အိမ်ကလေးကသေးတယ်
သဘောထားကြီးပါ ငါ့မိန်းမ။
ခြံကလေးက ကျဉ်းတယ်
အမြင်ကျယ်ပါ ငါ့သား။
ရာသီဥတုက ကြမ်းတယ်
စိတ်ထားသိမ့်မွေ့ပါ ငါ့သမီး။
ဘဝက မမြဲဘူး
ကတိတည်ပါ ငါ့ဦးလေး။
လူ့သက်တမ်းက တိုတယ်
စိတ်ရှည်ပါ ငါ့အစ်မ။
လမ်းတွေက ကွေ့ကောက်တယ်
ဖြောင့်ဖြောင့်လျှောက်ပါ ငါ့ညီ။
ဝဋ်ဆိုတာ လည်တယ်
သီလထိန်းပါ ငါ့အဘ။
ဆုးံဖြတ်ချက်က မှားတတ်တယ်
အနေမှန်ပါ ငါ့ နှမ။
လောကကြီးက ရှုပ်ထွေးတယ်
ရှင်းရှင်းလုပ်ပါ ငါ့သူငယ်ချင်း။
ကံတရားက ဆန်းကြယ်တယ်
ရိုးသားစမ်းပါ ငါ့အကို။
သိပ်အထာမကျတဲ့
မိစ္ဆာညမှာ
လိပ်ပြာလှလှ နေရအောင်။
No comments:
Post a Comment