1.( လူငယ်ဘဝမှာ အားလပ် ပျင်းရိနေခဲ့လျှင် အိုမင်းလာတဲ့ခါ ဆင်းရဲ့မယ်။ )
2. Better be a fool than a knave .
( သစ္စာမဲ့သူ ဖြစ်ရခြင်းထက် သူရူးဖြစ်ရခြင်းက ပိုကောင်းပါတယ်။ )
3. The honest man is found only in the cemetery .
( လူရိုးဟာ သချင်္ုိင်း မှာရှိတယ်။ )
4.A young idler makes an old begger .
( လူပျင်းကလေးဟာ ကြီးပြင်းလာတဲ့ခါ သူတောင်းစားကြီးဖြစ်မယ်။ )
5. Truth sits upon the lips of dying men .
( သေခါနီး လူရဲ့ နှုတ်က သစ္စာ စကားဆိုတယ်။ )
6. A poor man has no kith and kin .
( ဆင်းရဲသော လူမှာ ဆွေမျုးမရှိ။ )
7. Everyone to his hobby .
( လူတိုင်းသူ့ ၀ါသနာအတိုင်း လုပ်ကြတယ်။ )
8. No man is go poor as he was born .
( လူဆိုတာ မွေးလာစဉ်က ဘာမျှမပါ။ )
9. Everyone must pay his debt to nature .
( လူတိုင်း သူ့ရဲ့သဘာဝ ဝဋ်ကြွေးကို ပေးဆပ်ရမယ်။ )
10. Time and tide wait for no man .
( အချိန် နှင့်ဒီရေသည် လူကိုမစောင့်။ )
11. Every man has his value .
( လူတိုင်း မိမိအတွက် တန်ဖိုးရှိ၏။ )
12. The man who hesitates is lost .
( တုံ့ဆိုင်းတဲ့ လူဟာ ရှုံးနိမ့်တယ်။ )
13. Man repents too late .
( လူတို့ နောင်တ နောင်မှရ။ )
14. Men make their own history .
( လူတွေဟာ ကိုယ့်သမိုင်းကိုယ် ဖန်တီးတတ်ကြတဲ့သူတွေဖြစ်တယ်။ )
15. A man cannot serve two masters .
( လူတစ်ယောက်သည် သခင်နှစ်ဦးထံ အစေမခံနိုင်။ )
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
No comments:
Post a Comment