၁၉၄၅.စစ်ပြီးစ ကာလ.....
ဗြိတိသျှအစိုးရ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် အသစ်ပြန်လည်
ဖွဲ့စည်းမည့် "ဗားမားအာမီ" ခေါ်
မြန်မာနိုင်ငံစစ်တပ် ကို..ဗိုလ်ချုပ်ကိုယ်တိုင်..ဗိုလ်မှူးချုပ်ရာထူး
အဆင့် နှင့် ဆက်လက်၍ တာဝန်ယူဦးစီးကွပ်ကဲ ပေးပါ
ရန် အာရှမဟာမိတ်တပ်ပေါင်းစု ရေတပ်ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန် က
စာဖြင့်ရေးသားကမ်းလှမ်း ခဲ့ပါသည်....
ဗိုလ်ချုပ်က ထိုကမ်းလှမ်းချက်ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း
သို့သော် မိမိအနေဖြင့်လက်မခံနိုင်ပါ
ကြောင်း ရည်မွန်ယဉ်ကျေးစွာ စာဖြင့်ရေးသား ငြင်းဆို
ခဲ့ပြီး သူ့ကိုယ်စား.ဗိုလ်မှူးကြီးလက်ျ ာ ကို တပ်မတော် ကွပ်ကဲ
အုပ်ချုပ်ရန် စီစဉ်ပေးခဲ့ပါသည်......
သူကိုယ်တိုင်ကမူ...
တပ်မှထွက်၍.ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌ အဖြစ် နိုင်ငံရေးလောကသို့
ဝင်ရောက်ကာ(မပြီးဆုံးသေးသည့်) မြန်မာ့လွတ်လပ်ရေး အတွက် နေ့မနား ညမနား
ဦးဆောင်ကြိုးစားနေပါတော့သည်...
တစ်နေ့......
တာဝါလိမ်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်သို့ ရှမ်းအမျိုးသားကြီး တစ်ဦး
လူငယ်အဖော်တစ်ယောက် နှင့် ရောက်လာ ပါ
သည်....
ထိုအချိန်က ဗိုလ်ချုပ်မှာ.အလွန်အလုပ်များသလောက် တစ်နေ့တစ်နေ့
သူနှင့်တွေ့ချင်သူ များလှသည် အနယ်နယ် အရပ်မှ နိုင်ငံရေးသမားများ.ရဲဘော်ဟောင်းများ.
နိုင်ငံခြားသတင်းထောက်များ.ဗြိတိသျှထောက်လှမ်းရေး
များ စသဖြင့် လူမျိုးစုံလှသည်.....
ထို့ကြောင့် ရောက်လာသူ ရှမ်းအဖိုးကြီးအား ဘာကိစ္စ
ရှိပါသလဲ ဟု ကျနော် က မေးရာ......သူက
"ဗိုလ်ချုပ်နဲ့
တွေ့ချင်ပါတယ်...ဗိုလ်ချုပ်သုံးစွဲဘို့ အတွက် လှူချင်လို့ လာတာပါ" ဟု
ပြန်ဖြေပါသည်...
ဤတွင် ကျနော် က ဒီ ရှမ်းအဘိုးကြီးကို တော့ ဗိုလ်ချုပ်နှင့်
လုံးဝပေးတွေ့ လို့မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်သည်...
ဗိုလ်ချုပ် အတွက် လာရောက်လှူဒါန်း ပြီဆိုကတည်းက
ဗိုလ်ချုပ် လုံးဝ လက်ခံမည်မဟုတ်ကြောင်း ကျနော် တစ်ထစ်ချ
သိနေသောကြောင့်ပင်တည်း....
"ဒီမယ်...ဦးကြီး...ဦးကြီးရဲ့
စေတနာ သဒ္ဒါတရားကိုတော့လေးစားပါတယ်..ဒါပေမယ့်..ဗိုလ်ချုပ်က ဒါမျိုး
လုံးဝလက်မခံပါဘူး..ဦးကြီး လှူချင်သပ ဆိုရင် ဗဟန်း
က ဖဆပလ အဖွဲ့ချုပ်ကြီးမှာ သွားလှူလို့ရပါတယ်..."
ဒါကြောင့် ဦးကြီး အနေနဲ့ အဲ့ဒီကိုသာ ကြွကြပါ".....
ကျနော် ဤသို့ပြောသော်လည်း အဖိုးကြီးက လုံးဝလက်မခံ လွယ်အိတ်ထဲမှ
အထုပ်တစ်ထုပ်ကို ဖြေ၍ စားပွဲပေါ်
လာတင် ပါသည်....ထိုအထုပ်ကိုကြည့်လိုက်ရာ ဝင်းလက် တောက်ပြောင်နေသော
ရွှေချောင်း အမြောက်အများကို ထူးဆန်းစွာ တွေ့လိုက်ရ၍ ကျနော် များစွာ အံသြမှင်သက်
မိသွားပါသည်...
"ဒီလိုပါ
ဗိုလ်ကြီး ...ကျုပ်က ဗိုလ်ကြီးပြောတဲ့ ဌာနချပ်ကို သွားပြီး ရန်ပုံငွေတွေလည်း
လှူခဲ့ပြီးပါပြီ...ဒါက ဗိုလ်ခုျပ်အတွက်
သီးသန့်လာလှူတာပါ...ဗိုလ်ချုပ်တပ်ကထွက်လိုက်လို့ ခုဆိုလစာဝင်ငွေကလည်းမရှိ မိသားစုခြွေတာ
ခြစ်ခြုတ် စားသောက်နေရတယ်ဆိုတာ သိလို့ နိုင်ငံလွတ်လပ်ရေး ကို
နောက်ဆံမတင်းပဲ လုပ်နိုင်အောင်လို့
စေတနာသက်သက် နဲ့ ဒီရွှေတွေကို လာလှူရခြင်းဖြစ်ပါတယ်....
ဗိုလ်ကြီး အနေနဲ့ ဗိုလ်ချုပ်ကို မေတ္တာ ရပ်ခံပေးစေချင်ပါတယ်...
ကျနော် လည်း သူ၏စေတနာကို လွန်စွာ လေးစား
မိသည်နှင့်အမျှ အမတန် အားနာသွားမိပါသည်....
ထို့နောက် ဗိုလ်ချုပ်ရှိရာအပေါ် ထပ်သို့ တက်ရောက် ပြီး ဖြစ်စဉ်အတိုင်း
သတင်းပို့လိုက်ပါသည်.. .......
ကျနော် ၏ စကားမဆုံးမှီ ထင်သည့်အတိုင်း ဗိုလ်ချုပ်က ကြားဖြတ်၍
မျက်နှာတင်းတင်း နှင့် ပြစ်တင်ကြိမ်းမောင်း
ပါ တော့သည်.....
"ဟေ့ကောင်...ငါ..ဒါမျိုး
ဘယ်တုန်းက လက်ခံဘူးလဲ .
မင်း..ပြောစမ်း..."
သာမန်အားဖြင့် ကျနော်သည် ဗိုလ်ချုပ်အား ပြန်ပြော
လေ့ မရှိ.......ခုတော့ ပြသနာကို ပြေလည်အောင် ကြားဝင် ရပေပြီ....
ဗိုလ်ချုပ်ရယ်...သူ့ခဗျာ စေတနာသန့်သန့် နဲ့ အဝေးကြီး
က လာတာပါ..ဘာမျှော်လင့်ချက်မှ လည်းမရှိပါဘူး...
ဗိုလ်ချုပ်သည် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်....
"ဟေ့ကောင်..
....ဒီလိုလုပ်ရင် မကောင်းဘူးလား...
အဲ့အဘိုးကြီး ကို ငါ ဆင်းတွေ့ပြီး..သူကျေနပ်သွားအောင်
ရွှေချောင်းတွေကို လက်ခံကြောင်း စာရွက်မှာ လက်မှတ်ထိုးပေးလိုက်မယ်.....
ပြီးမှ သူပြန်သွားတာနဲ့..
အဖွဲ့ချုပ်က ဘဏ္ဏာရေးမှူး မြန်မာ့အလင်း ဦးတင် စီကို မင်း
သွား..ဗိုလ်ချုပ်က အဖွဲ့ချုပ် ရန်ပုံငွေ အတွက် အလှူခံ ပေးလိုက်တယ်လို့..ပြောပြီး
အကုန်သွားပေးချေ..."
အာ့ဒါဆို ပြသနာ ပြေလည်မလား....."
