Twitter Bird Gadget

Wednesday, August 20, 2014

တိုက်တန်းနစ် နစ်မြုပ်ရခြင်းအကြောင်း


(၁၉၁၂)ခုနှစ် ဧပြီ(၁၅)ရက်က နှစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောဟာ (၁၉၉၇)ခုနှစ်မှာတော့ ကနေဒါနိုင်ငံသား ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူးတဲ့ တိုက်တန်းနစ်သင်္ဘော ဇာတ်လမ်းနဲ့အတူ တစ်ကျော့ပြန် ရေပန်းစားခဲ့ပါတယ်။ လူ ၁၅၁ရဦး သေဆုံးခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုဟာ အသေအပျောက် အများဆုံး သင်္ဘောနစ်မြုပ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ (၁၀၂)နှစ် ကြာမြင်ခဲ့ပြီဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုအကြောင်း အဖြေရှာကြရာမှာ ကပ္ပတိန် အီး၊ ဂျေ၊ စမစ်နဲ့ သင်္ဘောသားတွေ အမှားကြောင့်လို့ ဆိုသူကဆို၊ အတ္တလန်တိတ် သမုဒ္ဒရာမှာ အခါမတော်ပေါ်လာတဲ့ ရေခဲတုံးကြီးကြောင့်လို့ ပြောသူကပြော
အမျိုးမျိုး အဖုံဖုံ စုံခဲ့ကြပါတယ်။

ရှက်ဖီး တက္ကသိုလ်က သုတေသီတွေရဲ့ နောက်ဆုံး လေ့လာတွေ့ရှိမှုအရ ဆိုရင်တော့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် ဆိပ်ကမ်းကနေ နယူးယော့ခ်ကို ထွက်ခွာလာတဲ့ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ရခြင်းက ရေခဲတုံးကြီး လမ်းကြောင်းပြောင်း သွားခဲ့တာကြောင့်ပါပဲ။ ၁၉၁၂ခုနှစ်အတွင်း အတ္တလန်တိတ် သမုဒ္ဒရာ အနောက်မြောက်ဘက်မှာ ရေခဲတုံးတွေ တော်တော်ပေါ်ပေါက်ခဲ့ပြီး

တိုက်တန်းနစ်နဲ့ ထိခိုက်မိခဲ့တဲ့ ရေခဲတုံး စီးမျောရာလမ်းကြောင်း(မြောက်ဘက် ၄၈ ဒီဂရီ) အတိုင်း ရေခဲတုံး ၁၀၃၈ ရှိခဲ့တယ်လို့ အဲဒီ သုတေသီတွေက ယူဆကြပါတယ်။

ဒါပေမဲ့ တိုက်တန်းနစ်သင်္ဘော ဝင်တိုက်မိခဲ့တဲ့ ရေခဲတုံးကတော့ နယူးဖောင်လန်ကျွန်းရဲ့ တောင်ဘက်ခြမ်းကို ရောက်ရှိလာတဲ့အချိန်ထိ ၁၈၅မီတာ မြင့်ပြီး ၁၂၅မီတာ ရှည်လျားတဲ့အတွက် ဖိအားများခဲ့ပြီး အဲဒီရက်ပိုင်းအတွင်း ရာသီဥတု အပြောင်းအလဲနဲ့အတူ အတ္တလန်တိတ် သမုဒ္ဒရာ တောင်ဘက်ကို လမ်းကြောင်းပြောင်းသွားတဲ့အခါ တိုက်တန်းနစ် သင်္ဘောလမ်းကြောင်းနဲ့ ဆုံမိတာလို့ ရှက်ဖီး တက္ကသိုလ်က သုတေသီတွေက သုံးသပ်ပါတယ်။

                     $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment