ဦးတေဇက ဘာတွေကိုစွမ်းဆောင်ခဲ့လို့
စွမ်းဆောင်ရည် ဆုပေးရတာလဲ...?
လက်ရှိအနေအထားနဲ့ယှဉ်ပြီး သုံးသပ်ကြည့်ပါမယ်..
----------------------
ဦးတေဇဟာ လက်ရှိအခြေအနေအရ တိုင်းပြည်ရဲ့
Infra အချို့နဲ့ သယံဇာတထုတ်ယူရောင်းချခွင့်တွေကို
ထိန်းသိမ်းချုပ်ကိုင်ထားတဲ့ ခရိုနီ ပဲခေါ်ခေါ်
နိုင်ငံတော်သူဌေး ပဲခေါ်ခေါ် ဆိုသူတွေထဲက
အကြီးဆုံးတစ်ယောက်ဖြစ်ပါတယ်..၊
မြန်မာနိုင်ငံက ခရိုနီတွေရဲ့ ထူးခြားချက်ကတော့
တခြားနိုင်ငံက စွန့်ဦးတီထွင်သန်းကြွယ်သူဌေးတွေလိုမျိုး..
ကိုယ်တိုင်ကြိုးစားပြီး...ကမ္ဘာကအသိအမှတ်ပြုတဲ့ထုတ်ကုန်
တွေကြောင့် ချမ်းသာလာခြင်းမဟုတ်ပဲ..
အရည်အချင်းအစစ်အမှန် ပညာအစစ်အမှန်ကို ဖယ်ပြီး
အာဏာရှင်နဲ့ ပလဲနံပသင့်တာကပဲ အရည်ချင်းတစ်ခုလိုအသုံးချကာ
ချမ်းသာလာကြလို့ပါပဲ..၊
အဲဒီလိုလူမျိုးတွေထဲက စစ်အာဏာရှင်ဦးသန်းရွှေနဲ့
ပတ်သက်ဆက်နွယ်ကာ လုပ်ပိုင်ခွင့်တွေရယူခဲ့ဖူးတဲ့...ဦးတေဇဟာ...
ဘိန်းကုန်သည်ဘဝကနေဖြစ်လာတဲ့ခရိုနီတွေ၊
ပွဲစားဘဝကနေဖြစ်လာတဲ့ခရိုနီတွေ ၊ အာဏာရှင်ဘဝကနေ
ဖြစ်လာတဲ့ ခရိုနီတွေ ကြားထဲမှာ..ကုန်သည်ပွဲစားဘဝကနေမှ
စိုင်ကော်လို့ခြုပေါ်ရောက်..အရှင်မွေးနေ့ချင်းကြီးထဲက...
တစ်ယောက်အပါအဝင်ဖြစ်ပါတယ်..
----------------------
စစ်အာဏာရှင်တွေရဲ့ ပညာဉာဏ်နည်းပါးခဲ့ပုံကလည်းသြချလောက်ပါတယ်..
မူးယစ်ဆေးဝါး ၊ ပွဲစားလုပ်ငန်း ၊စတဲ့နည်းတွေနဲ့ ချမ်းသာတဲ့ လူမျိုးခြားတရုတ်အနွယ်တွေအပါအဝင်...လူလည်တွေ.ဖျံတွေကို...
ငွေကြေးခဝါချ..(အဖြူ ကနေ အမဲ)ဆေးကြောဖို့ကူညီပေးခဲ့ပြီး
ခရိုနီအဖြစ်မွေးစားကာ...တိုင်းပြည်ရဲ့အဓိကကျတဲ့စိမံကိန်းတွေကအစ..
လှို့ဝှက်တဲ့ ပရောဂျက်တွေအထိ..ပုံအပ်လိုက်တာဖြစ်လို့ပါပဲ..
တော်တော်ကို ညံ့ဖျင်းလှပါတယ်..။
အဲဒါကို လေ့လာနေခဲ့တဲ့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေနဲ့
စီးပွားရေးအဖွဲ့စည်းတွေဟာ...ဒီကိစ္စတွေကြောင့်...
မြန်မာနိုင်ငံကခရိုနီတွေ အပါအဝင်... အာဏာရှင်တွေကိုပါ
ကမ္ဘာ့စီးပွားရေးကွန်ယက်ထဲ ရောက်မလာအောင်.. Black list သွင်းခဲ့ပါတယ်..
ဒါဟာကမ္ဘာက.လုပ်သင့်လို့လုပ်တာဖြစ်ပါတယ်...
မမှားပါဘူး..။
ပြီးတော့ တိုင်းပြည်ကိုပါ..စီးပွားရေးပိတ်ဆို့ပါတယ်..
