Twitter Bird Gadget

Friday, September 16, 2016

လက်ဖက်



လက်ဖက်သည် ကာမဲလီယာ စင်နန်စစ် အပင်၏ အရွက်၊ အဖူး နှင့် ရွက်ဆစ်တို့ကို နည်းအမျိုးမျိုးဖြင့် ပြုပြင်၊ ပြင်ဆင်ထားသော စိုက်ပျိုးရေး လုပ်ငန်းထွက်ကုန်ဖြစ်သော စားသောက်ကုန်ဖြစ်သည်။ ပြုပြင်ထားသော လက်ဖက်ရွက်ခြောက်များကို ပူသော သို့မဟုတ် ဆူပွက်နေသော ရေနှင့်အတူ ပေါင်းစပ်ခြင်းမှပြင်ဆင် ထားသည့် ရနံ့မွှေးသော ဖျော်ရည် ကိုလည်း “လက်ဖက်”ဟု ရည်ညွှန်းပါသည်။ လက်ဖက်ဟူသည်မှာ ကာမဲလီယာ စင်နန်စစ် အပင်၏ လူသိများသော အမည်လည်းဖြစ်ပါသည်။

လက်ဖက်ရည်တွင် အထွေထွေ အမျိုးမျိုးသော ပိုလီဖီနော(လ်)များ ပါဝင်သော်လည်း၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသကဲ့သို့ လက်ဖက်တွင် တန်းနစ်အက်ဆစ် မပါဝင်ချေ။ရေပြီးလျှင် လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူသောက်အများဆုံး ဖျော်ရည် ဖြစ်သည်။၎င်းတွင် လူအများကြိုက်နှစ်သက်သည့် အေးမြသော၊ အနည်းငယ်ခါးသက်သော၊ ဖန်သော အရသာတို့ ပါရှိပါသည်။


၁၄-ရာစုအကုန်ခန့်တွင် ရေးသားသည်ဟု ခန့်မှန်းရသော ပိုင်ယီကျွန်းခေါ် ရှမ်းတရာအကြောင်း စာတမ်းတွင် ရှမ်းတို့ လက်ဖက်စားသည်ကို ဖော်ပြထားသဖြင့် လက်ဖက်သည် ၁၄-ရာစုတွင် ရှမ်းပြည်နယ်သို့ ရောက်နေပြီဖြစ်ကြောင်း ခန့်မှန်းရပါသည်။ ၁၆-ရာစုလက်ရာ ရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းနှင့် နိဂြောဓကျောင်း ကျောက်စာတို့ လဘက်ဟူသော ဝေါဟာရကို စတင်တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာတို့ လက်ဖက်စားသည့်ဓလေ့မှာ ၁၆-ရာစုခန့်တွင် ထင်ရှားရှိနေပြီဟု ခန့်မှန်းရပါသည်။

လက်ဖက်ရည် အမျိုးအစား အနည်းဆုံး ခြောက်မျိုးရှိပါသည်။ ၎င်းတို့မှာ အဖြူ၊ အဝါ၊ အစိမ်း၊ အူလုံ၊ အမည်းနှင့် ပူအာလက်ဖက်တို့ ဖြစ်ပြီး ၎င်းတို့အနက် လက်ဖက်ခြောက်အဖြူ ၊ အစိမ်း ၊ အူလုံ နှင့် အမည်းတို့ကို ဈေးထဲတွင် တွေ့ရလေ့ရှိသည်။လက်ဖက်အမျိုးအစား အားလုံးကို မျိုးစုတူ အပင်များမှ ရရှိသော်လည်း၊ ကွဲဲပြားသော ပစ္စည်းအမျိုးအစားများကို အသုံးပြုခြင်း၊ အရွက်များအား ပြုပြင်ပုံ နည်းအဆင့်ဆင့် ကွဲပြားခြင်းတို့ ရှိနိုင်ပါသည်။ ကောင်းမွန်သော အဖြူရောင်လက်ဖက်ရရှိရန်အတွက် တစ်မူထူးခြားစွာ စိုက်ပျိုးရပါသည်။ အချဉ်ဖောက်ထားသော ပူအာလက်ဖက်ကို ဆေးအဖြစ် မကြာခဏ အသုံးပြုကြသည်။

