Twitter Bird Gadget

Monday, June 1, 2015

ဒီပဲရင်းမတိုင်ခင်အရင်နေ့အမေစုလုံခြုံရေးလုပ်ခဲ့တာပါ


************************************************************

'' ဒီပဲရင်းအကြောင်း သူများတွေလို တို့လဲရင်ဖွင့်ခြင်တယ်''
ဒီပဲရင်းမတိုင်ခင်ပေါ့ မိုးကုတ်ကအပြန်မှာ မန္တလေးတိုင်းစည်း ယ္ခုလက်ရှိဒုဥက္ကဌ အန်တီဒေါ်ဝင်းမြမြနဲ့ အတူ ဘန်ကားလေးနဲ့ သွားကြိုကြတယ် အပြန် လမ်းမှာ ကျောက်ဖြာနားမှာ အမေစုကိုဆန့်ကျင်တဲ့ ဆိုင်းပုဒ်တွေကိုင်းထားတဲ့ ကျောင်းစိမ်းအဖြူတွေနဲ့ ကျောင်းသားငယ်လေးတွေကအမေစုကိုရော မိုးကုတ်ကနေ လိုက်ပါလာတဲ့လူငယ်အုပ်ကြီးကိုလဲမြင်ရော ဆိုင်းဘုတ်တွေလွှန်းပစ်ပြီးထိုင်ကန်တော့သူကကတော့ သူတို့စီးလာတဲ့ဒိုင်နာကားတွေပေါ် တက်ပြေးသူကပြေး လက်ပြသူကပြနဲ့အရမ်းအံ့သြောစရာကောင်းတဲ့မြင်ကွင်းပါကြည်လဲကြည်နူး ရီကလဲ ရီခြင်ပေါ့
ကြည်တောက်ပေါက်နားအရောက် ကားတစ်စီးပေါ်မှာလူ ၄,၅ ယောက်နဲ့ မိုက်တွေ စောင်းဘောက်တွေရော ပါတယ် အမေစုကို သူတို့အခုသုံးမြဲစကားဖြစ်တဲ့ ကုလားမယား ပြည်ပအားကိုးပုစိမ်ရိုး ဒါတင်ဘယ်ကမလဲ တက်သမျှဆဲနည်းပေါင်းစုံနဲ့ အသံကြယ်ကြီးဟစ်ပြီး အမေစုကားနဲ့ယှဉ်လျှပ် ဆဲခြင်တိုင်းဆဲနေတော့တာပဲ
ကျွန်တော်ကအဲဒီမှာအမေစုဆီကပညာတစ်ခုရလိုက်တယ် ကျွန်တော်တို့ကားကအမေစုကားအရှေ့ဘက်ကလေ အမေဘယ်လောက်တောင်ခံစားနေရမလဲ ကျွန်တော့ရင်ထဲမှာမကျေနပ်နေတော့ သနားပြီးကြည့်လိုက်တာ ဘယ်ဟုတ်မလဲ အလွန်အင်မတန်တန်ဖိုးရှိတဲ့ပညာတစ်ခုက အမေစုပြုံးနေတယ်ဗျာ တဖြေးဖြေးမောင်လာတော့ အန်တရယ်တွေကိုတောင်မမြင်အားတော့ဘူး တောင်အကွေ့မှာ ကျွန်တော်တို့ကားတန်းကြီးကမျက်စိတစ်ဆုံ တောင်တန်းကိုပက်ထားတာ အရှည်ကြီးဗျာ
ဒါနဲ့ မီးတွေမှောင်နေတော့ဖုရောင်းတိုင်တွေကိုယ်ဆီကိုင်ထွန်းထားကြတယ် ကမ္ဘာမကျေ သီးချင်းကိုပြိုင်တူဆိုနေကြတယ် ပြည်သူရဲ့သီချင်းသံက ယုတ်ညံ့တဲ့သူတွေရဲ့သီချင်းကို လွှမ်းသွားတယ်ဗျာ
တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့ အဖွဲ့ဝင်တွေကို ဗစ်ဂွတွေနဲ့ အဆက်မပျက်ပစ်တော့ လူငယ်တစ်ယောက်ကံဆိုးစွာထိသွားခဲ့ရှာတယ် ဒါနဲ့ဘဘဦးတင်ဦးခေါင်းဆောင်ပြီး ကောင်လေးရဲ့သွေးထွက်နေတဲ့ခေါင်းကို ဖိရဲစခန်းသွားတိုင်ကြပါတယ် ကျွန်တော်တို့ကတော့ မိန်းကလေးမို့အမေစုနားကျန်ရစ်တယ်. ဒါပေမဲ့အဲဒီကိစ္စ အာဏာပိုင်မှဘာတခုမှအရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးလို့ကြားပါတယ်:-)