ကျနော် လည်း သဘောတူဟန်ဖြင့် ခေါင်းငြိတ်ပြလိုက်ပါသည်.....
ထို့နောက် ကျနော်လည်း ရှမ်းအဘိုးကြီးကို ခေါ်၍ ဗိုလ်ချုပ်နဲ့
မိတ်ဆက်ပေးလိုက်ပါသည်...
ဗိုလ်ချုပ်က ရွှေချောင်းအထုပ်ကို လက်ခံရင်း ပြုံးလျက်..
"ကျေးဇူး
အမျာကြီးတင်ပါတယ်...ဦးကြီး.ခင်မျာ...
ဦးကြီးတို့ ရှမ်းပြည်အပါအဝင် တစ်နိုင်ငံလုံး ကို လွတ်လပ်ရေး ရအောင်
ကျနော် အစွမ်းကုန် ကြိုးစား လုပ်ဆောင် ပါ့မယ်..."......ဟုပြောပြီး...လက်ခံကြောင်း
စာရွက် ပေါ်တွင် အောင်ဆန်းဟု လက်မှတ်ထိုးကာ
ရှမ်းအဘိုးကြီးအား ပေးလိုက်သည်.....
အဘိုးကြီးသည် မျက်လုံးများကြည်လင် တောက်ပြောင်လာပြီး ခံစားမှု့
ပေါင်းစုံဖြင့် ဗိုလ်ချုပ်မျက်နှာကို ငေးစိုက်ကြည့်ရင်း.....
"ဗိုလ်ချုပ် ကို
နာမည်ကြားယုံနဲ့ တင် ကြည်ညိုလေးစား နေမိတာပါ..အမှန်တကယ် တွေ့ရတော့ အသက် ငယ်ငယ်လေး
ပဲ ရှိပါသေးလား လို့ အံသြမိတယ်...
တိုင်းပြည် လွတ်လပ်ရေး ရအောင် မုချ စွမ်းဆောင် ပေး
နိုင်လိမ့်မယ်လို့ မြင်ကတည်း က ယုံကြည်မိပါတယ်..."
ပြောပြောဆိုဆို အဘိုကြီးသည် လက်အုပ်ချီကန်တော့
ရန် ကြမ်းပြင်ပေါ်သို့ ထိုင်ချ လိုက်ရာ...ဗိုလ်ချုပ်က လျင်မြန် စွာထ၍
တားရင်း.....
"မလုပ်ပါနဲ့..
.ဦးကြီး...ကျနော် ငရဲကြီး နေပါ့မယ်...
ဦးကြီး ရဲ့ မွန်မြတ် တဲ့ စိတ်စေတနာကို ကျနော် ကတောင် ကန်တော့
သင့်တာပါ.."
ဤသို့..ဗိုလ်ချုပ်ကိုယ်တိုင်က နှစ်သိမ့် ပြောလိုက်မှ...
ရှမ်းအဘိုးကြီးလည်း နားလည်ဟန် ဖြင့် ခေါင်းငြိမ့်ပြီး
နောက် နုတ်ဆက် ၍ ပြန်သွား ရှာပါတော့သည်....
ကျနော် လည်း ရွေချောင်းထုပ်ကို ကိုင်လာရင်း.အဖွဲ့ချုပ် သို့သွားရာ
လမ်းတစ်လျှောက်လုံး...
ဝတ်လုံတော်ရ ဦးကျော်မြင့် ပြောခဲ့ဘူးသော စကားတစ်ခွန်းကိုသာ
(နားထဲမှာ)အဖန်ဖန် အထပ်ထပ် ပြန်လည် ကြားယောင် နေမိပါတော့သည်.....
"အာဇာနည် လို့
ဆိုလောက်တဲ့..ခေါင်းဆောင်မျိုး ဆိုတာ (သမိုင်းတစ်ခေတ်)နှစ်ငါးရာ တစ်ထောင်မှ
တစ်ယောက်
တစ်လေ ပေါ်ထွက်
တတ်တာ...."..တဲ့လေ.....
(တက္ကသိုလ် နေဝင်း....ရဲ့..ကိုယ်တွေ့...သမိုင်းစကားကို
ထပ်ဆင့် ခံစားပါသည်....)
No comments:
Post a Comment