ခင်ဗျားရုပ်က
ဖြူဆုတ်ဆုတ်နဲ့
အဟာရမပြည့်ဝတဲ့ရုပ်
ပဲပြုတ်နဲ့နံပြားပဲ
ချွေတာစားနေရတာကိုးဗျ
ခင်ဗျားပြောတဲ့စကား
တခါတ လေ တော်တော်ရိုင်းတယ်
ဒါပေမယ့်
ပွင့်လင်းတဲ့စေတနာအားပါတော့
ကျုပ်နားဝမှာလုံးဝမခါးပါဘူး
ရုပ် ရှင် သွားကြည့််တာ
က လေးတွေကြားထဲမှာ
ငါးမူးတန်းကဆိုလား
ခရိုနီ"စီးပွါးရေးသမားတွေက
အခွင့်ရေးတောင်းမှာစိုးလို့"တဲ့
အူကြောင်ကြောင််နိုင် တဲ့လူ
လမ်းတွေ့တဲ့မိတ်ဆွေတောင်
အ ရေးလုပ်နှုတ်မဆက်တတ်သူ
"ကျောချင်းကပ်
ရင် ချင်းအပ် ရမဲ့သူကို်
အပိုတွေလုပ်စရာမလိုပါဘူး"လို့
ဆိုမှခင်ဗျားရဲ့ဟန််မ ဆောင်
ရိုးသားမှုကိုတွေ့လိုက််ရတယ်
ခင်ဗျားးဘယ်လိုလူလဲ
အကြော်တဲစုတ်က
ဆင်းရဲသားကို
ဝတ်ထားတဲ့အင်္ကျ ီီ
သွားပေးရလောက်အောင်
ခင်ဗျားနှလုံးသားလှလှချည်လားဗျာ
ငွေသော်တာရောင်ခြည်နဲ့
အသည်းစွဲအောင် သူချစ်တဲ့
မယားကို
ပါးဆွဲရိုက်ပစ်သတဲ့
"သူ့ရဲ့ရဲဘော်လေးတွေကို
တောက်တိုမယ် ရ
လျှောက်ခိုင်းတယ်ထင် လို့"တဲ့
ဗိုလ်ချုပ်လုပ်ပြီး
ဝတ်စရာအကျင်္ ီမရှိ
နေစရာအိမ်မရှိ
ခင်ဗျားတော်တော် အ တဲ့လူပဲ
"လူမှာအရေးကြီးဆုံးက
ကိုယ်ကျင့်တရားရယ်၊
အမှန်တရားကိုမြတ်နိုးရမယ်"
လို့ခင်ဗျားပြောတာကြားမှ
ကျုပ်ကိုကျုပ််ရှက်မိတယ်
ဦးရာဇတ်တို့လိုကုလားတွေနဲ့
လက်တွဲနေ ပေမယ့်
"ရန်သူလိုနေမလား၊
မိတ်ဆွေလိုနေမလား"လို့
ရဲရဲဝံ့ဝ့ံပြတ်ပြတ်သာသား
မေးခဲ့တဲ့
ခင်ဗျားရဲ့ အမျိုးသားရေးစိတ်ဓါတ်ကို
ကျုပ်မချီးကျူးဘဲမ နေနိုင််ပါဘူး
ူ
"အမျိုးအကျိုးကိုလာထိတဲ့လူတွေကိုတေ့ာ အတွင်းကလူူဖြစ်ဖြစ်၊
အပြင်ကလူဖြစ်ဖြစ်
တိုက်ခိုက်နှိမ်နင်းရမှာပေါ့"
လို့ပြောတဲ့ ခင်ဗျားရဲ့မျိုးချစ်စိတ်
ပြင်းထန်ပြတ်သားတာကို ကျုပ်
ဘယ်လိုဘယ်လိုဘယ်လို
ပြောပြရပါ့မလဲနော်
ု
လွတ်လပ်ရေးရပြီးရင်
စာရေးစားမယ်ပြောတာအ့ံပါရဲ့ဗျာ
သည်းခြေကြိုက်နိုင်ငံ့အာဏာကို
အရိ်ပ််အ ငွေ့တောင်
မမက်မောတဲ့လူပါ့လား
သမီးဘိို့ုနားကပ််လုပ်ဖို့
အမေ့ဆီ အမွေသွားတောင်းသတဲ့့
တော်တော်ရိုးတဲ့လူ
ဒီနိုင် ငံမှာဘယ်နားတူးတူး
သယံဇာတထွက်တယ်ဆိုတာ
ခင်ဗျားသိသိချည်းနဲ့ဗျာ
ခင်ဗျားအကြောင်းပြောရတာ
ရင် ထဲမှာတရွစိစိနဲ့
သေခါနီးသေနပ် ၁၃ချက်မှန်တာတောင်
နောက်ဆုံးတောင်းသွားတာက
"ရေတိုက်ပါ၊ရေ ပေးပါ"တဲ့ဗျာ
####################

No comments:
Post a Comment