Twitter Bird Gadget

Wednesday, July 4, 2018

Car heat system အကြောင်း

ကားဘောနက်ဟစိ နဲ့ Heat တက်တဲ့ အယူအဆ အမှားများ
အခု ရန်ကုန်က Taxi တချို့ Car Bonnet ကို lock ကျအောင် မပိတ်ဘဲ ဟစိလေးလုပ်ပြီး မောင်းနေတာတွေ့ရတယ်ဗျ ။
အရင်က အဲ့ဒါမျိုးတွေ့ရနည်းပြီး ၊ အခုနောက်ပိုင်း Taxi တွေရော အိမ်စီးကား တချို့လည်း ဘောအနက်ကို ဟစိလေးလုပ်မောင်းနေတာ တွေ့ရတယ် ။
အဲ့ဒါနဲ့ ဘာလို့ ဟစိလေးလုပ်ထားရတာလဲ မေးကြည့်တော့ အပြင်မှာ နေပူလို့ အင်ဂျင် Heat တက်သက်သာအောင်ဖွင့်ထားတာတဲ့ ။
အဲ့ဒီအယူအဆ လုံးဝ(လုံးဝ) မှားပါတယ် ။
ဘာလို့မှားလဲ ကျတော် နည်းပညာအယူအဆ အရရှင်းပြပါမယ် ။
Engine မှာ အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ် ။
(1) Internal Combustion Engine
(အတွင်းပူအင်ဂျင်)
(2) External Combustion Engine
(အပြင်ပူအင်ဂျင်)
ဆိုပြီးတော့ ၂ မျိုးပါ ။
အခု ကျနော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ Engine တွေအကုန်လုံးနီးပါးဟာ
Internal Combustion Engine ဖြစ်တဲ့ အတွင်းပိုင်းမီးလောင်ပေါက်ကွဲမှုနဲ့ လည်ပတ်ရတဲ့အင်ဂျင်တွေပါ ။
ဒီအင်ဂျင်တွေလည်ပတ်နိုင်ဖို့ NOT ( Normal Operation Temperature ) ဆိုတဲ့ သတ်မှတ်
အပူချိန် တခုလိုပါတယ် ။
ဒီတော့ တချို့ လူတွေထင်သလို အင်ဂျင်အေးရင်ကောင်းတယ်ဆိုတဲ့ အယူအဆဟာလုံးဝမှားပါတယ် ။
အင်ဂျင်ဟာ မအေးလွန်း မပူလွန်းဘဲ သတ်မှတ်အပူချိန် စင်တီဂရိတ်ကြားမှာရှိနေမှ ဒီအင်ဂျင်လည်ပတ်နိုင်သလို ၊ အင်ဂျင်သက်တမ်းကြာရှည်ခံပါမယ် ။
အေးလွန်းရင်အင်ဂျင် မလည်ပတ်နိုင်သလို ( အေးသောရာသီမှာ ဆိုင်ကယ် ၊ ကားအင်ဂျင်တွေ နှိုးရခက်တာ သတိရပါ )
၊ ပူလွန်းရင် အင်ဂျင်ထဲက စလစ် ( Sleeve ) ဟာ ပွလာပြီး စလစ် ရဲ့အချင်း Diameter တွေကျဉ်းသွားပါမယ် ၊ စလစ်ထဲမှာ အတက်အဆင်းလုပ်ရတဲ့ Piston (ပစ်စတင်) တွေ ပွလာပြီး အချင်း Diameter ကျယ်လာပါမယ် ။ အဲ့ဒီမှာ Piston နဲ့ Sleeve ဖမ်းပြီး အင်ဂျင်ပျက်စီးပါမယ် ။
နောက် Engine head နဲ့ Engine Block ကြားက Gasket ပျက်ပါမယ် ၊ နောက်ထပ် Engine Head ခုံးတာ ကော့တာ လိမ်တာဖြစ်နိုင်ပါသေးတယ် ။
ဒီလို မဖြစ်ရအောင် ကားအင်ဂျင် ထုတ်လုပ်တဲ့ Company တွေက Normal Operation Temperature တခုသတ်မှတ်ပေးပြီး သတ်မှတ်အပူချိန် မကျော်လွန်အောင် အအေးပေးစနစ်တွေ သုံးပြီးထိန်းချုပ်ပါတယ် ။
Normal Opeartion Temperature ကိုတော့ ကား
Company တွေရဲ့ Engineering Design အပေါ်မူတည်ပြီး ယေဘူယျအားဖြင့် 80 Degrees Celsius ကနေ 95 Degree Celsius အထိ သတ်မှတ်ထားပြီး အပူချိန်သတ်မှတ်ပေးထားပါတယ် ။ ( အင်ဂျင်ဒီဇိုင်းပေါ်မူတည်ပြီး သတ်မှတ်အပူချိန် အတိအကျကတော့ ကွဲပြားပါတယ် )
