Twitter Bird Gadget

Monday, February 13, 2017

အမှတ်တရ....အောင်ဆန်း (၆)





တစ်နေ့....
(အချိန်ကား မွန်းလွဲ ၃နာရီ ခန့်...)
လျှပ်စစ် (လူခေါ်)ခေါင်းလောင်းသံ ကြားသဖြင့်..
ကျနော်လည်း ဗိုလ်ချုပ်ရုံးခန်း အတွင်းသို့ ခတ်သုတ်
သုတ် ဝင်သွား လိုက်ပါသည်

"ဘာမျ ားလည်း..ဗိုလ်ချုပ်"...
ကျနော်က ထုံးစံအတိုင်း သတင်းပို့ရင်း ..မေးလိုက်ရာ....

ဗိုလ်ချုပ်သည် နိုင်ငံခေါင်းဆောင် တစ်ဦးက သူ့(ပီအေ)
ကို ပြောသည့်ဟန်မျိုး မဟုတ်ဘဲ ကျေ ာင်းနေဘက် 
ငယ်သူငယ်ချင်း အား ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့်.....

"ငါ အခု ဗိုက်အရမ်း ဆာနေလို့..တစ်ခုခု စားချင်တယ် ကွာ".....ဟုပြောပါသည်...

ဗိုလ်ချုပ် ဘာကြောင့် ဗိုက်ဆာ နေသလဲ ဆိုတာ ကျနော် ကောင်းကောင်းရိပ်မိ လိုက်ပါပြီ...

မနက်က ရုံးမလာမီ ..ကျနော်တို့ ဆရာတပည့် နှစ်ဦးကို မမကြည်က (ထိုအချိန်က ဈေးအပေါဆုံး)ဘဲဥ ဟင်းနဲ့ ကျွေး လိုက်ပါသည်...
ဗိုလ်ချုပ်က ဘဲဥဟင်းကို မကြိုက်၍လားမသိ တစ်ပန်း ကန် သာစားခဲ့သည်...

ရုံးရောက်ပြီးနောက်လည်း...
ဗိုလ်ချုပ် သည် တစ်နေကုန် ဆက်တိုက်အလုပ်တွေ လုပ်နေသဖြင့် ဘာမှ မစားမသောက် ရသောကြောင့် ခုလို ဗိုက်ဆာ တယ်.ဟု ထုတ်ပြော လာခြင်း ဖြစ်ပါ
သည်....

ကျနော် သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ သနား
သွားမိပါသည်....သူ့ခဗျာ တစ်ကယ်ပင် ဆာလောင်နေ ပုံ.. သူ့ကို ကြည့်ရင်း..ကျနော် တစ်ခုခု ဝယ်ကြွေးချင်စိတ် ဖြစ်ပေါ်လာမိ ပါသည်...

"ဗိုလ်ချုပ် ဘာများ စားချင်လို့လည်း"
ကျနော် က မေးလိုက်ရာ ဗိုလ်ချုပ်က ဝမ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်.....

"ဘာလည်း မင်းက ငါ့ကို ဝယ်ကြွေးမလို့လား..မင်းမှာရော ပိုက်ဆံရှိလို့လား..".......

သာမန်အားဖြင့် ကျနော် ဗိုလ်ချုပ်ကို ဘယ်တော့မှ လိမ်ပြောလေ့မရှိ..(သူသည် လိမ်ပြောခြင်း ကို ဘယ်တော့မှ မကြိုက်)..
ဒီတစ်ခါတော့ ကျနော် အမှန်တိုင်း ပြော၍ မဖြစ်တော့...

"ကျနော့ မှာ ပိုက်ဆံပါပါတယ်.ဗိုလ်ချုပ် ဘာစားချင်တယ် ဆိုတာသာ ပြောပါ".....

အမှန်တော့ ကျနော့ အိတ်ကပ်ထဲမှာ ငွေခုနှစ်ကျပ် သာ ရှိပါသည်..ကျနော် က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်က ယုံကြည်သွားပုံ ရပါသည်.....

"ဟုတ်လား..မင်း တတ်နိုင်ရင် တော့ ..မဂိုလမ်းက ပလာတာ နဲ့ ခါးပတ် စားချင်တာ..ကွာ".....

"အာ...ရတာပေါ့ဗိုလ်ချုပ်...
ကျနော့ မှာ ပိုက်ဆံ အလုံအလောက် ပါပါတယ် "

ကျနော် ပြောပြောဆိုဆို နဲ့ ဗိုလ်ချုပ်ကို ကားပေါ်တင်ခေါ်ပြီး မဂိုလမ်းဘက် မောင်းထွက်လာခဲ့ ပါသည်..

