Twitter Bird Gadget

Wednesday, May 15, 2019

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပုံ

၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးဖြစ်ပေါ်လာပြီး
ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်တဲ့ တပ်မတော်ဟာ
စက်တင်ဘာလ ၁၈ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။
 
အာဏာသိမ်းတဲ့နေ့မှာပဲ လူထုကို မိန့်ခွန်းပြောရင်း
ဂတိတွေပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ဂတိမိန့်ခွန်းတွေကို လေ့လာကြည့်ရအောင်……
 
  ""ကျနော်တို့ဟာ နိုင်ငံတော်အာဏာကို လိုချင်လွန်းလို့ သိမ်းယူခဲ့တာမဟုတ်ပါဘူး။ အခြေအနေအရပါ။ အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပေးမယ်။ လူထုကို နိုင်ငံတော်အာဏာပြန်အပ်ပေးမယ်"'လို့ပြောခဲ့ပါတယ်။
  
  ဆက်လက်ပြီး……

"'''ကျနော်တို့ အစိုးရအဖွဲ့ကိုကြည့်ပါ
ဝန်ကြီးကိုးဦးနဲ့ ဖွဲ့စည်းထားတာပါ။အာဏာကို ကြာကြာမယူပါဘူး။ အမြန်ဆုံးရွေးကောက်ပွဲလုပ်ပြီး အာဏာကို အမြန်ဆုံး ပြန်လွှဲမှာမို့ အစိုးရအဖွဲ့ကို လူနဲနဲလေးနဲ့ ဖွဲ့စည်းထားတာပါ။"'
  
  ""ရွေးကောက်ပွဲပြီးရင် ကျနော်တို့စစ်တပ်က စစ်တန်းလျှားကို ပြန်ပါမယ်။ တက်လာတဲ့သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးကြပါ။ကျနော်တို့ စစ်တပ်က မရေးပါဘူး။""
  
   ""တကယ်လို့များ ကျနော်ရေးရင်
နောင်တချိန် ကျနော့်ကို ပြောကြဦးမယ်
စောမောင်ဆိုတဲ့ကောင် စောက်သုံးကို မကျဘူးလို့
ပြည်သူတွေက ကျနော့်ကိုပြောကြဦးမယ်
အဲ့ဒါကြောင့် ကျနော် မရေးပါဘူး""
----------------   
၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်းတဲ့နေ့မှာပဲ ပြည်သူလူထုကို ဒီလိုဂတိတွေပေးခဲ့ပါတယ်။
သူပေးတဲ့ ဂတိအတိုင်း ၁၉၉၀ မေလမှာရွေးကောက်ပွဲလုပ်တယ်။        

  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အပြတ်အသက် အနိုင်ရခဲ့ပါတယ်။
မနက်ဖြန်မှာ ကြေငြာချက်ထွက်မယ်

ဒီကနေ့ညမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လက်မှတ်နဲ့
၁/၉၀ ကြေငြာချက် ထွက်လာပါတယ်။
 
  ကြော်ငြာချက် အပိုဒ် ၂၀မှာ
           ယခုအနိုင်ရသော ကိုယ်စားလှယ်များသည် အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည် တဲ့။

  သူပြောတာက အခြေခံဥပဒေကိုရေးဘို့ပဲ တာဝန်ရှိတယ်။ တိုင်းပြည်အုပ်ချုပ်ဘို့ မဟုတ်ဘူးဆိုတဲ့သဘော။
         
  အဲ့ကတည်းက ဦးခင်ညွန့်ဟာ ပြည်သူတွေအပေါ် ကလိမ်ကကျစ်ကျခဲ့တာ။ ဦးသန်းရွှေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းခေါင်းဆောင် ဦးစောမောင်ကို ကျန်းမာရေးမကောင်းဘူးဆိုပြီး အနားပေးလိုက်ကြတယ်။