"ဆေးဖက်ဝင်လက်ဖက်” ဟူသော ဝေါဟာရကို ပုံမှန်အားဖြင့် အရွက်များ၊ ပန်းများ ၊ သစ်သီး ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် ကာမဲလီယာ စင်နန်စစ် မပါဝင်သော အခြားသော အပင်များဖြင့် ရောစပ်ထားသည့် သို့မဟုတ် ဆေးဖက်ဝင်သည့် အရွက်ပြုတ်ရည် ကို ရည်ညွှန်းသည်။“အနီရောင်လက်ဖက်” ဟူသော ဝေါဟာရမှာ အမည်းရောင်လက်ဖက်ရည် (အဓိကအားဖြင့် တရုတ်၊ ကိုးရီးယား၊ ဂျပန် နှင့် အခြားသော အရှေ့အာရှ ဘာသာစကားများ) မှသော်လည်းကောင်း၊ သို့မဟုတ် တောင်အာဖရိက ရွိုင်းဘော့(စ်) အပင် (ကာမဲလီယာ စင်နန်စစ် မပါဝင်သော)မှ သော်လည်းကောင်း ရောနှောပေါင်းစပ် ထားခြင်းမှရရှိသော အရည်ကို ရည်ညွှန်းသည်။
ပြုလုပ်ပုံအဆင့်ဆင့် နှင့် အမျိုးအစားခွဲခြားခြင်း

လက်ဖက်ပြုလုပ်ပုံအဆင့်ဆင့်

လက်ဖက်ရည်အမျိုးအစားကို ၎င်းအား ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ပေါ်မူတည်ပြီး ဆုံးဖြတ်သည်။ ကာမဲလီယာ စင်နန်စစ် အရွက်များ စတင် ညှိုးနွမ်းစပြုပြီး အောက်ဆီဂျင်နှင့် ရောစပ်၍ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်လာသည်။သို့မဟုတ်ပါကဆွတ်ယူပြီးလျှင်ပြီးချင်းခြောက်သွေ့စေရန်လျင်မြန်စွာလုပ်ဆောင်ရမည်။ ကလိုရိုဖီးပျက်စီးသွားပြီးသစ်ခေါက်ဖန်ရည်များထွက်လာသောအခါတွင် အရွက်များ ပို၍ နက်မှောင်သောအရောင်သို့တစ်ဖြည်းဖြည်းတိုး၍ပြောင်းလာသည်။ ဤအင်ဇိုင်မက်တစ်အောက်ဆီဒေးရှင်းခေါ် အရသာပေါ်အောင်အောက်ဆိုက်ဒ်ဓာတ်ပေါင်းပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို အချဉ်ဖောက်ခြင်းဟူ၍ လက်ဖက်လုပ်ငန်းတွင် ခေါ်ကြသည်။ သို့ရာတွင် ၎င်းမှာ အချဉ်ဖောက်ခြင်း အစစ်မဟုတ်ပေ။

အချဉ်ပေါက်ခြင်းမှာမိုက်ခရိုအော်ဂဲန်နစ်ဇင်ခေါ် သေးငယ်လွန်းသောသက်ရှိဇီဝရုပ်များကြောင့် မဟုတ်သလို၊ အောက်ဆီဂျင်မပါဝင်သည့် လုပ်ငန်းစဉ်လည်း မဟုတ်ပါချေ။ နောက်ထပ်ပြုလုပ်ပုံ အဆင့်မှာ ကြိုတင်သတ်မှတ်ထားသော အဆင့်တွင် အပူပေးခြင်းဖြင့် အောက်ဆိုက်ဒ်ဓာတ်ပေါင်း ပြုလုပ်ခြင်းအဆင့်ကို ရပ်ဆိုင်းရန်ဖြစ်သည်။

ထိုအဆင့်သည် အင်ဇိုင်းများ၏ တာဝန်ယူမှုကို ရပ်တန့်စေသည်။ အမည်းရောင် လက်ဖက်ရည်အတွက် ဤအဆင့်ပြီးလျှင်ပြီးချင်း တစ်ဆက်တည်းမှာ အခြောက်ခံသည်။ ရေခိုးရေငွေ့နှင့် အပူချိန် ထိန်းချုပ်မှုကို ဂရုစိုက်ခြင်း မရှိပါက ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးစဉ် အချိန်အတောအတွင်း လက်ဖက်ခြောက်ကို မှို တက်တတ်သည်။ မှိုသည် အမှန်တကယ် အချဉ်ဖောက်ခြင်းကို ဖြစ်ပွားစေပြီး အဆိပ်အတောက်နှင့် တစ်ခါတစ်ရံ ကင်ဆာဖြစ်စေသော ဓါတ်ပစ္စည်းများဖြင့် လက်ဖက်ကို မသန့်မရှင်းဖြစ်စေ၍ အနံ့အရသာလည်း ပျက်ပြယ်စေပြီး သောက်သုံးရန်မသင့်သော အနေအထားသို့ ရောက်စေသည်။
ထုံးတမ်းအစဉ်အလာအရခွဲခြားခြင်း