ဘာလို့စီးပွားရေးပိတ်ဆို့တာလဲဆိုတော့..
စစ်အာဏာရှင်ဟာ..၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုမျက်ကွယ်ပြုပြီး
ကမ္ဘာကို မျက်နှာပြောင်တိုက်ကာ..အရှက်မရှိထင်ရာစိုင်းခဲ့လို့
ပိတ်ပစ်လိုက်တာဖြစ်ပါတယ်...၊
ဆန်ရှင်ပိတ်လို့ ဒေါ်စုကိုအပြစ်ပြောခဲ့သူများအနေနဲ့
တကယ်ပိတ်သွားအောင် ကျူးလွန်ခဲ့တဲ့သူတွေကို ထိထိရောက်ရောက်
ပြောဆိုခဲ့တဲ့ သာဓကမျိုးကို မတွေ့ရတာဟာ...
အလွန်ရီစရာကောင်းပါတယ်..၊
နိုင်ငံတကာရဲ့အမြင်ကတော့...
စီးပွားရေးပိတ်ဆို့ခံနိုင်ငံတစ်ခုဟာ...
တခဏအတွင်း ပြုပြင်ပြောင်းလည်းလိမ့်မယ်လို့
ထင်ခဲ့ကြလို့ပါပဲ...
ဒါပေမဲ့ နိုင်ငံတကာကထင်တာထက်ကို...
အာဏာရှင်က ပိုရိုင်းပြခဲ့ပါတယ်...
ဘာလို့လဲဆိုတော့ သယံဇာတတွေကိုအပြောင်ရှင်းပြီး
ပြည်သူ့အတွက်မဟုတ်ပဲ လက်တစ်ဆုပ်စာလူတန်းစားကို
ကျိကျိတက်ချမ်းသာအောင် လုပ်ပစ်လိုက်လို့ပါပဲ..
နိုင်ငံတကာက...အာဏာရှင်ကို..
လူစိတ်ရှိသေးတယ်လို့မြင်တာကိုက..
အမှားတစ်ခုပေါ့ဗျာ...
----------------------------
ဦးသိန်းစိန်အစိုးရတက်လာပြီး နှစ်နှစ်အတွင်းမှာ..
ပြုပြင်ပြောင်းလည်းရေးယောင်ယောင်လုပ်ငန်းတွေလုပ်ပြခဲ့တဲ့အတွက်
နိုင်ငံတကာက...ကြွေးမီတွေကို..လျှော်ပေးကြပြီး...
ကမ္ဘာ့နိုင်ငံအများစုဟာ...ဆန်ရှင်ဖွင့်ပေးလိုက်ကြပါတယ်..
ဒါဟာ...ဦးသိန်းစိန် အစိုးရကို သက်သာစေအောင်လုပ်တာထက်..
မြန်မာနိုင်ငံသားတွေ မသိအောင် လူမသိသူမသိချေးထားတဲ့ငွေတွေဟာ
မြန်မာနိုင်ငံသားတစ်ဦးချင်းရဲ ခေါင်းမှာ ပိနေတာကို နားလည်သဘောပေါက်တဲ့
ကမ္ဘာ့နိုင်ငံတွေက လူစိတ်ရှိရှိနဲ့...သက်ညှာလိုက်တယ်ဆိုတာကို
အားလုံးသဘောပေါက်စေချင်ပါတယ်..
လူသားချင်းစာနာမှုတွေ..၊ ဂရုနာသက်မှုတွေကြောင့်...
ဒီအကြွေးတွေကိုလျှော်ပစ်တဲ့နိုင်ငံတွဟာ..
ဗုဒ္ဓဘာသာနိုင်ငံတွေချည်းပဲ..မဟုတ်တာကိုကြည့်ရင်..
အမျိုးချစ်ဟန်ဆောင်ပြီး အိုဗာတင်း ဖြစ်နေတဲ့သူတွေ...
ှကိုယ့််ကိုယ်ကို...ရှက်သင့်နေပါပြီ..
---------------------
အလွန်အံ့သြဖို့ကောင်းတာတစ်ခုက...
ဆန်ရှင်မဖွင့်ခင်တုန်းက ဆန်ရှင်ပိတ်အောင် ကျူးလွန်ခဲ့ကြတဲ့.. စစ်အာဏာရှင်ကိုမပြောရဲကြပဲ..အမျိုးမျိုးအော်ဟစ်ခဲ့ကြပြီး...
ဆန်ရှင်လဲ ဖွင့်လိုက်မှ " ထသွားမှကျိုးမှန်းသိ" ဖြစ်ခဲ့တာ..
အာဏာရှင်အစိုးရ နဲ့ ခရိုနီတွေကိုယ်တိုင်ဖြစ်ပါတယ်..
