Twitter Bird Gadget

Thursday, May 23, 2019

ဆီးချိုရောဂါဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစေ့အဆန် ၅ မျိုး

အသက်အရွယ်ရလာတာနဲ့အမျှ အဖြစ်များလာတဲ့ ရောဂါအမျိုးအစားတွေထဲမှာ ဆီးချိုရောဂါဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဆီးချိုမှာမှ အမျိုးအစား ၂ ဆီးချိုဟာ အဖြစ်အများဆုံးဖြစ်ပြီး ဆီးချိုရောဂါဖြစ်ပြီဆိုတာနဲ့ သရေစာအပါအဝင် အစားအသောက် တော်တော်များများကို ရှောင်ကြဉ်ရတာကြောင့် ခန္ဓာကိုယ်မှာ အာဟာရဓာတ်နည်းပါးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေ သရေစာအနေနဲ့ပဲဖြစ်ဖြစ် စားသုံးပေးသင့်တဲ့ အစေ့အဆန်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဗာဒံစေ့


ဗာဒံစေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ သုတေသန လေ့လာမှုတွေအရ သိရပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။


(၂)  သစ်ကြားသီး


သစ်ကြားသီးဟာ ကယ်လိုရီပါဝင်မှု များတဲ့ အစေ့အဆန်တမျိုးဖြစ်ပေမယ့် သူ့မှာပါဝင်တဲ့ ကယ်လိုရီဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေမဖြစ်ပေါ်စေနိုင်ဘူးလို့ ဆေးပညာလေ့လာချက်တွေက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ သစ်ကြားသီးကို ဆီးချိုရောဂါဝေဒနာရှင်တွေကို ၆ လတိုင် သရောစာအဖြစ် စားသုံးစေခဲ့ရာ ဆီးချိုကို သိသိသာသာ ထိန်းညှိပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။


(၃) သီဟိုစေ့


သီဟိုစေ့ဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါဝေဒနာရှင်တွေကို ၂ ပတ်တိုင် စားသုံးကြည့်စေခဲ့ရာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။


(၄) မြေပဲ


ပရိုတင်းနဲ့အမျှင်ဓာတ်တို့ ကြွယ်ဝတဲ့ မြေပဲဟာဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ သုတေသနတွေအရ သိရပါတယ်။


(၅) ရင်ကွဲသီး


အစိမ်းရောင်ဘက်သမ်းတဲ့ ရင်ကွဲသီးလို့ ခေါ်ကြတဲ့ Pistachios  ဟာ အမျိုးအစား ၂ ဆီးချိုနဲ့ သင့်တော်ပြီး သွေးတွင်းအဆီဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။


Ref.  www.medicalnewstoday.comarticles

No comments:

Post a Comment