အမှန်တော့ အနိုင်ရပါတီကို အာဏာလွှဲမပေးချင်လို့ ဦးစောမောင်ကို ဖြုတ်ချလိုက်တာ။ ဦးစောမောင်ဟာ ပြည်သူအပေါ် ပေးခဲ့တဲ့ဂတိ မတည်နိုင်လို့ နောက်ပိုင်းမှာ စိတ်တွေအလွန်ဖောက်ပြန်သွားခဲ့တယ်။
   

  ဦးခင်ညွန့်ရဲ့ ၁/၉၀ ကြေငြာချက်က
ခင်ဗျားတို့ကို အာဏာလွှဲပေးဘို့ မဟုတ်ဘူး
ခင်ဗျားတို့အလုပ်က အခြေခံဥပဒေကို ရေးရမယ့် တာဝန်ပဲရှိတယ် ဆိုလိုလိုက်တာပဲ။
  
  NLDဘက်ကလည်း  ရွေးကောက်ပွဲဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဘို့အတွက်လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူဘို့ လုပ်တဲ့ရွေးကောက်ပွဲဆိုပြီး အခြေအတင် ငြင်းကြခုံကြတယ်။
   
၁၉၉၂ မှာ အမျိုးသားညီလာခံ ကျင်းပမယ်ဆိုပြီး ကြေငြာချက်အမှတ် ၁၂/၉၂ ကို ထုတ်ပြန်တယ်
  
၁၉၉၂  ကြေငြာချက်အမှတ် ၁၃/၉၂ မှာ အမျိုးသားညီလာခံ၏ ဦးတည်ချက်များ ဆိုပြီး အချက် ၆ချက် ထုတ်ပြန်တယ်။
အဲ့ဒီ အချက်၆ချက်ရဲ့ နောတ်ဆုံးနံပါတ် ၆မှာ……
   
  မြန်မာနိုင်ငံရဲ့ အနာဂါတ် အမျိုးသားနိုင်ငံရေးမှာ  တပ်မတော်၏ ဦးဆောင်မှုအခန်းဂဏ္ဍက အစဉ်တစိုက်ပါဝင်ရေး ဆိုတဲ့ အခြေခံမူကို ချပြလိုက်တယ်။
     
     ၁၉၈၈မှာ အခြေအနေအရ အာဏာသိမ်းရတာပါ။ ရွေးကောက်ပွဲလုပ်ပေးပါမယ်။ ။ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဘူး။ အနိုင်ရကိုယ်စားလှယ်တွေက
ရေးကြပါ။

ပြီးရင် စစ်တပ်ဟာ စစ်တန်းလျှားမှာပဲနေပါမယ်လို့ ဂတိတွေပေးခဲ့တဲ့ တပ်မတော်ဟာ ……

ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို အာဏာမလွှဲတဲ့အပြင် အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ……

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ဦးဆောင်တဲ့ အမျိုးသားညီလာခံက
ရေးဆွဲရမယ်။ ရေးတဲ့ အခြေခံဥပဒေဟာလည်း နိုင်ငံရေးမှာ စစ်တပ်က အမြဲတမ်းဦးဆောင် ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရမယ်ဆိုပြီး ပေါ်ပေါ်တင်တင်ကြီး  ဂတိတွေဖြတ်ဆီးလိုက်ပါတယ်။

တဖြည်းဖြည်းနဲ့  စစ်တပ်ဟာ ပြည်သူကို ဆန့်ကျင်ပြီး ထင်ရာစိုင်းလာခဲ့ပါတယ်။
  
   ဒီလိုနဲ့ပြည်သူ့ဆန္ဒမပါဘဲ စစ်တပ်ထင်ရာစိုင်းနိုင်မယ့် အခြေခံမူဝါဒတွေကို မျက်နှာပြောင်တိုက်ချပြရင်း……
  
