Twitter Bird Gadget

Wednesday, July 5, 2017

တိုးတက်စေချင်လား

ဒေါ်​အောင်​ဆန်းစုကြည်​က ..
နိုဘယ်​လ်ဆုပဲ ရခဲ့တာ..
စျာန်​ အဘိဉာဏ်ရခဲ့တာ မဟုတ်​ဘူး။

အကျယ်​ချုပ်​က ထွက်​လာတာ..
ထွက်​ရပ် ​ပေါက်​လာတာ မဟုတ်​ဘူး။

ပညာ ဉာဏ်​​တွေသာ ရှိတာ ..
တန်ခိုးစွမ်းအား​တွေ ရှိတာ မဟုတ်​ဘူး။

​စေတနာ​ ပိုင်​ရှင်​သာ ဖြစ်​တာ
စေတလုံးပိုင်​ရှင်​ မဟုတ်​ဘူး။

ဒေါ်​အောင်​ဆန်းစုကြည်​က ..
စူပါမန်း မဟုတ်​ဘူး၊
​ဇော်​ဂျီ မဟုတ်​ဘူး၊
ဘိုးဘိုး​အောင်​ မဟုတ်​ဘူး၊
အရှင်​အဇ္ဇဂေါန မဟုတ်​ဘူး။

​ဒေါ်စု ဥုံဖွ မမန်းနိုင်​ဘူး။
ဖြစ်​​စေ ဆိုရုံနဲ့ မရနိုင်​ဘူး။

​ဒေါ်စု လုပ်​လို့ရတာ ..
စီမံခန့်ခွဲမှု ၊ ​ခေါင်း​ဆောင်​မှု ၊ လမ်းညွန်​​ပေးမှု၊

ကမ္ဘာ​ပေါ်က တိုင်းပြည်​ကို တည်​​ထောင်​သွားကြတဲ့
​ခေါင်းဆောင်​​တွေ လုပ်​လို့ရတဲ့ အလုပ်​မျိုးပဲ
​ဒေါ်စု လုပ်​တတ်တာ။

ကမ္ဘာ​ပေါ်က ...
အောင်​မြင်​သွားတဲ့ နိုင်​ငံ​တွေ
သူတို့ ​ခေါင်း​ဆောင်​​နောက်​မှာ
ပြည်​သူ​တွေ ဘယ်​လို ကျိုးစား ခဲ့ကြလဲ ။
ဘယ်​လို တာဝန်​ ယူခဲ့ကြလည်း ပြန်​​မေးကြည့်ဦး။

သည်​နိုင်​ငံက ​ကောင်​​တွေက​တော့ ...
ကိုယ်​ကျိုး အတွက်​ မကြည့်ပါဘူး ဆိုတဲ့ ​ခေါင်း​ဆောင်​

​စေတနာ ထားပါတယ်​ ဆိုတဲ့ ​ခေါင်း​ဆောင်​

ပညာ ရှိပါတယ်​ ဆိုတဲ့ ​ခေါင်း​ဆောင်​  ကို​တောင်​
နည်းပေါင်းစုံနဲ့ ထိုးနက်​ ၊

ကိုယ်​တိုင်​က သာ အခွန်​​သောက်​ပြား တပြား မ​ဆောင်​ဘူးတာ

အခွန်​​တွေ ​ကောက်​​နေပါတယ်​ ​ဝေဖန်​၊
အမိုက်​​ကောက်​ ​ကောက်​ပြန်​​ပေါ့
သစ်​ပင်​စိုက်​ ဆိုက်​ပြန်​​ပေါ့
မီတာခ တိုး တိုးပြန်​​ပေါ့ .

ကိုယ်​ကသာ တိုင်းပြည်​တွက်​ ဘာမှ
လုပ်​မ​ပေးချင်​တာ
ငါတို့တွက်​ ဘာမှ မရ​သေးဘူး ​ပြောလို့​ပြော
ဘာမှ မထူး ​ပြောသူ​ပြော ...
ဟုတ်​တယ်​ ဘာမှ မထူးဘူး။
ဘာမှ မတိုးတက်​ဘူး။

သည်​လို ​ကောင်​​တွေ များ​နေတဲ့ တိုင်းပြည်​
တနှစ်​နဲ့ မတိုးတက်​တာ မ​ပြောနဲ့
မဆုတ်​ယုတ်​တာ​တောင်​
​ဒေါ်စု ​တော်​လွန်း လို့ဆိုတာ မှတ်​ထား

Cd.  Tin moe swe
via-U Gaw Thita     မျှဝေပါသည်

No comments:

Post a Comment