Twitter Bird Gadget

Monday, February 5, 2018

ပန်းနီနီ



ကမ္ဘာကြီးရဲ့ ဆုံမှတ်မှာ
မတ်မတ်ရပ်လို့
အနီရောင်ပန်းတစ်ပွင့်ပွင့်ခဲ့တယ်

အားလုံးက တိုက်ခိုက်
အမုန်းတွေနဲ့စိုက်ပျိုး
ပန်းချိုးသမားတွေကြား
သူမ
ပါးပါးလေးပြုံးလို့

မိုးချွေလို့ မကြွေ
လေပြင်းလို့ မလဲ
မုန်တိုင်းထဲမှာတောင်
ပွင့်ပြသွားတာများ
အားလုံးငေးသွားတယ်

ပတ္တမြားမှန်တော့ နွံမနစ်
သမိုင်းအသစ်နဲ့
ခေတ်တစ်ခေတ်ရဲ့ပန်းချီကား
ဟော....ဟိုမှာကြည့်ပါ

အို...
လှလိုက်တာကွယ်
သံမဏိနှင်းဆီတဲ့
တစ်ခါလေးပွင့်လိုက်ရုံနဲ့
တစ်တောလုံးလည်း နီလို့။   


No comments:

Post a Comment