Twitter Bird Gadget

Sunday, May 12, 2019

Email

ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးပြောတာက...

"ကျွန်တော်တို့က Email Systemပါ။ Gmail မသုံးပါဘူး။ ဝန်ကြီးတစ်ယောက်လုပ်ပြီး Gmail သုံးတယ်ဆိုတာ တော်တော် သိက္ခာကျတယ်" ဆိုတဲ့ စကားပါ..

သူပြောတာ မှန်ပါတယ်..

လူတယောက်ကို Personal email ပေးပါလို့ ပြောရင် အဲ့ဒီလူဟာ gmail, yahoo mail, hot mail, bt စသဖြင့် သူကြိုက်တဲ့ Email domain ကို သုံးလို့ ရပါတယ်.. နမူနာဆို poethant@gmail.com, poethant@yahoo.com ဆိုတဲ့ အီးမေးလ်တွေကို ပိုးအနေနဲ့ ကိုယ်ရေးကိုယ်တာ သုံးလို့ ရပါတယ်..

ဒါပေမယ့် အလုပ်ကိစ္စ သုံးမယ်ဆိုရင် ခုနက gmail တွေ yahoo mail တွေကို ကိုယ်တိုင်လည်း သုံးခွင့် မရှိသလို ကိုယ့်အဖွဲ့အစည်းရဲ့ အလုပ်တွေမှာလည်း ဒီလို personal email တွေနဲ့ စာပို့ခံရရင် အနိမ့်ဆုံးအဆင့်အနေနဲ့ အကြောင်းလုံးဝမပြန်ပါဘူး.. ဘာလို့ဆို လုံခြုံရေး စိတ်မချရလို့ပါဘဲ..

ပိုးက ဒီက အင်္ဂလန်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန NHS မှာ အလုပ်လုပ်ပါတယ်.. NHS ရဲ့ တရားဝင်အီးမေးလ်တွေဆိုရင် နာမည်@nhs.net သော်လည်းကောင်း နာမည်@ဆေးရုံနာမည်.nhs.uk သော်လည်းကောင်း ဖြစ်ရပါတယ်.. ဒီကအစိုးရအဖွဲ့ email တွေဆို နာမည်@gov.uk ဆိုတာမျိုးပါ.. ဒီတော့ mail ကြည့်လိုက်တာနဲ့ ဘယ်အဖွဲ့အစည်းကလည်း တန်းသိလို့ ရပြီး အဲ့ဒီလူရဲ့ အီးမေလ်းတရားဝင်မှု/ မဝင်မှုကိုပါ စစ်ဆေးလို့ ရပါတယ်..

ရုံးမှာ ကိုယ်နဲ့သိတဲ့သူက ငါ ရုံးemail password မေ့နေလို့ gmail က ပို့မယ်ဆိုရင်တောင် အဖြေက အကြီးကြီး NO ပါ.. သူ့ဘာသာ ရုံးက IT ဌာနကို ဆက်သွယ်ပြီး သူ့ ရုံးအီးမေးလ်ကို သုံးလို့ရအောင် လုပ်ရမှာပါ.. ကိုယ့်ဘက်က ကိုယ့်ရုံးရဲ့ အချက်အလက်တွေကို gmail တွေ Hotmail တွေ yahoo mailနဲ့ သူတွေကို လုံးဝ ပို့ခွင့်မရှိပါဘူး.. ဒါဟာ ရုံးတွင်း အခြေခံစည်းမျဉ်းကို ဖြစ်ပါတယ်..

@ရဲ့နောက်ကစာကို email domain လို့ ခေါ်ပြီး အဲ့ဒါက အဖွဲ့အစည်းနာမည်ကို ကိုယ်စားပြုရပါတယ်.. ကုမ္ပဏီကြီးတွေ၊ အစိုးရဌာနကြီးတွေဟာ မဖြစ်မနေ ကိုယ့်အဖွဲ့အစည်းအတွက် domain ကိုယ်ပိုင်ဝယ်ထားရပြီး အဲ့ဒီ domain နဲ့ အလုပ်လုပ်ရပါတယ်.. ဒါမှလည်း ဝန်ကြီးဌာန အယောင်ဆောင်လိုသူတွေကို အကြမ်းဖျင်း email domain ကြည့်တာနဲ့ ခွဲနိုင်မှာ ဖြစ်ပါတယ်..

ပြီးတော့ gmail ဟာ အလကားရ၊ Security အချိန်မရွေး ကျိုးပေါက်နိုင်၊ third party ကဟာမို့ အဖွဲ့အစည်းကို ကိုယ်စားမပြုတာတွေကြောင့် ကိုယ်ရေးကိုယ်တာအနေနဲ့ သုံးလို့ရပေမယ့် ဝန်ကြီးဌာနလို အလုပ်အတွက် ကိုယ်စားပြု သုံးရမယ့်အနေအထား မဟုတ်ပါဘူး.. ကိုယ်ပိုင် domain မရှိဘဲ အဲ့သလို အလကားရတဲ့ Mail သုံးတဲ့ organisation ကိုဆို တခြားနိုင်ငံ၊ တခြားဌာနကလည်း မဖြစ်လို့ အလုပ်တွဲလုပ်ရရင်တောင် ကိုယ်ပိုင် domain မရှိလို့ မလေးစားပါဘူး..

ဒါ့ကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးပြောတဲ့ ဝန်ကြီးဌာနအနေနဲ့ gmail သုံးရင် သိက္ခာကျတယ်ဆိုတဲ့စကားဟာ နိုင်ငံတကာအတိုင်းအတာအရကိုပါ မှန်ပါတယ်.. Email system ဆိုတာလည်း ဝန်ကြီးဌာနပိုင်domain နဲ့ email ကို ဆိုလိုတာဆိုရင် အဲ့ဒီအချက်ပါ သူပြောတာ မှန်ပါတယ်..

ခုဆို ကျန်းမာရေးဝန်ကြီးဌာနရဲ့ mail address တွေက @mohs.gov.mm ဖြစ်သွားပြီတဲ့.. တကယ်ဆို ဒါက ဝန်ကြီးဌာနရဲ့ လုပ်ရည်ကိုင် တိုးတက်လာတာမို့ အသိအမှတ်တောင် ပြုရဦးမှာပါ.. NLD ဝန်ကြီးတွေ ဘာဖြစ်ညာဖြစ် ထိုင်ဟားချင်ရင် ဒီကိစ္စကတော့ အလုပ်မဖြစ်ပါနော်.. ဝန်ကြီးပြောတာ မှန်ပါတယ်..

No comments:

Post a Comment