသူ့အနေအထား အများလေးစားအောင်
လုပ်နိုင်ပါ့မလား.....?
အဟုတ်မပိုင် မလုပ်နိုင်ပါလျှင်
ဘေးတိုင်ဘုပြော
လူ့သဘောနားမလည်တဲ့ လူတွင်ကျယ်မဖြစ်ပါစေနဲ့လို့သာ
အခါခါအကြောင်းခံ တောင်းပန်ပါတယ်ဗျာ,,,။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
No comments:
Post a Comment