Twitter Bird Gadget

Monday, November 20, 2017

မြန်မာတို့ရေကျွန်တော်တို့ရှုံးပြီ။

မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီး
တစ်ယောက်နဲ့ ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ
စကားနည်းနည်း ပြောဖြစ်ကြတယ်။

ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး…
ဂျပန်မိတ်ဆွေက ပြောတယ်…။

ဟုတ်လို့လား ကျနော်ကတော့ ကွာတယ်လို့ ထင်ပါတယ်၊
ရှင်းပြပါအုန်း လို့ ပြန်ပြောလိုက်တယ်။

တကယ်တန်းက ဂျပန်တစ်ယောက်နဲ့ မြန်မာ တစ်ယောက်
Level တူ Ground filed မှာ ပညာရပ် ဖြစ်ဖြစ်၊
တီထွင်မှု ဖြစ်ဖြစ် တစ်ခုခုကို ပြိုင်ခိုင်းရင်
တခါတရံ ဂျပန်လည်း နိုင်နိုင်တယ်။
ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။

တစ်ယောက် တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်
၅၀% ခန့် ရှိတယ်။
မျှော်လင့်လို့ ရတယ် ပေါ့လေ…။

အဲဒီတော့…
ကျနော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်သေးတယ်။
ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်။

ဒါပေမယ့်ဆရာ…
ခင်ဗျားနဲ့ကျနော်
တစ်ယောက်ချင်းပြိုင်ရင် နိုင်ချင်တဲ့အခါ နိုင်မယ်
ပညာပေါ့နော်၊ အားကစား၊ နည်းပညာ တီထွင်မှုပေါ့။

ဂျပန်က ဖြတ်ထိုးဉာဏ်ထက်
လုံ့လ ဝီရိယ ပိုအားကောင်းတယ်။
မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။

ဒါပေမယ့် ဆရာ…. တဲ့။

ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့
ဂျပန် ငါးယောက် ပြိုင်ရင်တော့
ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး။
၁၀၀% မနိုင်ဘူး တဲ့။

ဘာဖြစ်လို့လဲဆိုတော့
ခင်ဗျားတို့က တစ်ဦးချင်း အရည်အချင်း စွမ်းရည် ရှိပေမဲ့
အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက်
ပေါင်းလုပ်ခဲ့ရင်
အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ…။

အဲဒီ cultural ခင်ဗျားတို့မှာအားနည်းတယ်။
အဲဒီလိုရှင်းပြတော့ ကျနော် မင်သက်မိတယ်။

တဆက်တည်း
ကျနော့်ဘေးကလူတွေ၊
ကျနော့်မိတ်ဆွေတွေ၊
ကျနော့် အသိုင်းအဝိုင်းတွေ၊
ကျနော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊
သမိုင်းကြောင်းတွေ အားလုံး
တန်းစီ စဉ်းစားမိရောပေါ့ဗျာ…။

သူပြောတာ ဟုတ်နေတာကိုး…။

အတော်ကို ဟုတ်နေတာ…..
ကျနော်တို့ ရှုံးဦးမှာပဲလေ ၊
တစ်ဦးချင်း ဘယ်လောက်ပဲတော်တော်
ဘယ်လောက်ပဲကောင်းကောင်း
မညီညွတ်ကြတော့ အချင်းချင်း မညီညွတ်ကျတော့…..။
အမြဲတမ်း ရှုံးနေဦးမှာပါ။

(Than Soe Economist)

No comments:

Post a Comment