ညသန်းခေါင်မိန်းခွန်းပြော မနက်မန္တလေးပြန်ရောက်
ကံကောင်းထောက်မစွာ ကျွန်တော်က တိုင်းမှာတောက်တိုမယ်ရလုပ်ခွင့်ရ အားလုံးကလဲပွင့်လင်းပြီးအရမ်းစည်းရုံးကြတယ် တစ်ယောက်နဲ့တစ်ယောက် မကြေနပ်ရင် မကြေနပ်ဘူးဒဲ့ပဲ ချကြတာ နောက်နေ့ ပြန်ပြီးပြုံလိုက်ရီလိုက် စလိုက်နဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အပြုမူတွေပိုင်ဆိုင်ကြတယ် ကျွန်တော်တို့ကတောက်တိုမယ်ရလေးပဲလုပ် ပျော်ကြပါးကြ စကြနောက်ကြ နဲ့ပင်ပန်းတယ်မထင်ရဘူး ၄ထပ်တိုက်ကြီးပေါ်တက်လိုက်ဆင်းလိုက်ကလုပ်ကသေး
အဲဒီအချိန်ကလူငယ်တွေဖွဲ့နေရချိန်ဆိုတော့ အမေစုခမျာ သိပ်သနားဖို့ကောင်းတယ် တနေ့ထဲနဲ့ ည၂နာရီထိ တိုင်းရုံးကိုပြန်မအိပ်နိုင်ရှာသေးဘူး နေ့စာကိုည၂နာရီထိ မစားရသေးဘူး ဖွဲ့တဲ့နေရာတိုင်း အားပျက်အောင်မိန့်ခွန်းကပြောရသေး ကျွန်တော်တိုလဲ အမေစုကိုထမင်းကျွေးဖို့မျှော်နေကြတာ ပြန်လာတော့လဲ အမေစုကမောမောနဲ့ အိပ်ခန်းထဲ တန်းဝင်သွားရှာတယ်
အဲဒီအချိန်ကအမေစုဘေးမှာ မြိတ်ကလာတဲ့အကိုကြီးတစ်ယောက်ရှိတယ် သူကကျွန်တော့ကိုအမေစု အကျီ်မီးပူတိုက်ပေးခိုင်းတယ် အကျ်ိီလေးကြည့်ရင်းပိုသနားလာမိတယ် အကိုကျွန်တော်ဒါကိုညလျှော်လိုကမယ် ဆိုတော့ ညီမသူ့မှာဝတ်စရာဆိုလို့ဒီတစ်ခုကောင်းတော့်တယ် အကျီကဂုတ်ပိုးမှာမဲပေနေပြီ ဘယ်လိုလုပ်ရပါ့မလဲ ကျွန်တော်သိပ်သနားမိခဲ့တယ် ဘယ်လိုပဲဖြစ်ဖြစ်မီးပူတော့တိုက်ပေးလိုက်တာပေါ့
ခနနေတော့ အကိုကြီးကအပေါ်တက်လာပြီး ညီမလေး ခန အမေခေါ်နေတယ်တဲ့ ရင်ထဲမှာတတိန်းတန်းနဲ့ခုန်လာတယ် အန်တီကြီးတွေကလဲဝိုင်းစကြတယ် ဒါမှအမေစုသမီးကွတဲ့ အမေစုကသူ့ကိုသိပ်ချစ်တာ အခုခေါ်ပြီတွေ့လား ပေါ့ ကို့ကိုယ်ကို လဲဘဝင်မြင့်သွားသလိုပဲ ဒါပေမဲ့အဲဒီချိန်က အမေစုကကို့ကိုသိတောင်မသိလောက်ပါဘူး