အဲ့ဒီလို NOT အပူအတွင်းရှိအောင် ဘာနဲ့ ထိန်းချုပ်သလဲဆိုရင်
Cooling System ဆိုတဲ့ အအေးပေးစနစ်နဲ့ ထိန်းချုပ်ပါတယ် ။
Cooling System မှာ
(1) Air Cool
(2) Water Cool ဆိုပြီး အခြေခံ အအေးပေးစနစ်နှစ်မျိုးရှိပါတယ် ။
ယခုခေတ် ကားတွေမှာ အသုံးပြုနေတာက ရေတိုင်ကီလို့ ခေါ်တဲ့ Radiator တွေထဲကရေတွေကို Impeller Pump နဲ့ Circulation လုပ်ပြီး အအေးခံတဲ့ Water Cool System ပါ ။ ဒါကြောင့် ဘောနက် ဟစိပဲလုပ်လုပ် မလုပ်လုပ် ၊ အပြင်နေပူပူ မပူူပူ အင်ဂျင်ပူတာ မပူတာ ဘာမှ ကွာခြားမှုမရှိပါဘူး ။
အင်ဂျင်ရဲ့ Cooling System မှာရှိတဲ့ ပစ္စည်းတွေအကုန်ကောင်းပြီး သူတို့ရဲ့ Mechanism တွေ တိကျမှန်ကန်စွာ အလုပ်လုပ်နေသ၍ အင်ဂျင်ဟာ မပူလွန်း မအေးလွန်းဘဲ  Normal Operation Temperature အတွင်းမှာပဲရှိနေမှာပါ ။
ဘောနက်ဟစိလုပ်လို့ ဒီ အပူချိန် ကျမသွားသလို ၊ ဘောနက်ပိတ်ထားလို့လဲ ပိုမပူပါဘူး ။
သတ်မှတ်အပူချိန် 80 to 85 လောက်ဖြစ်လာရင် အင်ဂျင်မှာရှိတဲ့ Thermostat ဆိုတဲ့ ဘားကဖွင့်မယ် ရေတိုင်ကီနဲ့ အင်ဂျင်ထဲက ရေတွေ လည်ပတ်မယ် 85 ကနေ 90 ကျော်လာရင် Radiator မှာရှိတဲ့ Fan က ထလည်ပြီး ရေတိုင်ကီကို အအေးခံမယ် ။ ရေတိုင်ကီပြန်အေးရင် သာမိုစတတ်ပြန်ပိတ်မယ် ။ ပြန်ပူလာမယ် ။
အစရှိသဖြင့် အအေးပေးစနစ် သံသရာလည်ပါမယ် ။
ဘောနက်ဟစိလုပ်လို့ ဘာမှ မထူးခြားပါ ။ နောက်ပိုင်းဘယ်ကား Company မှ အပူချိန် သက်သာအောင် ဘောနက်ဖွင့်မောင်းရမယ်ဆိုပြီး Recommendation ပေးထားတာ မတွေ့ဖူးပါ ။ ဒီတော့ ဘောနက်ဖွင့်မောင်းလို့ အပူသက်သာတယ်ဆိုတာ လုံးဝမှားပါတယ် ။
မြို့ထဲမှာ မောင်းနေရင်း ဘောနက်ဟစိလုပ်တာ မသိသာပေမယ့် ၊ အဝေးပြေးလမ်းမပေါ်တက်လို့ ဘောနက် Lock ကျအောင်မပိတ်ဘဲ ဟစိလေးလုပ်မောင်းနေရင်
100 Km/h နှုန်းလောက်နဲ့ မောင်းနေချိန် Lock ပြုတ်ပြီး လေတိုးအားအရှိန်နဲ့ ဘောနက်ထပွင့်ရင် ရှေ့မြင်ကွင်းကွယ်ပြီး အားလုံး ဒုက္ခရောက်နိုင်ပါတယ် ။
နောက်ထပ် ကားကို တောက်လျှောက်မောင်းလို့ အင်ဂျင်ပူနေချိန် ၊ အင်ဂျင်ကိုရေလောင်းတာလည်း နည်းစနစ်မှားပါတယ် ။
အင်ဂျင်တွေဟာ သတ္တုအင်ဂျင် သံအင်ဂျင်တွေပါ ။ သတ္တုတွေ သံတွေဟာ အရမ်းပူနေချိန် ချက်ခြင်း ရုတ်တရုတ်အေးတာ ၊ အရမ်းအေးနေချိန် ရုတ်တရက်ပူတာမျိုးဖြစ်ရင် သတ္တုအဆွဲအကြုံ့သဘောအရ Crack ဖြစ်ပြီး ကွဲတတ်ပါတယ် ။
ဒီလောက်ဆို မိတ်ဆွေတွေ မှားနေတဲ့ အယူအဆအမှားတချို့ ကြေပျက်လောက်မယ်ထင်ပါတယ် ။
ဒီ Normal Operation Temperature အကြောင်းသဘောပေါက်ပြီဆိုရင် နေပူလို့ ကားHeat တက်တယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆက်စပ်စဉ်းစားနိုင်ကြပါစေဗျာ ။
နည်းပညာဗဟုသုတ တိုးတက်ကြပါစေခမျာ ။
Lynn Zarni (P.T.U)
Prime Auto Technology
Credit

No comments:

Post a Comment