အခြေခံဥပဒေကို ရေးဆွဲမယ့်  ကော်မရှင်ကို စိတ်တိုင်းကျ
ဖွဲ့စည်းလိုက်ကြတယ်။

ကော်မရှင် ဖွဲ့စည်းပုံ
*********-******
အမျိုးသားညီလာခံကို အစုအဖွဲ့ ၈ဖွဲ့ ဖွဲ့တယ်။လူဦးရေအားဖြင့်
၇၀၂ယောက် နဲ့တည်ဆောက်တယ်။ ၈ဖွဲ့မှာ ၇ဖွဲ့က စစ်တပ်စိတ်တိုင်းကျ စုစောင်းထားတဲ့သူတွေနဲ့ဖွဲ့ထားတယ်။ 

ကျန်တဲ့ တစ်ဖွဲ့ကNLDအပါအဝင် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ကိုယ်စားလှယ်တွေ ။ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၁၀၇ယောက်။

NLDက ၈၆ယောက် (အမတ် ၈၁ယောက် နှင့် ပါတီကိုယ်စားပြု ၅ယောက်)
စစ်တပ်စိတ်တိုင်းကျ ရွေချယ်ထာတဲ့(ဥပမာ  တက်သိပညာရှင်တို့ တိုင်းရင်းသားတို့)ကိုယ်စားလှယ်တွေက ၅၉၅ယောက်။
  
စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်းဦးဆောင်မယ်ဆိုတဲ့ မူကိုချလိုက်တဲ့အပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြမယ့် လူဦးရေ အရေအတွက်ကိုပါ  ပြည်သူ့ဆန္ဒလုံးဝမပါဘဲ သူတို့ဆန္ဒနဲ့ရွေးထားတဲ့လူ ၅၉၅ယောက်နဲ့ ၆ချိုး ၂ချိုး ခိုးလိုက်သေးတယ်။
   
  ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးတယ်ဆိုတာလည်း
စာတန်းဖတ်ပွဲ ကျင်းပနေသလိုပဲ။ လူတယောက်က ရေးပေးထားတာတွေကို တယောက်ပြီးးတယောက် တန်းစီဖတ်ပြနေကြတာ။တယောက်က ဖတ်ပြီးရင် စစ်တပ်ကရွေးချယ်ထားတဲ့ ၅၉၅ယောက်ဝိုင်းပြီးထောက်ခံကြတယ်။

ပြီးတော့ အတည်ပြုလိုက်ကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတမ်းကန့်ကွက်တယ်။

ကန့်ကွက်တော့ မဲခွဲတယ်။

လူ၇၀၂ယောက်ရှိတယ် ၅၉၅ယောက်က သူတို့လူဆိုတော့ အဖွဲ့ချုပ်က အမြဲတမ်းရှုံးတယ်။
 
  ရှုံးတော့ အဖွဲ့ချုပ်က စာတင်တယ်……

ညီလာခံလုပ်ထုံးလုပ်နည်း ပြင်ပေးပါ။

ညီလာခံဆိုတာ အဖြေထွက်အောင်ညှိနှိုင်းအဖြေရှာရမှာဖြစ်တယ်။အဲ့ဒီလို မဲမခွဲရဘူး။ မမျှတတဲ့လူဦးရေနဲ့ မဲခွဲဆုံးဖျတ်မယ်ဆို မတရားဘူး။ ညီလာခံလုပ်ထုံးလုပ်နည်း ပြင်ပေးပါလို့ စာတင်ပြီး အစည်းအဝေးက ထွက်လာတယ်။
   
နောက်တနေ့မှာ NLD ၈၆ယောက်ကို

ခွင့်မဲ့ပျက်ကွက်တယ်ဆိုပြီး အမျိုးသားညီလာခံကနေ
တဘတ်သပ် ထုတ်ပယ်ပြစ်လိုက်တယ်။  NLDကို ထုတ်ပယ်လိုက်တော့ အမျိုးသားညီလာခံမှာ တကယ့်တကယ်ပြည်သူရွေးတဲ့ ကိုယ်စားလှယ် ၁၃ယောက်လောက်ပဲ ကျန်တော့တယ်။ NLDကို ထုတ်ပယ်လိုက်ပြီး အဲဒီအချိန် နဝတ က
  
၁၉၉၆မှာ ၅/၉၆ဆိုပြီး ဥပဒေတစ်ခု ထုတ်ပြန်လိုက်တယ်။ ၅/၉၆ ပုဒ်မ ၃ မှာ အမျိုးသားညီလာခံက ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာမှ မဝေဖန်ရ/မပြောဆိုရ/မဖြန့်ချီရ

ပုဒ်မ ၄ မှာ……

မလိုက်နာရင် အနည်းဆုံး ထောင် ၅နှစ်ကနေ
အများဆုံး ထောင်အနှစ် ၂၀ ချမှတ်မယ်လို့ ဖော်ပြထားတယ်။

အဲ့လိုတွေ ဥပဒေတွေ ဘာတွေထုတ်ပြန်ပြီးတဲ့နောက် ညီလာခံကြီးက ရှေ့ဆက်မသွားဘဲ ရပ်နေခဲ့တယ်။ ရှေ့လည်းမတိုး နောက်လည်းမဆုတ်နဲ့……
    
တဖက်မှာလည်း NLDကို နှိပ်ကွတ်ပါတော့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့NLD ကိုယ်စားလှယ်တွေ အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပါတီဝင်တွေကို ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းပါခဲ့တယ်။

ရပ်ကွက်ထဲမှာ NlDကို ထောက်ခံတဲ့အကြောင်း ရဲရဲမပြောရဲဘူး။

နေ့ဘတ်ပြောရင် ညဉ့်သန်းခေါင်ကျော် မေးစရာရှိလို့ဆိုပြီး လာဖမ်းရော။

   ရေဒီယိုတို့ ရုပ်မြင်သံကြားတို့ကနေ
NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပုတ်ချတဲ့အကြောင်းအရာတွေကို နေ့တိုင်းထုတ်လွှင့်ပါတယ်။

အပြင်မှာလည်း လူစုလူဝေးနဲ့
လူစုလူဝေးဆိုတာ တအ်ိမ်တယောက် မလိုက်မနေရနဲ့ ဘောလုံးကွင်းတို့ လေယာဉ်ကွင်တို့မှာ NLDအပုတ်ချပွဲတွေကို အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်ပါတယ်။
   
  ဒီလိုနဲ့ တဘတ်မှာ NLDကို နှိပ်ကွတ်ရင်း တဖက်မှာ
ပြည်သူမကြည်ဖြူဘဲ တိုင်းပြည်အုပ်ချုပ်ရင်း……
 
၂၀၀၃ မေလ ၃၀မှာ……

ဒီပဲယင်း လုပ်ကြံမှုကြီး ပေါ်ပေါက်လာတယ်။  ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသားတွေ ပြည်သူတွေ ထောင်ပေါင်းများစွာ အသတ်ခံရတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကံအလွန်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။

ထူးဆန်းတာက လုပ်ကြံတဲ့သူတွေကို မဖမ်းဘဲ လုပ်ကြံခံရတဲ့သူတွေကို အကုန်ဖမ်းပြစ်တာပဲ။

အာဏာရှင်စစ်အစိုးရ ဘယ်လောက်ယုတ်မာသလဲဆိုတာ
အဲ့ဒါပဲကြည့်တော့။

တကယ်လို့သာ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ကျဆုံးသွားခဲ့ရင် ယခုအချိန်ထိ စစ်အစိုးရ အုပ်ချုပ်နေဦးမှာ သေချာပါတယ်။ 
     
ဒီပဲယင်း လုပ်ကြံမှုမှာ……

တနိုင်ငံလုံး တကမ္ဘာလုံး ပွက်လောရိုက်ကုန်တယ်။ စစ်အစိုးရရဲ့ ယုတ်မာမှုက ဖုံးမရ ဖိမရဖြစ်ကုန်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေးပိတ်ဆို့ အရေးယူမှု ပိုမိုတင်းကြပ်လာတယ်။ ဖိအားတွေပေးလာတယ်။
        အဲ့ဒီတော့မှ ဒီမိုကရေစီနိုင်ငံတော်ကို အမြန်ဆုံးချီတက်မယ်ဆိုပြီး လမ်းစဉ် ၇ချက်ချမှတ်ဖော်ဆောင်တယ်။အမျိုးသား ညီလာခံပြန်ခေါ်မယ် ဆိုပြီး အသံတွေဘာတွေ ထွက်လာတယ်။
 