ဘာလို့လဲဆိုတော့ ဆန်ရှင်သာဖွင့်တယ်...
နိုင်ငံတကာအဆင့် စီးပွားရေးဆိုင်ရာ ပွင့်လင်းမှုတွေ
ဥပဒေတွေ ၊ ပညာရှင်တွေ ၊ အခြေခံအဆောက်အအုံတွေ
ခံယူချက်အမြင်တွေ ၊ Skill တွေ လုံးဝအားနည်းသေးတဲ့အတွက်..
ဆန်ရှင်အဖွင့်ခံရတဲ့ အစိုးရရဲ့ ဘဝဟာ...
အရမ်းကောင်းတဲ့ နတ်သုဒ္ဓါကို စားဖို့..
ပါးစပ်မပါတဲ့ သူတစ်ယောက်လို ဖြစ်နေလို့ပါပဲ...
တော်တော်ကို ရှက်ဖို့ကောင်းတဲ့သူတွေပေါ့ဗျာ...။
ဒါကို နားလည်ရမှာဖြစ်ပါတယ်..၊
------------------------
အဲဒီဆန်ရှင်ဖွင့်ခံရတဲ့ထဲမှာ...ခရိုနီအချို့နာမည်တွေ..
ပါဝင်သွားပေမဲ့..
ဦးတေဇ နဲ့ ခရိုနီအချို့ဟာ black list အဖြစ်ကျန်ရှိခဲ့ပါတယ်...၊
ထူးခြားတာတစ်ခုက...
တိုင်းပြည်အတွက်စွမ်းစွမ်းတမံ ဘာမှလုပ်မပြခဲ့ပဲ..
သယံဇာတထုတ်ယူပြီး တိုင်းပြည်ဖျက်တဲ့အုပ်စုထဲမှာ
တစ်ယောက်အပါဝင်ဖြစ်တဲ့ ဦးတေဇကို..
သမ္မတဦးသိန်းစိန်က...ဘာကြောင့်မှန်းမသိ..
စွမ်းဆောင်ရည်ဆုပေးခဲ့တာပါပဲ...
သမ္မတရဲ့ အထူးဆုတစ်ဆုကို ရရှိခဲ့တာပေါ့ဗျာ..
ဒါပေမဲ့ အားလုံးသိထားဖို့က...
အဲဒီစွမ်းဆောင်ရည်...ဆိုတဲ့အရည်အချင်းကို
သမ္မတ သာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်..
ပြည်သူက သတ်မှတ်ဖို့နေနေသာသာ...
လက်တောင်ခံမယ်မထင်ပါဘူး...
ပြည်သူ့အသံကိုတော်တော်နားထောင်တာပေါ့ဗျာ..
ဟဲဟဲဟဲ..
----------------------
ဦးတေဇ ဘာကြောင့် ဆုပေးခံရသလဲဆိုတာကိုကြည့်ရင်
အချက် (၂)ချက်ကိုတွေ့ရပါတယ်..
ပထမအချက်က....
ဦးတေဇဟာ..အဲဒီအတွက်...ခရိုနီတွေရဲ့ထုံးစံအတိုင်း...
အတိုက်အခံပါတီတွေဘက်ကိုလဲ ယိမ်းနိုင်သလို...
တတိယအင်အားစုတွေ ၊ စတုတ္တအင်အားစုတွေဘက်ကလဲပါနိုင်တာကို
ဦးသိန်းစိန်က အဖြစ်မခံနိုင်လို့ ဖြစ်နိုင်ပါတယ်..
နောက်တစ်ချက်က..
ဆန်ရှင်အပိတ်ခံရဆဲဖြစ်တဲ့ ဦးတေဇဟာ..
မြန်မာနိုင်ငံသမ္မတရဲ့ အထူးဆုတွေရရှိမှသာ..
အဲဒီဆုတွေကို ဗန်းပြပြီး...ခေါင်းစဉ်တပ်ကာ...
နိုင်ငံတကာရဲ့ပိတ်ဆို့မှုကို ဖြည်ဖို့ကြိုးစားဖို့အတွက်...
သမ္မတအနေနဲ့ ပြည်သူ့အသံကိုနားမထောင်ပဲ..
ီဦးတေဇမျက်နှာကိုသာကြည့်ပြီး...
ဦးတေဇကို စွမ်းဆောင်ရည်ဆု ပေးလိုက်တာလား ဆိုတာ..
ကာယကံရှင်တွေပဲသိမှာပါ..
ပြည်သူတွေအမြင်မှာကတော့
ကြည့်မကောင်းလှပါဘူး....
ကျားကို "သတ်သတ်လွတ်အစားဆုံးဆု" ပေးသလိုပါပဲ
No comments:
Post a Comment