Twitter Bird Gadget

Monday, May 13, 2019

သူတို့လေးတွေတော်ကြတယ်

ကြည်လင်း မင်းတော်တယ် မင်းကလူသတ်မှုနဲ့ ထောင်ကျပေမဲ့ မင်းကို  ပြည်ထဲရေးက ၀န်ကြီးတစ်ယောက်လို စောင့်ရှောက်ပီး ထမင်းငတ်နေတဲ့ ပြည်သူတွေထက် စိုပြေအောင်ထားနိုင်တယ်။

အောင်၀င်းခိုင် မင်းလည်းတော်တယ် မင်းက လူသတ်မှုရဲ့ အဓိက ကြိုးကိုင် စေခိုင်းတဲ့ တရားခံဖြစ်ပေမဲ့ မင်းကို ရန်ကုန်လေဆိပ်ကနေ နေပြည်တော် ပရဆေးဥယာဉ်နားအထိ အန္တရာယ် ကင်းဝေးအောင် လိုက်ပို့ပေးပီး စောင့်ရှောက်မဲ့သူရှိတယ်။

ဝီရသူ မင်းလည်းတော်တယ် ဗုဒ္ဓသာသနာ နေလိုရောင်ဝါထွန်းလင်းတဲ့
နိုင်ငံမှာ အမျိုးဘာသာသာသနာ ဆိုပီး ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ ဆန့်ကျင့်တဲ့ အမုန်းတရာတွေ ၊ ဟီရိသြတ္တပ တရားတွေနဲ့ ဓမ္မ တရားအစား အဓမ္မ တွေဟောနေပေမဲ့ မင်းတရားပွဲကို လုံခြုံရေးယူ စောင့်ရှောက်ပေးမဲ့သူ ရှိသလို မင်းကို တခုတ်တရ ကိုးကွယ်မဲ့သူတွေကလည်း ရှိနေတယ်။

မဲခူးက ဆမူဆာမ  နင်လည်းတော်တယ်  ကိုယ့်မိဘထက် အသက်ကြီး တဲ့သူကို ယုတ်မာရိုင်းစိုင်းလို့ အသရေဖျက်မှုနဲ့ အရေးယူခံရပေမဲ့ best of luck ဆိုပီး ဆုတောင်းပေးမဲ့သူရှိသလို ရုံးချိန်းတိုင်းကိုလည်း miss universe တစ်ယောက် ပြိုင်ပွဲ၀င်သလို မော်မော်ကြွားကြွား စပွန်ဆာ အမျိုးမျိုး နဲ့ လာနိုင်သလို ထောင်ကထွက်တော့လည်း နပိုလီယန် စစ်အောင်ပီး ပြန်လာသလိုမျိုး ကြိုဆိုမဲ့သူတွေရှိနေတယ်။

ဖြိုးကိုကိုတင့်ဆန်း မင်းလည်းတော်တယ် နိုင်ငံတော်လုပ်ကြံမှုလောက် ဖြစ်စေနိုင်တဲ့ လက်နက် အလက် ၃၀ ကျော်နဲ့မိပေမဲ့ မင်းကိုတရားစွဲ စစ်ဆေးမဲ့ အဖွဲ့အစည်းက မြန်မာနိုင်ငံမှာ မရှိသလို အတိုလေးတွေပါ ဝါသနာအရစုဆောင်းတာပါလို့ ဖာစကားနဲ့ ဖာထေးပြောပေးနေတဲ့ ကောင်တွေရှိနေသလို ပြည်ထဲရေးဆိုတဲ့ကောင်တွေကလည်း မင်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတောင် မလုပ်ရဲကြဘူး။

အောင်ရဲထွေးကို သတ်တဲ့ကောင်တွေ မင်းတို့လည်းတော်တယ် သတ်ပါတယ်လို့ ကိုယ်တိုင်သွားပီး အဖမ်းခံခဲ့ကြပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်ထဲရေးနဲ့ တရားစီရင်ရေးကိုတော့ နားရွက်တံတွေးစွတ် ယီးဖြဲပြပီး ပါးကိုထပ်ရိုက်နိုင်ခဲ့တယ်။