အောက်ထပ်ကိုဆင်းဆင်းခြင်းအမေစုက အခန်းထဲကထွက်လာပြီး သမီး အန်တီ့အကျီး နှိပ်သီးလေးတက်ပေးပါလား ဆိုတော့ အလိုက်တသိ တက်ပေးလိုကပါတယ် ချောချောခြူခြူ မပီးပါဘူး ပုဇင်းကောင်းနှိပ်သီးလေးနှစ်လုံးတက်တာကို တဒိန်းဒိန်းခုန်နေတဲ့ရင်ကိုဟန်ဆောင် တတ်ုတ်တုတ်တုန်နေတဲ့လက်ကိုမနဲထိန်းပြီးတက်နေရတော့်လေ ဒီကြားထဲအမေစုမျက်နာကိုလဲ အနီးကတ်မြင်ဖူးခြင်တော့ ခိုးကြည့်မိသေးတယ် ဒါကိုအမေစုကပြုံးပြီးစိုက်ကြည့်နေခဲ့တာ အဲဒီမှာကျွန်တော်နားလည်လိုက်တာ အမေစုရဲပြုံးနေပါတယ်ဆိုရင်တောင် ကျွန်တော့ဘဝမှာ မမြင်ဘူးတဲ့ အလွန် စူးရှ ထက်မျက်တဲ့မျက်လုံးအစုံပါ ကျွန်တော်ပြန်မကြည့်ရဲတဲ့ အဲဒီမျက်လုံး ဒီနေ့အထိ တခြား ဘယ်သူ့ဆီကမှမတွေ့ဘူးသေးပါ နာရီဝက်လေက်ကြာခဲ့ပါတယ်ဗျာ အဲဒီနှိတ်သီးနှစ်ခုအတွက်
အမေစုကအမေအိုကြီးတွေဆိုလဲ သိပ်ချစ်တက်တာ ညစာလာစားတော့ အမေဒေါ်မြသန်းကို mother ကြီးလို့အမြဲခေါ်ပြီး မသေနဲ့ဦးနော်တဲ့ လက်ကလေးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး အသွားတစ်ခေါက် အပြန်တစ်ခေါက် အမြဲပြုံးပြီးနုတ်ဆက်တယ်
ခရီးထွက်ခါနီး တိုင်းအမျိုးသမီးတွေနဲ့အတူ ဓာတ်ပုံရိုက်ကြတော့ ကျွန်တော်ကနေရာမရဘူး ဘယ်နေရာကရက်ရမှန်းမသိဖြစ်နေတာ အမျိုးသမီးတွေကလဲ သူ့ထက်ငါနေရာလုနေကြတာ ဒီပဲရင်းမှာပွဲခြင်းပိ ေဥွားတဲ့ဓာတ်ပုံဆရာ ဦးတင်မောင်ဝင်းက သမီးအရှေ့လာဆိုပြီး အမေစုကလဲ လိုက်ကြည့်နေတာတော့သိလိုက်တယ် အချိန်မရတာနဲ့ဓာတ်ပုံရိုက်ဖြစ်လား မရိုက်ဖြစ်လားတောင် မသိတော့ဘူး
ဒီပဲရင်းခရီးစထွက်ပါပြီ ၂၉.၅.၂၀၀၃ခုနှစ်
ကားမထွက်ခင်မှာ ကျွန်တော်အမေစုကိုစပယ်ပန်းတစကုန်းနဲ့ စနိုးတာဝါ ၃ထုပ်ပေးတော့ အမေစုက အမီးအန်တီစပါယ်ပန်းမပန်ဘူးဆိုတော့ ကျွန်တော်တွေသွားတယ် တွေသွားတာတစ်ခြားမဟုတ်ပါဘူး ကျွန်တော့ရဲ့အလွန်ရိုးသားတဲ့အမေက သူကိုယ်တိုင် အိမ်ပင်ကနေခူးပြီး အမေစုပန်းကြိုက်မှန်းသိလို့ပေးလိုက်တာဆိုတော့ အမေ့ကိုဘယ်လိုနားလည်အောင်ရှင်းပြရပါမလဲလို့တွေးနေတာပါ အမေစုက ကျွန်တော်မျက်နာပျက်သွားမှန်သိတော့ ပေးပေးအန်တီဘုရားမှာလှူလိုက်မယ်နော် သမီးလဲကုသိုလ်ရတာပေါ့ဆိုပြီး ကားဂေါင်းမှန်မှာချိတ်လိုက်တယ်
