===========
ဆယ်လမွန်ငါး၊ မက္ကရယ်ငါး၊ ဆာဒင်းနှင့် ထရောက်ငါးကဲ့သို့ သ ဘာဝအလျောက် အဆီများသော ငါးများသည် အိုမီဂါ-၃ ဖက်တီးအက်စစ်များ အဓိကပါဝင်ပြီး ယင်းအဆီဓာတ်များက နှလုံးကို ကျန်းမာစေပြီး ဦးနှောက်ကို အထောက်အကူပြုသည်။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့က သီတင်းတစ်ပတ်လျှင် အဆီပါသော ငါး နှစ်ကြိမ်စားပေးရန် အကြံပြုထားသည်။
ထောပတ်သီးတွင် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင် ပြီး ခန္ဓာကိုယ်က အာဟာရဓာတ်များ စုပ်ယူနိုင်ရန် အထောက်အ ကူပြုကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်။
ဖရုံစေ့၊ နေကြာစေ့နှင့် နှမ်းစေ့တို့တွင် ကိုလက်စထရော လျော့ ပါးစေသော ကောင်းမွန်သည့် အဆီဓာတ်များ ပါဝင်ပြီး တိရစ္ဆာန် ထုတ်ကုန်မှရသော အဆီဓာတ်များထက် ကျန်းမာရေးနှင့် ပိုညီ သည်။ အခြားအစေ့အဆန်များ၌ နှလုံးကျန်းမာရေးကို အထောက် အကူပြုသော အဆီဓာတ်များပါဝင်သည်။ သို့သော် မြေပဲ၊ သီဟိုဠ် စေ့၊ ဗာဒံစေ့ကဲ့သို့ အစေ့အဆန်များကို အလွန်အကျွံမစားမိစေရန် အရေးကြီးသည်။
သံလွင်ဆီတွင် ကျန်းမာရေးအတွက် ကောင်းသော အဆီဓာတ် များ ပါဝင်ပြီး ကျန်းမာရေးအတွက် စားသုံးပေးသင့်သည်။
ပရိုတင်းကြွယ်ဝစွာ ပါဝင်သော ဥများတွင် ကျန်းမာရေးနှင့်ညီ သော အဆီဓာတ်ပါဝင်ပြီး အချို့သော ဥများ၌ အိုမီဂါ-၃ ဖက်တီး အက်စစ်များ ပါဝင်သည်။
နှမ်းကြတ်စေ့တွင် ကျန်းမာရေးအတွက် ကောင်းသော အဆီ ဓာတ်ပါဝင်ပြီး အမျှင်ဓာတ်လည်း ပါဝင်သဖြင့် ခန္ဓာကိုယ်ရောင်ရမ်း မှုကို သက်သာစေသည်။
ပဲအမျိုးမျိုးတွင် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်အပြင် အခြားအာဟာရများစွာ ပါဝင်သောကြောင့် ကိုယ်နှင့်စိတ်ကျန်းမာ ရေးအတွက် ကောင်းမွန်သော အစားအစာဖြစ်သည်။ ပဲများတွင် အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်သည်။
အိုမီဂါ-၃ အားဖြည့်ထားသော အစားအစာများ စားပေးခြင်း ကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ အိုမီဂါ-၃ ပါဝင်သော နို့၊ ဥများ၊ ပေါင်မုန့် စသည်ဖြင့် စားပေးသင့်သည်။
No comments:
Post a Comment