ကမန် ...... ဆိုတာ ဘာလဲ။
ကမန်........ဆိုတာ ဘာလူမျိုးလဲ။
ဘယ်ဘာသာကို ကိုးကွယ်ကြတာလဲ...ဆိုတာ
အကိုကပ္ပိယကြီး
သိရင်ဖြေပေးပါလားမေးလာလို့
ဟိုးအရင်ကဖြေပေးဖူးတာကို
ယခုလည်း မျှဝေပေးလိုက်ပါမယ်။
ကမန်ဆိုတာ
ရခိုင်တိုင်းရင်းသားလူမျိုးများ၏မျိုးနွယ်စု ရ စုမှ
တစ်စုဖြစ်ပါတယ်။
၁ ။ရခိုင်
၂ ။မရမာကြီး
၃ ။မြို
၄ ။ဒိုင်းနက်
၅ ။ကမန်
၆ ။သက်
ရ ။ခမီး......ဆိုပြီး မျိုးနွယ်တွေဖြစ်ပါတယ်။
ကမန်လူမျိုးများဟာ
ရမ်းဗြဲအပိုင် ကျောက်နီမော်မှာ
အများဆုံးနေထိုင်ကြတာ ဖြစ်ပြီး
⚜စစ်တွေ
⚜သင်းကနက် ကျေးရွာ
⚜သံတွဲမြို့တွေမှာလည်း နေထိုင်ကြပါတယ်။
ကမန်တွေ ကိုးကွယ်တဲ့ဘာသာဟာ
အစ္စလာမ်ဘာသာ....ကိုကိုးကွယ်တာဖြစ်ပါတယ်။
⚜ဘာသာစကား
⚜ဝတ်စားဆင်ယင်ပုံတွေကတော့
ရခိုင်တွေလိုပဲ ပြောကြ/ဝတ်ကြပါတယ်။
ဒီနေရာမှာ
မေးမယ်ဆိုမေးလို့ ရပါတယ်။
ရခိုင်တွေဟာ
ဗုဒ္ဓဘာသာကိုသာ
အထွဋ်အမြတ်ထားကိုးကွယ်ခဲ့ကြတာ။
အစ္စလာမ်ဘာသာဝင်တွေကို
မိမိတို့လူမျိုးခွဲ အဖြစ်သတ်မှတ်ပါ့မလား...ဆိုတဲ့
မေးခွန်းမျိုးပေါ့ ။
အဲဒီလိုဆိုရင်
ကမန်တွေ ဘယ်ကလာသလဲဆိုတာကို သိဖို့လိုပါမယ်။
အေဒီ ၁၄၀၄ ခုနှစ်တွင်
ထီးနန်းဆက်ခံခဲ့သော
လေးမြို့ခေတ်ပဥ္စမြို့ကို အုပ်စိုးခဲ့သူမင်းစောမွန်ဟာ
အေဒီ ၁၄၃၀ မှာ
မျောက်ဥ မြို့ ( ဝါ )
ယခုခေါ် မြောက်ဦးမြို့ကို တည်ထောင်ခဲ့တာပါ ။
မြောက်ဦးမြို့အကြောင်း
ဗဟုသုတအဖြစ်
အနည်းငယ်လေး ရှင်းပြချင်ပါသေးတယ်။
ရ၉၂ ခု၊တော်သလင်းလဆန်း ၁ ရက်
မိလက်စန်း၌ မြို့တည်မူ
⚜မင်းအသက်ရှည်အံ့
⚜မြို့ ၃ နှစ်အတွင်းပျက်စီးအံ့ ။
ကန်လက်စန်းနှင့် မြို့တည်မူ
⚜မင်းအသက် ၃ နှစ်ရှည်အံ့ ။
⚜မြို့ မူကားအသက်တစ်ရာကျော်ရှည်အံ့...ဟု
ဆိုခဲ့သော်လည်း
မိမိအသက်ကို ပဓာန မထားဘဲ
ကန်လက်ဆန်းနဲ့ မြို့တည်ခဲ့ခြင်း ဖြစ်ပါတယ်။
မြို့တည်ရန်
⚜တောင်ညိုတောင် နှင့်
⚜ကုက္ကားတောင်နှစ်တောင်ကို တူးဖော်မြေညှိတဲ့အခါ
ရွှေဒေါင်းဥကို
မျောက်စောင့်နေတာကိုအစွဲပြု ပြီး
မျောက်ဥမြို့လို့ ခေါ်တွင်ရာမှ
ယခု ...... မြောက်ဦးဟု ခေါ်တွင်ခြင်းဖြစ်ပါတယ်။
ဒါလေးတွေက
ဗဟုသုတအဖြစ်.................ပြောပြတာပါ ။
ကမန်အကြောင်း ပြန်ဆက်ပါမယ်။
မြောက်ဦးခေတ်မှာ
ရခိုင်ဘုရင့်တပ်မတော်ဟာ အင်အားကြီးမားခဲ့ပါတယ်။ ⚜အာရပ်စစ်သားတွေ
⚜ပေါ်တူဂီတွေ
⚜ဂျပန်တွေလည်း
အမှုတော်ထမ်းခဲ့ကြတဲ့အထိ အင်အားရှိခဲ့တာပါ။
ဘာကြောင့်
ကမန်ဆိုတာခေါ်သလဲဆိုရင်
ရှေးရခိုင်တွေဟာ လေးသည်တော်ကို
ကမန်....ဟု ခေါ်ဆိုခြင်းကနေဖြစ်ပေါ်လာတာပါ။
အာရပ်စစ်သည်တော်တွေဟာ
အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး
ခိုလှုံဝင်ရောက် အမှုတော်ထမ်းခဲ့သည့်အတွက်
လေးသည်တော်ကမန်များကို
ရခိုင်တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့်
ရခိုင်လူမျိုးစုတွင်
အစ္စလာမ်ကိုးကွယ်သော ကမန်လူမျိုးစု ရှိနေခဲ့တာပါ။
၁၆၆၀ ခုနှစ်လောက်တွင်လည်း
ဘင်္ဂလားဘုရင်ဟာ စစ်ရှုံး၍
မြောက်ဦးကို ခိုလှုံလာစဉ်ကလည်း
နောက်ပါ
အာဖဂန်အနွယ်စပ်
အစ္စလာမ်ဘာသာဝင်တွေ ပါလာခဲ့ပါသေးတယ်။
ယင်းအစ္စလာမ်ဘာသာဝင်များသည်
⚜ရခိုင်စကားနှင့်
⚜ရခိုင်အမည်များကိုသာ အသုံးပြုကြပြီး
သီးခြားရွာတွေမှာ နေထိုင်ကြပါတယ်။
သူတို့ကိုလည်း
ကမန်လူမျိုးစုများအဖြစ်
သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ကမန်တွေဟာ
⚜ရခိုင်ပြည်နယ်တွင် ပြသနာဖန်တီးခြင်း
⚜ဘာသာရေးကိစ္စနှင့်
စကားများခြင်း/ဖန်တီးခြင်းတို့မလုပ်ကြဘဲ
ရခိုင်လူမျိုးများနှင့်
အေးအတူ ပူအမျှ နေထိုင်လာခဲ့ကြတာဖြစ်လို့
နှောင်းပိုင်းကာလအထိ
ကမန်ဆိုတာ
အစ္စလာမ်ဘာသာဝင် ရခိုင်လူမျိုးဖြစ်ကြောင်းကို
သိသူ ရှားပါးခဲ့ကြပါတယ်။
ဒါဆို..... ကမန်ဆိုတာ
⚜ဘယ်သူ
⚜ဘယ်က
⚜ဘယ်ဘာသာလည်းဆိုတာ
သိကြလိမ့်မယ် ထင်ပါတယ်။
နောက်ဆက်တွဲဖြစ်ပေါ်နေတာကတော့
⚜ကမန်ကို ရိုဟင်ဂျာဟုလည်းကောင်း
⚜ရိုဟင်ဂျာကိုကမန်ဟုလည်းကောင်း
အမျိုးမျိုးအမည်တပ်သုံးစွဲနေခြင်းကတော့
မမှန်ကန်တဲ့ ကိစ္စဖြစ်ပါတယ်။
ရိုဟင်ဂျာအကြောင်းကိုတော့
နောက်များမှ....... ဖော်ပြပေးပါဦးမယ် ။
လေးစားလျှက်ပါ။
2.7.2017
( အညတြ ကပ္ပိယ )
မိုက်ကယ် မင်းထွန်း
No comments:
Post a Comment