လူသတ်တရားခံ ကြည်လင်းရှေ့နေ မင်းလည်းတော်တာဘဲ သေနတ်နဲ့ နားထင်ကိုတေ့ပစ်တာ သေစေလိုတဲ့ဆန္ဒ မရှိဘူးလို့ သောက်ရှက်မရှိ ပြောထွက်တယ်။ (တစ်ခါလောက်တော့ မင်းနားထင်ကို သေနတ်နဲ့ တေ့ပီး ပြစ်ကြည့်ချင်သား)

၂၁ ပါတီ မင်းတို့လည်းတော်တယ် ပြည်တွင်းငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံအောင်မြင်ရေး ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေး တရားဥပဒေ စိုးမိုးရေး တိုင်းပြည်စီးပွားရေးတိုးတက်ရေး အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး တိုင်းပြည်နဲ့ပြည်သူ တိုးတက်မြင့်မားရေး သိမ်းဆည်းလယ်ယာ မြေများ ပြန်လည်ရရှိရေး ကလွဲရင် ကျန်တာတွေ ဆိုင်ဆိုင်မဆိုင်ဆိုင် ခြေကလန့်ထိုးတဲ့ စာတွေ ခဏခဏ ထုတ်တယ်။

သန်းဌေးတို့အုပ်စု မင်းတို့လည်းတော်တယ် ကိုယ့်ပါတီအနိုင်ရပီး နိုင်ငံကို ကိုယ့်ခြေကိုယ့်လက် အုပ်ချုပ်ခွင့်ရတဲ့အချိန်မှာ တိုင်းပြည်နဲ့ပြည်သူ တိုးတက်ရေးထက် ခိုးဖို့ကိုယ်သာ စိတ်၀င်စား နေကြပီး ၊ အာဏာလက်လွတ်လိုက်ရချိန်မှာ ငါတို့အုပ်ချုပ်ခွင့်ရရင် လက်ရှိအစိုးရထက် နှစ်ဆတိုးတက်အောင် လုပ်နိုင်တယ်လို့ ပြောနေတာကို ယုံတဲ့လူရှိသလို ထောက်ခံတဲ့သူတွေလည်း ရှိနေသေးတယ်။

၂၅ ရာခိုင်နှုန်း မင်းတို့လည်းတော်တယ် မင်းတို့ရင်ထဲကမပါပေမဲ့ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချပ်အောင်ဆန်း ပါလို့ ပြည်သူ ကြားကောင်း အောင် အသံကောင်းဟစ် ၊ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မယ်ဆိုတော့ အရှက်မရှိ မတ်တပ်ထရပ်ရဲခဲ့ပေမဲ့  မင်းတို့အာလုံး ကိုယ့်ကိုယ်ကို သတ်သေဘို့တော့ ဘယ်သူမှ အမိန့်ပေးတဲ့လူ မရှိသေးဘူး။

ခွေးပု ကြောင်ချီး မအလ မင်းကအတော်ဆုံး ၀န်ထမ်းစည်းမျည်းဥပဒေ ကို ကိုယ်တိုင်ချိုးဖောက် မင်းလောက်တော်တဲ့သူမရှိလို့ ဆက်နေတာပါ လို့ပြော ရခိုင်အရေးကိုဖန်တီး မရိုးနိုင်တဲ့ ခေါင်းစဉ်ပြောင်းတွေ အမျိုးမျိုး လုပ်ပြ လက်အောက်ကို ထိုးကြွေး မသာအလှူငွေကို ကိုယ်ကျီုးအတ္တ အတွက်အသုံးချ တရုတ်နဲ့ပေါင်းပီး တိုင်းပြည်ကိုဖျက်နေပေမဲ့ မင်းကို သောက်ထင်ကြီးနေတဲ့ သောက်ပိန်းတွေရဲ့ ထောက်ခံမှုကို ရနေတုန်း။

တော်ကြပါပေတယ်။
မင်းလက်သီး

No comments:

Post a Comment