******************
ကိုယ်တွေ့ဖြစ်ရပ် (၁)
တစ်ခါတုံးက
Summit Park View Hotel မှာ ဂျပန်လူငယ် ၂ ဦးက ကျနော့်ကားကိုမြင်တော့ Taxi ဆိုပီးလှမ်းမေးတယ်
ကျနော်က ကြိုတင်မှာထားတဲ့ ဧည့်သည်ကြိုရမှာမို့ မအားဘူးလို့ဆိုပြီး ငြင်းလိုက်တယ်
ဟိုတယ်တယ်ဝန်ထမ်းတယောက်ထွက်လာကာ taxi သူခေါ်ပေးမယ်ဆိုတယ်
ခဏာအကြာ နံပါတ်အနက်နဲ့ Black Taxi တစ်စီးရောက်လာတယ်
ဂျပန် ၂ ယောက်က အံ့အားသင့်စွာနဲ့ကားကိုကြည့်ပြီး ဒါ Taxi မှမဟုတ်တာ မစီးဘူး ဆိုပြီး လမ်းမကိုထွက် Taxi ငှားစီးသွားတယ်

နမူနာ ဖြစ်ရပ် ( ၂)
စာအုပ်တစ်အုပ်မှာ ဖတ်ရတာ
ရုရှားလုပ်ငန်းရှင်တစ်ဦးနဲ့ အမေရိကန်လုပ်ငန်းရှင်တစ်ဦး စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲမှာ အမေရိကန်သူဌေးကြီးက ရုရှားသူဌေးကြီးကို "ခင်ဗျား အစိုးရကို အခွန်မှန်မှန်ဆောင်ရဲ့လား" လို့ ရုတ်တရက် မေးလိုက်တယ်
ရုရှားသူဌေးကြီးပြန်ဖြေတာက "မင်းရူးနေလား" တဲ့
အဲဒါနဲ့ပဲ အမေရိကန်သူဌေးကြီးကစာချုပ်ချုပ်ပွဲကိုဖျက်သိမ်းပြီးပြန်သွားတယ်

လက်တွေ့ဖြစ်ရပ် (၃)
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားများစွာရှိတယ်
တချို့က တရားဝင်
တချို့က တရားမဝင်
ဘယ်လိုနည်းနဲ့သွားသွား လုပ်ငန်းရှင်နဲ့ အလုပ်သမား ပြသနာများစွာရှိတယ်
တရားမဝင်သွားသူတွေမှာ အလုပ်သားအခွင့်အရေးချိုးဖောက်ခံရမှု အနိုင်ကျင့်စေခိုင်းခံရမှု ညှင်းပန်းနှိပ်စက်ခံရမှုတွေပိုအဖြစ်များတယ်
အဲဒီလိုအမှုတွေကျူးလွန်တဲ့အလုပ်ရုံ စက်ရုံ လုပ်ငန်းတွေကထုတ်လုပ်တဲ့ ကုပစ္စည်းတွေကို အနောက်နိုင်ငံကကုန်သည်တွေ လုပ်ငန်းရှင်တွေ သုံးစွဲသူတွေက မဝယ်ဘူး အားမပေးဘူး ဝယ်သူသုံးစွဲသူတွေကိုလည်း ရှုံချကြတယ်
ဒီလိုနည်းနဲ့ လူလူခြင်း မတရားအနိုင်ကျင့်ခေါင်းပုံဖြတ်မှုတွေကို ဆန့်ကျင်ကြတယ်

