===================
BA (Burmese) ဆိုတဲ့ဘာသာရပ်ကို အထင်သေးခဲ့မိလို့ ဒီနေ့နိုင်ငံမှာ အစိုးရကြေညာချက်တွေ၊ ဥပဒေတွေ၊ စာချုပ်တွေမှာ လူတွေနားမလည်ကြတော့ဘူး။ သတင်းစာတွေမှာပါ အမှားတွေပါလာတယ်။ ရေဒီယိုတွေကလည်း တလွဲပြောလာတယ်။ အသံထွက်တွေပါမပီတော့ဘူး။ အဖြတ်အတောက်လည်း မှားလာတယ်။ Communication/Message sending and receiving မှာတလွဲဖြစ်လာတယ်။ Marketing အတွက် လိုရင်း တိုရှင်းနဲ့ ရင်ထဲထိမယ့် ကြော်ငြာစာတွေ မရေးတတ်ကြတော့ဘူး။ စိတ်ကြိုက်မြန်မာစာ မယူကြတော့ စာပေအရေးအသားအားနည်းလာပြီး စာမဖတ်တဲ့ လူမျိုးဖြစ်လာတယ်။
-
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြပြီး စာဖတ်သော လူမျိုးတို့သည် တိုးတက်ကြ၏ဆိုတာကို ပြောင်ပြောင်ကြီး ဆန့်ကျင်နေလေရဲ့။ စာမရေးတတ်ကြတော့ Literature ကောင်းတွေရှားပါးပြီး ရသတွေပျောက်လာကြတယ်။ မြန်မာဇာတ်လမ်းတွေက ဂျပန်တွေကိုပဲတိုက်နေရပြီး ငပေါကားတွေဖြစ်လာရတယ်။ လူတွေကို ပညာ၊ ရသ မပေးနိုင်တော့လို့ ကိုရီးယား၊ တရုတ်၊ အိနိ္ဒယ ဇာတ်လမ်းတွဲတွေကြားမှာ လူတွေ နစ်မျောနေကြရတယ်။
.
Psycho ကိုအရူးဘာသာရပ်လို့ ထင်ခဲ့မိလို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မရှင်းနိုင်တော့ဘူး။ စီးပွားရေးလုပ်ငန်းမှာလည်း motivate လုပ်ဖို့၊ ဈေးကွက် အသစ်ရှာဖို့ human behavior တွေကိုနားမလည်တော့ဘူး။ ဝန်ထမ်းတွေတောင် ကောင်းကောင်းမခန့်နိုင်တော့ဘူး။
.
သမိုင်းကို အထင်သေးမိလို့ သမိုင်းထဲက အမှားတွေကို ဆွဲထုတ်မပြနိုင်ခဲ့ဘူး။
-
ပထဝီမလေ့လာမိလို့ ပခုက္ကူက ဧရာဝတီမြစ် အရှေ့မှာလား အနောက်မှာလား မသိလို့ စီးပွားရေးမှာ အကူအညီမဖြစ်ဘူး။ ရာသီဥတုတွေအကြောင်းနားမလည်လို့ နာဂစ်နောက်တစ်ကြိမ် မလာအောင် မကာကွယ်တတ်ဘူး။
-
သိပ္ပံတွဲကမှ ဘဝဆိုလို့ သင်ယူလိုက်ပြီး စီးပွားရေးလုပ်ဆိုတော့ ဘာမှမဆိုင်ဘူး။ လက်တွေ့လည်းမပါဘူး။ နိုင်ငံမှာ အချိန်ကုန် လူပင်ပန်းသွားတာပဲရှိတယ်။
.
Eco ကိုမိန်းမတွေပဲတက်တဲ့ ဘာသာရပ်ဆိုပြီး မိဘတစ်ချို့ အမြင်ကျဉ်းခဲ့ကြလို့ ယောကျာ်းလေးကျောင်းသားတွေကို နှာဘူးအသတ်မှတ်ခံခဲ့ရတယ်။
.
အိုင်းစတိုင်းနဲ့ ဝေါ့လ်ဒစ်စနေးသာ မြန်မာနိုင်ငံမှာဆိုရင် ကျပ်မပြည့်တဲ့ကောင်၊ အရူးဆိုပြီး ဝိုင်းစတဲ့ဘဝနဲ့ လမ်းဘေးမှာပဲ အဆုံးသတ်သွားရမှာပါ။ ဆရာဝန်၊ အင်ဂျင်နီယာကမှ ဘဝမဟုတ်ပါဘူး။ မီးသတ်သမား၊ လက်သမား၊ ပန်းချီဆရာ၊ စာရင်းကိုင် စတဲ့အလုပ်တွေကလည်း Loser ရှုံးနိမ့်သူတွေ လုပ်တဲ့အလုပ်တွေ မဟုတ်ကြပါဘူး။ မွန်မြတ်ကြပါတယ်။ အဲဒီဘာသာရပ်၊ ပညာတွေနဲ့ မိသားစုတွေကိုတောင် ထမင်းကျွေး ထောက်ပံ့နိုင်တယ်ဆိုပြီး လေးစားမှုရှိဖို့လိုပါတယ်။
-
ကဲ ... ကျွန်တော်တို့တွေ လွဲခဲ့ပြီးပြီ။ ဘယ်လောက်တောင် ဆက်လွဲကြမှာလဲ? နောက်မျိုးဆက်ကို သူတို့နဲ့ ကိုက်ညီမယ့် ဘာသာရပ် တစ်ခုကိုရွေးချယ်ခွင့်ပြုလိုက်ကြပါ။
Sunday, September 16, 2018
ကျွန်တော်တို့ လွဲခဲ့ကြတယ်
Labels:
ဒဿနအမြင်,
အထွေထွေဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment