Twitter Bird Gadget

Saturday, August 30, 2014

မကွေးနည်းပညာတက္ကသိုလ် စာပေဟောပြောပွဲ အသံဖိုင်




ကမ္ဘာပေါ်မှာခောတ်ပျက်နေတဲ့ဘယ်နိုင်ငံမဆိုစာဖတ်အားနည်းကြတယ်ဗျ။ ဒီကနေ့ ကျွန်တော်တို့
နိုင်ငံမှာခလေးတွေ ဘာဖြစ်လို့စာမဖတ်လည်းမေးရင်  တစ်ခုတည်းပဲခြုံပြောမယ် ခောတ်ပျက်နေလို့
ခောတ်မကောင်းလို့..။ခောတ်မကောင်းရင် ခောတ်မကောင်းတဲ့ နိုင်ငံကခလေးတွေစာဖတ်အားနည်း
ကြတယ် ဒါဟာနံပါတ်တစ်အဓီကအချက်ပဲ..။နောက်စကားပုံတစ်ခုရှိသေးတယ်….
“နိုင်ငံတစ်နိုင်ငံကလူမျိုးတွေကို ပြည်သူပြည်သားတွေကိုစာမဖတ်အောင်လုပ်ထားနိုင်ရင် အာဏာရှင်အစိုးရသက်တမ်းအနှစ် (နှစ်ဆယ်) အုပ်ချုပ်လို့ရတယ်…
တကယ်လို့များစာမတတ်အောင် စာသင်မပေးတော့ဘူးဆိုရင် အဲဒီနိုင်ငံကိုအာဏာရှင်အစိုးရ
သက်တမ်းအနှစ် (လေးဆယ်) အုပ်ချုပ်လို့ရတယ်…
တကယ်လို့များအဲဒီနိုင်ငံကပြည်သူတွေကိုအာဏာရှင်သက်တမ်းအနှစ် (တစ်ရာ) အုပ်ချုပ်ချင်တယ်ဆိုရင်တော့ အဲ့ဒီနိုင်ငံက ပြည်သူလူထုကိုအကျင့်ပျက်အောင် လုပ်လိုက်ပါတဲ့….”
အဲဒီစကားပုံကဘယ်ကလာလည်းဆိုတော့ တရုတ်နိုင်ငံကလာတာပါ..။ ကျွန်တော်တို့နိုင်ငံကလူကြီး
တွေကလည်းဘာသာတရားအလေးထားတော့ တရားအာထုပ်ကြတယ်ဗျ။ အဲဒီတော့ ကျွန်တော်တွေး
မှိတယ် ကျွန်တော်တို့ ပြည်သူပြည်သားတွေ စနစ်တကျများဖျက်စီးခံထားလေရော့သလားလို့…..



မောင်စိန်ဝင်း (ပုတီးကုန်း)
၁.၈.၂၀၁၄




မကွေးတိုင်းကိုတချို့စာရေးဆရာတွေကမကျေနပ်ကြဖူးဗျ မကျေနပ်တော့သူတို့ကပြောတယ်

မကွေးတိုင်းဒေသကြီးမဟုတ်ဘူးဗျ မြေခွေးတိုင်းဒေသကြီးတဲ့ဘာဖြစ်လို့မြေခွေးတိုင်းဒေသကြီးလို့ပြောတာလည်းဆိုတော့ ခင်ဗျာတို့စဉ်းစားကြည့် တစ်နိုင်ငံလုံးဒီမိုကရေစီစနှစ် ကျင့်သုံးပြီးတော့

တစ်နိုင််ငံလုံးစာပေဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပနေတဲ့အချိန်မှာ
ဒီမကွေးတိုင်းဒေသကြီးတစ်ခုပဲ ကျင်းပခွင့်မရဘူးဗျာ..
တစ်နိုင်ငံလုံးမှာဒီမိုကရေစနစ် ဖော်ဆောင်နေပါတယ်လို့ ပြောနေတဲ့အချိန်မှာ
မကွေးတိုင်းဒေသကြီးကဒီမိုကရေစီစနစ်နဲ့ ဝေးရာကိုပြေးနေတဲ့ တိုင်းဒေသကြီးတစ်ခုပဲလို့ ပြောနေကြတယ်ဗျာ.
ပိုပြီးဆိုးတာကနိုင်ငံတော်သမ္မတကထူးချွန်ဆုပေးတဲ့အခါမယ်
ပြည်နယ်နှင့်တိုင် တစ်ဆယ့်လေးခုနေပြည်တော်ပါထည့်တွက်မယ်ဆိုရင် တစ်ဆယ့်ငါးခုဗျ..။အဲဒီတစ်ဆယ့်ငါးခုထဲမှာမှ
သမ္မတကြီးကအုပ်ချုပ်မှုစွမ်းရည် အကောင်းဆုံးအနေနဲ့ ဘယ်တိုင်းကိုပေးတယ် ထင်ပါသလဲလူငယ်တို့ မကွေးတိုင်းကိုပေးသတဲ့ဗျ..။အဲတော့ ဒီမိုကရေစနစ်နဲ့ အင်မတန်မှ ဝေးကွားအောင် ကျင့်သုံးနေတဲ့
ဒေသကြီးတစ်ခုကိုနိုင်ငံတော်အကြီးအကဲကအုပ်ချုပ်မှုစွမ်းရည်
အကောင်းဆုံးဆုပေးတယ်ဆိုတာဟာ ဒီနေ့တိုင်းပြည်နိုင်ငံကိုအုပ်ချုပ်နေတဲ့ အစီုးရရဲ့သဘောထားအမှန်ဘာလည်းဆိုတာပေါ်လွင်နေပါ
တယ်……..


ဆရာညီမင်းညို အသံဖိုင္
 
ဆရာညီမင်းညို အသံဖိုင္  ၂ 

ဆရာညီမင်းညို အသံဖိုင္ ၃ 


ဆရာညီမင်းညို
 ..၂၀၁၄
                                       >>>>>>>>>>>>>>>

No comments:

Post a Comment