အထက်ပါ နမူနာပြထားတဲ့ဖြစ်ရပ်တွေမှာ လူမျိုးရေး ဘာသာရေး နိုင်ငံရေးအယူဝါဒကွဲပြားမှုတွေမပါဘူး
ဂျပန်လူငယ် ၂ ယောက်က တရားဝင် Taxi မဟုတ်တဲ့အတွက် မငှားဘူး အားမပေးဘူး
အမေရိကန်သူဌေးက အစိုးရအပေါ်အခွန်မှန်မှန်မဆောင်ပဲ ကလိမ်ကကျစ်လုပ် စီးပွားရှာတဲ့သူနဲ့ လက်တွဲအလုပ်မလုပ်လိုဘူး အားမပေးဘူး
ဖွံ့ဖြိုးတိုးတက်တဲ့နိင်ငံကလူတွေဟာ လူ့ဂုဏ်သိက္ခာနဲ့မညီ လူအခြင်းခြင်း မတရားအနိုင်ကျင့်စေခိုင်းပြီးထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မသုံးဘူး အားမပေးဘူး
မိုင်တဲ
မိုင်တဲဟာ ဗီယက်နမ်ကုမ္ပဏီနဲ့ မြန်မာဖက်က စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့က ပူးတွဲလုပ်ကိုင်တာဖြစ်ပါတယ်

ဗီယက်နမ်ကုမ္ပဏီကိုအသာထား
ကိုယ့်မြန်မာနိုင်ငံဖက်ကပါဝင်တဲ့ ကုမ္ပဏီဟာ ဘယ်လိုကုမ္ပဏီလဲ စဉ်းစားသုံးသပ်ဖို့လိုတယ်

ခုချိန်ထိအဆုံးမသတ်နိုင်သေးတဲ့ အချင်းချင်းသတ်ဖြတ်နေတဲ့စစ်ပွဲတွေ သဘာဝသယံဇာတ တော တောင် ရေ မြေ အရင်းအမြစ် တွေကို လက်ဝါးကြီးအုပ်အပိုင်စီးထားမှုတွေ နိုင်ငံတော်အစိုးရက ထိမ်းသိမ်းစစ်ဆေး စီမံပိုင်ခွင့်မူဘောင်ရဲ့ အပြင်ဖက်ကိုထွက်နေမှု စတာတွေနဲ့ ပက်သတ်မှုရှိနေတာတွေ့ရပါလိမ့်မယ်
နမူနာအားဖြင့်
ဖြစ်ဆုံဒေသကိုရောင်းစားထားတဲ့ မြစ်ဆုံစီမံကိန်းပြသနာ
မြန်မာ့သဘာဝဓာတ်ငွေ့ အားလုံးနီးပါးကို ရောင်းစားထားမှု
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း
လက်ပတောင်းကြေးနီစီမံကိန်း
တကောင်းနီကယ်စီမံကိန်း
စသည်ဖြင့် နိုင်ငံအတွက် ရသင့်သလောက်အကျိုးကျေးဇူးမရတဲ့ လုပ်ငန်းပေါင်းများစွာမှာ ပါဝင်ပက်သတ်မှုရှိနေတာတွေ့ရပါမယ်

အယုတ်ဆွဆုံး ကိုယ့်နိုင်ငံသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေတဲ့ ပြည်တွင်းစစ်အဆုံးသတ်ပြီး ငြိမ်းချမ်းရေးမတည်ဆောက်နိင်သေးပဲ
ဒီစစ်ပွဲမှာ ပါဝင်ပက်သတ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းကို အားပေးသုံးစွဲတာဟာ စစ်မီးတောက်လောင်စေဖို့ လောင်စာဖြည့်ပေးနေတာနဲ အတူတူသာဖြစ်တယ်

ဒီလောက်ဆိုရင် အဲဒီလိုလုပ်ငန်းရှင်တွေကို အားပေးသင့်သလား
စဉ်းစားဆုံးဖြတ်လို့ရပါပီ
စဉ်းစားဆုံးဖြတ်လို့ရပါပီ
ကျနော်ကတော့ အခြားရွေးချယ်စရာတွေရှိနေသေးသမျှ မိုင်တဲကို မသုံးဘူး
Credit
လမ်းပေါ်ကလူ
လမ်းပေါ်ကလူ
No comments:
Post a Comment