" ကျားရဲ
"
နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို ့့ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို ့ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို ့ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။
မနေ ့ကလည်း .. တနေကုန်
ဒီနေ ့လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန် မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုူဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ ့
ကျားညွန် ့တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။
မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသ၍
အထင်းသားစွဲ သ၍
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။
ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)
%%%%%%%%%%%%%%%%%
No comments:
Post a Comment