Twitter Bird Gadget

Saturday, June 14, 2014

ခဲတံနှင့် ခဲဖျက်မှ ရခဲ့သော သင်ခန်းစာ


ခဲတံလေးက ငါတောင်းပန်ပါတယ် ခဲဖျက်ရယ်။

ခဲဖျက်က ဘာအတွက် တောင်းပန်တာလဲ မင်း ဘာအတွေအမှား လုပ်ခဲမိလို့လဲ ပြောပါ။

ခဲတံလေးဟာ မျက်နှာညိုးငယ်စွာဖြင့် ငါ့ကြောင့် မင်း နာကျင်တယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ငါ အမှားတွေ ခဏခဏ လုပ်မိခဲ့တယ်။

မင်းကတော့ ငါ့ရဲ့အမှားတွေ အကုန်လုံးကို အမြဲတန်း ဖျက်ပေးတယ်နော်။ ဒါကြောင့် မင်းရဲ့ ခန္ဓာကိုယ်လေးဟာ တဖြည်းဖြည်းနဲ့ သေးလာပြီ။

အဲဒါကြောင့် ငါမင်းကို တောင်းပန် တာပါ။

ခဲဖျက်က မင်း ပြောတာ မှန်ပါတယ်။ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ခဲတံလေး။ မင်း ဘယ်လောက်ပဲ အမှားတွေ လုပ်လုပ် ငါ ကူညီဖို့ အဆင့်သင့်ပါ။ ငါ မင်းအမှားတွေကို ကူညီရလို့ ပျော်ပါတယ်။ ငါ ကုန်သွားတဲ့ တစ်နေ့ကြရင် မင်း အသစ်တစ်ခု သုံးနိုင်ပါတယ်။ ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ ခဲဖျက်ကလေး။

သင်ခန်းစာ

အမှားတွေ ဘယ်လောက် ရှိရှိ ပြင်ပေးတယ်။ သူတို့မှာ ရှိတာတွေ ကုန်ရင်ကုန်သွားပါစေ ဝမ်းမနည်းဘူး။ သူတို့ထက် ချစ်ရတဲ့သူ တွေ့သောအခါမှာ ကျွန်တော်တို့ ထားခဲ့ကြတယ်။

သူတို့ဟာ ကျွန်တော်တို့ဆီကနေ ဘာမှအလိုမရှိဘူး။ ထာဝရ ကျွန်တော်တို့ကို ပေးဆပ်နေတယ်။ ထိုသူတို့ကတော့ ကျွန်တော်တို့ရဲ့ ဘာနဲ့မှ တန်းဖိုးမဖြတ်နိုင်တဲ့ မိဘတွေနှစ်ပါးပင် ဖြစ်ပါတယ်။

No comments:

Post a Comment