တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း ရေဒီယိုဓာတ် ရောင်ခြည်အဆိပ်သင့်မှုကို အရက်က ကာကလည်း ကာကွယ်ပေးသလို ပျောက်လည်းပျောက်ကင်းစေတယ် လို့ အမေရိကန် ဆေးပညာရှင်များက ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
အရက်ရယ်လို့မဟုတ်ပါဘူး။ အယ်ကိုဟော ဓာတ်ကြွယ်ဝတဲ့ ဘီယာ၊ ဝိုင်၊ အရက်၊ ဗော့ကာ အစရှိသဖြင့် အမျိုးအစားအားလုံးက အထောက် အကူ ပြုတယ်လို့ ဆိုပါတယ်။ ၁၉၈၆ ခုနှစ်၊ ဧပြီလ ယူကရိန်က နျူကလိယ စက်ရုံ ပေါက်ကွဲမှုမှ ရရှိတဲ့ သင်ခန်းစာလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ဝိုင်နီ သောက်ထားတဲ့ သူများက အဆိပ်သင့်မှု လျော့နည်းပြီး အချို ့ဆို လုံးဝကို အဆိပ်မသင့်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါတယ်။ ဆေးပညာအရ ဒီလို ဖြစ်ပါတယ်။
ရေဒီယိုဓာတ်ရောင်ခြည် ဟာ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ပြီဆိုရင် ဆဲလ်တွေ ကို သေစေပါတယ်။ ဖွဲ့စည်းထားတဲ့ DNA တွေကို ပုံစံပြောင်း ပျက်ဆီး စေပါ တယ်။ ရောဂါလက္ခဏာ အနေနဲ့ကတော့ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝန်းလျှော်ခြင်း တို့က ၂၄ နာရီအတွင်း ဖြစ်ပြီး ကင်ဆာ အစရှိတဲ့ ရောဂါများ က နောက်ဆက် တွဲ ဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ သေစေတဲ့ အထိ ဖြစ်ပါတယ်။ ဒါတွေကို အရက် (အယ်လ်ကိုဟော) က ကယ်နိုင်ပါ တယ်။
အထက်ပါ ဓာတုအဆိပ်သင့်တဲ့အခါ ဆဲလ်တွေ ပျက်ဆီးဖို့ စပါတယ်။ ယင်း ပျက်ဆီးဖို့၊ ကွဲပြားဖို့ ဖြစ်လာတော့မယ် ဆဲလ်တွေကို ပုံမှန်အတိုင်း စုစည်းနေအောင်၊ ရေဒီယိုဓာတ်ကို ဖယ်ရှားနိုင်အောင် သွေးဆဲလ် တွင်း မော်လီကျူးတစ်မျိုးက အလုပ်လုပ် ပါတယ်။ ယင်း မော်လီကျူးကို သာမန်အခြေအနေမှာ ထုတ်လုပ်ဖို့ မလွယ်ကူပါတယ်။ တွန်းအားပေးဖို့ မလွယ်ကူပါဘူး။ သို့ပေမယ့် ယင်း မော်လီကျူးကို အယ်လ်ကိုဟောက ပါရှိ တဲ့ အော်ဂဲနစ်ဓာတ်များက တွန်းအားပေး အထောက်အကူ ပြုပါတယ်။ အကျိုးဆက်ကတော့ အရက်သောက်ထားရင် ဓာတုရောင်ခြည်၊ ရေဒီ ယိုရောင်ခြည် အဆိပ်သင့်ဖို့ ခဲယဉ်းခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အရက်သောက်ထားသူဟာ နျူကလိယစက်ရုံ ပေါက်ကွဲတဲ့၊ ပျက်ဆီးတဲ့ ဒေသမှာ အသက်ရှင်ရန် ပိုမိုလွယ်ကူတယ် လို့ တွေ့ရှိ ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
@@@@@@@@@@@@@@@@@@@@@

No comments:
Post a Comment