Twitter Bird Gadget

Sunday, January 15, 2017

ကျေးဇူးပြုပြီး .......



နေဇင်လတ်က ပြောတယ်...နှစ်ဆယ်အတွင်းစင်္ကာပူကို
ကျော်တက်ဖို့ လီကွမ်ယုလို လူမျိုးရှိပြီလားဆိုပြီး
အမေစုကို စိန်ခေါ်စကားပြောတယ်။

ကျုပ်ပြောမယ်...
ဒေါ်အောင်ဆန်းစုကြည်ကို
ဘယ်သူနဲ့မှ မနှိုင်းနဲ့ ...မကြိုက်ဘူး....

ခင်ဗျားတို့ပြောပြောနေတဲ့ စင်ကာပူ
တည်ထောင်ခဲ့သူက လီကွမ်ယု တော်တယ်ဆိုတာ ဟုတ်ချင်ဟုတ်မယ်....


ဒါပေမယ့် ဒီအဖိုးကြီးက နှစ်ပေါင်းများစွာ
သူ့စိတ်ကြိုက်လုပ်ကိုင်ခွင့်ရခဲ့တယ်....
ကျုပ်တို့အမေက နှစ်ပေါင်းများစွာ
ချုပ်နှောင်ဖမ်းဆီးခံခဲ့ရတယ်....
ခုချိန်ထိအောင်လည်း ၇၅ရာခိုင်နှုံးပဲ
လုပ်ပိုင်ခွင့်ရှိသလို......

လီကွမ်ယုက အမှိုက်ပုံကျွန်းပေါက်စလေးကို
အာရှကျားတစ်ကောင်ဖြစ်အောင်လုပ်ခဲ့တယ်
ဒါပေမယ့် သူလုပ်ရတဲ့ အချိန်၊နေရာမှာ
လူယုတ်မာ မရှိခဲ့ဘူး.....နှစ်ရှည်လများ 
အချုပ်နှောင်မခံခဲ့ရဘူး။

ကျုပ်တို့အမေမှာတော့....
ခုချိန်ထိ လူယုတ်မာများစွာကို
မေတ္တာနဲ့ရင်ဆိုင် နေရတုန်း....ပြသနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရတုန်း ..

အာဏာရှင်ယုတ်မာခဲ့လို့
စာရိတ္တတွေ စိတ်ဓာတ်တွေအောက်တန်းကျတဲ့
လူတွေအများကြီးကို ဂုတ်ကနေဆွဲတင်နေရတုန်း.....

ဘာသာရေး၊လူမျိုးရေး ပြသနာတွေ....
သူခိုးဒမြကြောင့် ဆုံးရှူံးခဲ့ရတဲ့ တိုင်းပြည်ရဲ့
သယံဇာတပြသနာ....
ကမ္ဘာ့ ဘိန်းအရှူပ်တော်ပုံတွေရှိတဲ့နိုင်ငံ
ပတ်ဝန်းကျင် အင်အားကြီးနိုင်ငံတွေက
လစ်ရင်လစ်သလို စားခွက်လာလာခုပ်နေတဲ့ရန်

ပြောရရင်တော့ လက်ရှိတိုင်းပြည်ရဲ့ပြသနာတွေ
သောင်း၆ထောင်မကရှိတယ်.....

အမေ့လက်ထဲ ၇၅ရာခိုင်နှုံးသော
လုပ်ပိုင်ခွင့် ရောက်လာတာ ၈လပဲရှိသေးတယ်...

စောင့်နေတဲ့ ပြသနာတွေ
ဖြေရှင်းရမယ့် ပြသနာတွေ
မရေမတွက်နိုင်အောင်ရှိနေတယ်.....
ဒါတောင်အမေက နှစ်နှစ်ဆယ်ဆိုပြီး ရဲရဲတင်းတင်း
စိန်ခေါ်လိုက်တယ်။

လီကွမ်ယုက မွဲတာ တစ်ခုပဲ
ရင်ဆိုင်ခဲ့ရတာ.....
လူယုတ်မာတွေ အောက်တန်းကျတဲ့ကောင်တွေ
သူ ရင်မဆိုင်ခဲ့ရဘူး.....

ကျုပ်တို့ အမေက
ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံးဆိုတဲ့
အမည်တပ်ဖို့ခက်တဲ့ သတ္တဝါတွေနဲ့
ရင်ဆိုင်ခဲ့ရတယ်...ရင်ဆိုင်နေရတုန်း....

အမေလုပ်နိုင်သလောက်သာ လုပ်ခွင့်ရရင်လေ
ကမ္ဘာပေါ်မှာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။
ရင်ကော့ပြီး နေလို့ရမယ်ဆိုတာ လူတိုင်းသိတယ်။

ဒါကြောင့်ကမ္ဘာပေါ်က ဘယ်သူနဲ့မှာ
ဒေါ်အောင်ဆန်းစုကြည်ကို မနှိုင်းယှဉ်ပါနဲ့...မကြိုက်ဘူး။

ကျေးဇူးပြုပြီး .......

#ကိုးကား
Thinn Thinn Oo

No comments:

Post a Comment