လက်ဖက်ကို ထုံးတမ်းစဉ်လာအရ ၎င်းကို ထုတ်လုပ်ခြင်းနှင့် ပြုလုပ်ပုံအဆင့်ဆင့် နည်းစနစ်များအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသည်။

အဖြုရောင်လက်ဖက်ရည် - နွမ်းအောင်လုပ်ထားသည်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
အဝါရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ၊ သို့သော် အဝါရောင်သို့ ပြောင်းစေသည်။
အစိမ်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
အူလုံလက်ဖက်ရည် - နွမ်းအောင်၊ ကြေအောင်နှင့် တစ်စိတ်တစ်ပိုင်း အောက်ဆိုက်ဒ်ဓာတ်ပေါင်း ဖြစ်အောင် လုပ်ထားသည်။
အမည်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ တစ်ခါတစ်ရံ ကြေမွအောင်လုပ်ထားသည်။ အောက်ဆိုက်ဒ်ဓာတ်ပေါင်း လုံးဝဖြစ်အောင် ပြုလုပ်ထားသည်။
အချဉ်ဖောက်ထားသောလက်ဖက် - အချဉ်ပေါက်ခြင်း/ ဆွေးခြင်းကို ခွင့်ပြုထားသော အစိမ်းရောင် လက်ဖက်ရည်။

ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ
La Phet
၁၉၁၅ မတိုင်မီ ရုရှားအင်ပါယာ၊ ဘာတူမီမြောက်ပိုင်းရှိ လက်ဖက်ချိန်တွယ်ရာဌာန

လက်ဖက်ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ

ထုပ်ပိုးထားသော လက်ဖက်ခြောက်ထုပ် အားလုံးနီးပါးနှင့် အနောက်တိုင်းတွင် ရောင်းချသော အခြားလက်ဖက်ခြောက် အများစုမှာ ရောစပ်ထားသည့် လက်ဖက်ခြောက်များဖြစ်သည်။ လက်ဖက်စိုက်ပျိုးသော နေရာများတွင် ရောစပ်လေ့ရှိသည် (အာသံပြည်နယ်တွင် ဆိုပါမူ) သို့မဟုတ် အရပ်အမျိုးမျိုးမှလာသော လက်ဖက်အမျိုးမျိုးကို ရောစပ်တတ်သည်။ ထိုသို့ပြုလုပ်ကြခြင်းမှာ အရသာပိုမိုကောင်းမွန်စေရန်၊ ဈေးကောင်းရရှိစေရန်၊ သို့မဟုတ် နှစ်မျိုးလုံးအတွက် ဖြစ်သည်။ ဈေးပိုကြီးပြီး အရသာပိုမိုကောင်းမွန်သော လက်ဖက်ခြောက်မှာအရသာလျော့နည်း၍ပိုမိုဈေးသက်သာသည့် အမျိုးအစားတို့အတွက် ထေမိရန် ဖြစ်သည်။

အချို့သောလက်ဖက်များမှာ အမျိုးအစားများ ရောစပ်ထားရုံသာမက၊ စွဲမက်စေရန် ဖြည့်စွက်ထားသော ဆေးများထည့်ခြင်း သို့မဟုတ် အထူးပြုလုပ်ပုံအဆင့်ဆင့်ကို သုံးထားခြင်းတို့ဖြင့် အရသာကို ပိုမို၍ကောင်းစေသည်။ လက်ဖက်သည် အမျိုးမျိုးသော ရနံ့များ ထည့်သွင်းခြင်းကို လက်ခံရန် အလွန်လွယ်ကူခြင်းကြောင့်၊ လက်ဖက်ပြုလုပ်ခြင်း အဆင့်ဆင့်တွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် သိုလှောင်ခြင်းတွင် လည်းကောင်း၊ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဘာဂမော့(ထ်)လိမ္မော် (အားလ်ဂရေးလက်ဖက်ရည်)၊ ဗနီလာ၊ ကရမယ်(လ်)နှင့် အခြားများပြားလှစွာသော ရနံ့များကဲ့သို့ အဆုံးအစမရှိ များပြားပြီး ကွဲပြားသည့် ရနံ့နှင့် အရသာတို့ကို တီထွင်ဖန်တီးရန် အခြေအနေကိုလည်း ဖြစ်ပေါ်စေပါသည်။
စီးပွားရေးလုပ်ငန်း