   ၂၀၀၄   
ညီလာခံ မတိုင်မီ ……

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေတုန်းမှာ အကြိမ်ကြိမ်လာပြီး ညှိနှိုင်းတယ်။ နောက်ဆုံး ညောင်နှစ်ပင်မှာ ကျင်းပမယ့် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ပြန်တက်မယ်လို့ သဘောတူညီမှု ရခဲ့တယ်။

တိုင်းပြည်အတွက် ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းထဲမှာမထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်က အလွန်မြင့်မြတ်လွန်းပါတယ်။

သဘောတူညီမှုရပြီး  ညီလာခံလုပ်ဘို့ နှစ်ရက်သုံးရက်အလိုမှာ လာပြောတယ်…
(  သဘောတူညီချက်ကို ဖျတ်လိုက်ပြီ တဲ့့ )ဗျာ

   ```ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်……´´´

  "ရှင်တို့ စစ်သားတွေ ယောက်ျားတွေဖြစ်ပြီး ဂတိမတည်ဘူး""  တဲ့
     
သဘောတူညီမှုကို တဘတ်သပ်ဖျတ်လိုက်ပြီး လစ်လပ်နေတဲ့ NLDကိုယ်စားလှယ်တွေ နေရာမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၅၀၀ ထည့်လိုက်တယ်။
 
  ညောင်နှစ်ပင်မှာ
အနားယူသွားတဲ့ သမ္မတဟောင်းကြီးဦးသိန်းစိန် ဝန်ကြီးချုပ်ဘဝမှာ သဘာပတိအဖြစ်ဆောင်ရွက်ရင်း …
  
  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး လူတယောက်ရေးထားတာတွေကို ကိုယ်စားလှယ်တွေက ရေးသလိုလိုနဲ့ ထုံးစံအတိုင်း ဖတ်ပြကြ ထောက်ခံကြနဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပကြလေရဲ့။
         
   ၂၀၀၈ခုနှစ်မှာ

ကမ္ဘာကျော် နာဂစ်မုန်တိုင်း တိုက်သွားလို့ ပြည်သူတွေက တားနေတဲ့ကြားက သူတို့စိတ်တိုင်းကျ ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။

မဲပေးခွင့်ရှိသူ ၂၇သန်း ၂သိန်းရှိတယ်။
       
၂၆သန်း ၇သိန်း ဆန္ဒမဲပေးခဲ့ကြပြီး…

၅သိန်းကျော်ပဲ မဲလာမပေးတာပါ။

၉၂.၄၈ရာခိုင်နှုန်းထောက်ခံပါတယ်ဆိုပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အတည်ပြုလိုက်တယ်။
     
  စတင်ရေးဆွဲကတည်းက ပြည်သူ့ဆန္ဒမဲနဲ့ရွေးထားတဲ့ ကိုယ်စားလှယ်တွေကို ထုတ်ပယ်လိုက်ပြီး စစ်တပ်စိတ်တိုင်းကျ ခန့်အပ်ထားတဲ့သူတွေနဲ့ ရေးဆွဲခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ ပြည်သူ့ဆန္ဒလုံးဝမပါခဲ့ပါဘူး။
    

ဒါကြောင့် ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဖျတ်သိမ်းပြီး

ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကြီး
အမြန်ဆုံးပေါ်ပေါက်လာအောင် နိုင်ငံသူနိုင်ငံသားအားလုံး
အတူတကွပါဝင် ကြိုးစားကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။

( မင်းမွန်သွေး)

No comments:

Post a Comment