မဂိုလမ်း ဗလီကြီးအောက်ရှိ ပလာတာ နဲ့ ဒံပေါက် ဆိုင်မှာ ထိုအချိန်က နာမည်ကြီးလှသည်...

ဆိုင်ရောက်ပြီ ဆိုရင်ပဲ လူငယ်စားပွဲထိုး များသည် အလွန်ဖော်ရွေစွာဖြင့် နေရာထိုင်ခင်းပေးကြရာ ကျနော် တို့လည်း စားပွဲ တစ်လုံးတွင် ဝင်ထိုင်ပြီး တစ်ယောက်လျင် "ပလာတာ နှစ်ချပ် နှင့် ဆိတ်သားခါးပတ် တစ်ပွဲစီ" လှမ်းမှာ လိုက်ပါသည်....

ပြီးတော့မှ ကျနော် သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသည့် ဆိုင်ပိုင်ရှင်အနီး ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်.....

"ဟိုမှာ ထိုင်နေတဲ့လူကို ခင်များသိလား..အာ့ဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ...သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ..ကျုပ်ခေါ်လာတာ...ခက်တာက ကျုပ်တို့မှာ ပိုက်ဆံ ပါမလာဘူး...ဒါကြောင့်...ခုစားထားတဲ့ ကျသင့်ငွေကို မနက်မှ ကျုပ် လာပေးပါရစေ...နောက်ပြီး ဗိုလ်ချုပ် က မေးရင် ရှင်းပြီးပြီလို့ ခင်များ ဖြေပေးပါ....ကျုပ်မှာ ပိုက်ဆံ ံမပါ တာကို သူမသိစေချင်ဘူး...."

ကျနော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလား
လည်း အံအားသင့်စွာ နဲ့ ဗိုလ်ချုပ်ကို လှမ်းကြည့်ရင်း ခေါင်းညိတ် အဖြေ ပေးပါသည်....

ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောပဲ အားရပါးရ စားနေပါတော့သည်..

ကျနော် လည်း ဗိုလ်ချုပ်ကိုကြည့်ပြီး ဝမ်းသာမိသည် နှင့်အမျှ  ဗမာ့လွတ်လပ်ရေးကို အရယူပေး ရန် အားမာန်အပြည့် နှင့် ဆုံးဖြတ်ထားသူ နိုင်ငံခေါင်းဆောင် ကြီး
သည် လူသား တစ်ယောက်အနေဖြင့် သနားစရာ
ကောင်း လှပါလား လို့ စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိ ပါသည်..

ခဏကြာတော့.....

"ဟေ့ကောင်..မင်းစားပြီးရင် သွားမယ်...ပိုက်ဆံ ခေါ်ရှင်း လိုက်လေကွာ"......
ဟု ပြောရာ ကျနော် လည်း..

"ရှင်းပြီးပါပြီ ဗိုလ်ချုပ် ...စောစောက စားစရာ မှာရင်း 
ကျနော် တစ်ခါတည်း ရှင်းခဲ့တာ...."ဟုပြောပြောဆိုဆို 
ဆိုင်ရှင်ကုလား ကို လှမ်းခေါ်ရင်း မျက်ရိပ်ပြလိုက်ရာ...ဆိုင်ရှင် သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြု ရင်း "ပိုက်ဆံ ရှင်းပြီးပါပြီ "ဟု ပြုံး၍ပြောပါသည်

"ဘယ်နဲ့လဲ ဗိုလ်ချုပ်.. စားလို့ ကောင်းပါရဲ့လား"

ကျနော် က ဆိုင်ရှင်ရှေ့တွင် ပင် မေးလိုက်သောအခါ ..

"အေးကွာ...ကျောင်းသားဘဝ တုန်းကတော့ တစ်ခါ စားဘူးတယ် ...ခု မစားရတာ ကြာလို့လား မသိဘူး..
အလွန်စား လို့ကောင်းတယ်..."
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘော
ကျ သွားပုံ ရပါသည်....

ထို့နောက် ဆရာတပည့် နှစ်ဦး ကားပေါ်တက်ကြပြီး ဗဟန်းက နေအိမ်သို့ ကားမောင်း၍ ပြန်လာ ခဲ့ကြပါတော့ သည်.....

(နောက်တစ်နေ့ နံနက် မှာတော့ ရုံးမတက်မှီ..ပလာတာ ဆိုင်သို့ အမြန်ပြေးပြီး..ကျသင့်ငွေ ကို ရှင်းပေးလိုက် ရပါ
သည်)
....................................

တက္ကသိုလ် နေဝင်း ၏ သမိုင်းစကားကို ထပ်ဆင့် ခံစားလျက်........

Tint Wai..

No comments:

Post a Comment