Twitter Bird Gadget

Wednesday, May 7, 2014

ဒီလို လူ (၁၀)မျိူးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ


၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘဝတစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။

၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။

၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘဝရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။

၄။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။

၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။

၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။

၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်ရွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။

၈။ ကိုယ့်ဘဝထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘဝထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘဝရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။

၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။

၁၀။ ယခု ကိုယ်နဲ့ဘဝတစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။
                                     ###########################

No comments:

Post a Comment