တစ်ဦးချင်း လက်ဖက်စားသုံးမှု နိုင်ငံများစာရင်း

လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော သောက်သုံးဖွယ်ရာ စားသောက်ကုန် ဖြစ်သည်။ ၎င်း၏ စားသုံးမှုသည် ကော်ဖီ၊ ချော့ကလက်၊ အချိုရည်၊ အရက်သေရည်တို့ စုစုပေါင်းပါဝင်သော ကမ္ဘာပေါ်ရှိ အခြားသော သောက်သုံးကုန် ထုတ်လုပ်မှုှုအားလုံးနှင့် ညီမျှသည်။အရှေ့အာရှ အပြင်ဘက်ဒေသတွင် စားသုံးသည့် လက်ဖက်အများစုကို အိန္ဒိယ သို့မဟုတ် သီရိလင်္ကာတို့တွင် စိုက်ခင်းကြီးများဖြင့် အကြီးအကျယ် စိုက်ပျိုးပြီး စီးပွားရေး လုပ်ငန်းကြီးများအတွက် ရည်ရွယ်ပြီးထုတ်လုပ်သည်။

ဤကဲ့သို့ ကြီးမားသော ထုတ်လုပ်ရေး စက်ရုံများနှင့် ဆန့်ကျင်စွာ၊ အစားကြူးသူများက လွန်ကဲစွာ လိုက်လံရှာဖွေတတ်သော လက်ဖက်အမျိုးအစားများကို ထုတ်လုပ်တတ်သည့် “ဥယျာဉ်များ”၊ တစ်ခါတစ်ရံတွင် သေးငယ်သော စိုက်ခင်းများလည်း အများအပြားရှိသည်။ ဤလက်ဖက်များမှာ ရှားပါး၍ ဈေးကြီးပြီး၊ ဤနေရာတွင် အချို့သော ဈေးအကြီးဆုံးဝိုင်များနှင့် ယှဉ်နိုင်သည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ် လူတစ်ဦးချင်း လက်ဖက်စားသုံးမှုမှာ ရ၅၀ ဂရမ်မျှသာ ရှိသော်လည်း ကမ္ဘာပေါ်တွင် လက်ဖက်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ တူရကီနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦးချင်း၏ လက်ဖက်စားသုံးမှုမှာ၂.၅ ကီလိုဂရမ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ဦးချင်း လက်ဖက်စားသုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။
ထုတ်လုပ်ခြင်း

၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန်သန်းပေါင်း ၃.၂၁ ဖြစ်သည်။၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ လက်ဖက်ထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၄.၇၃ သို့ရောက်ရှိခဲ့သည်။လက်ဖက်အများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ နှင့် တူရကီ နိုင်ငံတို့ဖြစ်သည်။
La Phet
၁၉၁၅ မတိုင်မီ ရုရှားအင်ပါယာ၊ ဘာတူမီမြောက်ပိုင်းရှိ လက်ဖက်ချိန်တွယ်ရာဌာန

၂၀၀၈ ခုနှစ်တွင် စုစုပေါင်းလက်ဖက်ထုတ်လုပ်ခြင်းရာခိုင်နှုန်း

ခဲရောင်မှ ဝ.၅% ထက်နည်းသော သို့မဟုတ် မထူးခြားသော အရေအတွက်များ
အစိမ်းဖျော့ရောင် မှာ ဝ.၅% မှ ၁% ထိ
အစိမ်းနု မှာ ၁% မှ ၅% ထိ
အစိမ်းရောင် မှာ ၅% မှ ၁၀% ထိ
အစိမ်းရင့် မှာ ၁၀% မှ ၂၀%
အစိမ်းပုပ် ၂၀% ထက်များသော

File:Tea.4.png ၂၀၀၇ ခုနှစ် တိုင်းပြည်အလိုက် စုစုပေါင်း တစ်ကမ္ဘာလုံး လက်ဖက်ထုတ်လုပ်ခြင်း ရာခိုင်နှုန်း

အောက်ဖေါ်ပြပါဇယားမှာ မကြာသေးမီနှစ်များက လက်ဖက်ထုတ်လုပ်ခြင်းကို ဦးဆောင်လျက် ရှိသောတိုင်းပြည်များ၏ထုတ်လုပ်မှုပမာဏ(တန်ဖြင့်)ကိုဖေါ်ပြထားသည်။ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ၂၀၁၀ ခုနှစ် ဇန္နဝါရီလတွင် ထုတ်ပြန်လိုက်သော အချက်အလက်များဖြစ်သည်။
နိုင်ငံ ↓ ၂၀၀၆ ↓ ၂၀၀၇ ↓ ၂၀၀၈ ↓
တရုတ် ၁,၀၄၇,၃၄၅ ၁,၁၈၃,၀၀၂ ၁,၂၅၇,၃၈၄
အိန္ဒိယ ၉၂၈,၀၀၀ ၉၄၉,၂၂၀ ၈၀၅,၁၈၀
ကင်ညာ ၃၁၀,၅၈၀ ၃၆၉,၆၀၀ ၃၄၅,၈၀၀
သီရိလင်္ကာ ၃၁၀,၈၀၀ ၃၀၅,၂၂၀ ၃၁၈,၄၇၀
တူရကီ ၂၀၁,၈၆၆ ၂၀၆,၁၆၀ မရရှိနိုင်၊အောက်ရှိ(*) ကိုကြည့်ပါ
ဗီယက်နမ် ၁၅၁,၀၀၀ ၁၆၄,၀၀၀ ၁၇၄,၉၀၀
အင်ဒိုနီးရှား ၁၄၆,၈၅၈ ၁၅၀,၂၂၄ ၁၅၀,၈၅၁
ဂျပန် ၉၁,၈၀၀ ၉၄,၁၀၀ ၉၄,၁၀၀
အာဂျင်တီးနား ၇၂,၁၂၉ ၇၆,၀၀၀ ၇၆,၀၀၀
အီရန် ၅၉,၁၈၀ ၆၀,၀၀၀ ၆၀,၀၀၀
ဘင်္ဂလားဒေ့ရှ် ၅၈,၀၀၀ ၅၈,၅၀၀ ၅၉,၀၀၀
မာလဝီ ၄၅,၀၀၉ ၄၆,၀၀၀ ၄၆,၀၀၀
ယူဂန်ဒါ ၃၄,၃၃၄ ၄၄,၉၂၃ ၄၂,၈၀၈
အခြားနိုင်ငံများ ၁၈၉,၅၅၁ ၁၉၃,၇၈၂ ၂၀၅,၂၁၁
စုစုပေါင်း 3,646,452 3,887,308 စုစုပေါင်း မရရှိနိုင်၊အောက်ရှိ(*)ကိုကြည့်ပါ

၂၀၀၈ ခုနှစ် တူရကီနိုင်ငံအတွက် FAO ကွန်ပျူတာကိန်းဂဏန်းများမှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် စုစုပေါင်း ထုတ်လုပ်ခြင်းကို ၁,၁၀၀,၂၅၇ တန်ဟု မှားယွင်းစွာဖေါ်ပြထားသည်။ ယခင်နှစ်က တူရကီနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှလက်ဖက်ထုတ်လုပ်ခြင်း ၂၀၀,၀၀၀ တန်ထက် တစ်နှစ်ထဲတွင်(၂၀၀၈) ငါးဆ မြင့်တက်လာသည်မှာ မဖြစ်နိုင်ပေ။

တူရကီနိုင်ငံ၏ ၂၀၀၇ ခုနှစ် ထုတ်လုပ်ခြင်း ၂၀၆,၀၀၀ တန်နှင့်နှိုင်းယှဉ်လျှင် (မှားယွင်းသော) FAO ကိန်းဂဏန်းများ ၁,၁၀၀,၂၅၇ တန်မှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်းအတွက် FAO၏တွက်ချက်မှုအမှားများကိုကိုယ်စားပြုစေသည်။ ပုံမှန်ထုတ်ဝေသည့် လုပ်ငန်းစာစောင် တစ်စောင်ဖြစ်သော "Tea Weekly" အစီရင်ခံစာအရ တူရကီနိုင်ငံသည် ၂၀၁၇ တွင် ၂၇၉,၀၀၀ တန်ခန့် ထုတ်လုပ်ရန် စီမံကိန်းချထားသည်။ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်း အတွက် FAO ကိန်းဂဏန်းများမှရရှိသော ရလဒ်များမှားယွင်းကြောင်း ထပ်လောင်း ညွှန်ပြနေသည်။

ကိုးကား

ဝီကီပီဒီယား

No comments:

Post a Comment