ကျွန်တော်ကအနောက်မြောက်မြို့နယ်လုံခြုံရေး ကားနဲ့ လမ်းမှာအမေအိုတစ်ယောက်က အမေစုကားကိုတားတော့ ခနရပ်ခိုင်းပြီးအမေအိုကိုနုတ်ဆက်ဂါရဝပြုတယ် အမေအိုက အမေစုပါးကိုနမ်းပြီး အမေဒီတစ်သက် သေပျော်ပါပြီးသမီးရယ် ဆိုပြီးမျက်ရည်အဝိုင်းသားနဲ့ပြောကျန်ခဲ့တယ် လမ်းတစ်လျှောက်မှာလဲ အလွန်ဆိုးဝါးတဲ့ နှောက်ယှက်မှုတွေ မကြာခနကြုံရတယ်ကျွန်တော်တို့ရဲ့ ဟိုင်းလက်ကားတွေထဲကို ဒုတ်တွေမှန်းမသိ လက်သီးတွေမှန်းမသိ ခေါင်းတွေမှန်းမသိ ခွေးပြောပြောပြီး ထိုးထိုးဝင်လာခဲ့တာတွေ အမေစုကဘာ တစ်ခုမှပြန်မလုပ်ကဘူး ခရီးတစ်လျှောက်ပှါ အပ်တိုတစ်ချောင်းတောင် မယူရဘူးဆိုလို့သာ သူတို့ဝင်လာလိုက် ကျွန်တော်တို့ကရှောင်ပေးလိုက်ရနဲ့ ဒါပေမဲ့အမြက်က ကမ္ဘာမကြေ သီချင်းကို အားရပါးရ မနားတန်းဆိုနေမိတာပဲ တချို့က ဆိုင်းဘုတ်လေးတွေကြားထဲက လက်တွေမပြရဲပြရဲနဲ့ပြကြ တချို့နေရာတွေကြ ဆိုင်းဘုတ်တွေ လွှန်ပစ်ပြီး အားပါးတရ လက်ပြကြ မုံရွာမြို့အဝင်
smile emoticon
ဘဝမှာမကြုံဘူးတဲ့ အတွေ့ကြုံတစ်ခုပါပဲ တမြို့လုံး လူတစ်ဦးမကြန်ကြိုဆိုကြတယ်ပြောတာပဲ ဟုတ်မှာပဲ အမေစုကားက တလိမ့်ခြင်းလိမ့်တာတောင် အရှ့မထိုးဖောက်နိုင်ဘူး စည်လိုက်တဲ့လူတွေ ဆိုတာထက်ကိုပိုတယ်ဗျာ
လမ်းမှာကျွန်တော်တို့ကား လုံးဝစက်နိုးလို့မရမရဖြစ်နေတာ အမေစုကသိတော့ ဆီ၁၀ ဂါလံ ထဲ့ပေးခိုင်းတယ် ကျွန်တော့ကိုလဲ ကားပေါ်ကနေ ကို့ယို့ကားယားနဲ့ ဓာတ်ပုံ တစ်ဖျက်ဖျက် ရိုက်နေတော့ အဲတာယောကျ်ားလေးလားမိန်းကလေးလားတဲ့ အမေးခံရသေးတယ်
လုံခြုံရေးလိုက်တဲ့ယောကျာ်းရင့်မာကြီးတွေလဲ တဗုန်းဗုန်းမူးလဲ ဓာတ်ဆားထုတ်တွေရေတွေလဲ ဝေမလောက် ကျွန်တော်တို့ အံ့သြေ ဝမ်းသာလွန်းလို့မျက်ရည်တွေကျမိကြပါတယ် မြို့အဝင်မှာညနေ၃နာရီလောက်ကစပေမဲ့ ဟောပြောမဲ့ခန်းမကိုည၁၂နာရီမှရောက်ပါတယ်ဗျာ နီးနီးလေးကို လူဘယ်လေက်တစ်တယ်ဆိုတာ အဲတာသာကြည့်တော့
တချို့ကဘုန်းကြီးကျောင်းတည်းကြ တစ်ချို့က မိတ်ဆွေအိမ် အိပ်ကြဖြစ်သလိုပါပဲ
၃၀.၅.၂၀၀၃ မေ့မရတဲ့မေ၃၀
မနက်ရောက်တော့ မုံရွာကနေစထွက်ပါပြီ ဆိုင်ကယ်အစီး၂ဝဝလောက်ကပ်လိုက်ခဲ့ကြ တယ် ဘုတလင်ရောက်တော့ ဆိုင်ကယ်တွေပျက်ကြန်နေခဲ့ကြတယ် ဒါနဲ့စောင့်ရင်း အမေစုကရေဆာတော့ ရေကသောက်စရာမဂှိရေအလွန်ရှားတဲ့မြို့ဗျာ မုံရွာပြန်ပြီးရေသွား ဝယ်ကြရတယ် အပြန်သတင်းဆိုးပါလာတယ် ဆိုင်ကယ်အစီး၁ဝဝကျော် မုံရွာဂိတ်ကဖန်းထားလို့ တချို့ကပြန်လှဲ့သွားကြတယ် တဝက်လောက်ကိုတော့ပြန်ခေါ်လာနိုင်ခဲ့တယ်
ဒုတ်တွေဒါးတွေ ဂတုံးစိမ်းတွေက လုပ်ကြံမယ်လို့သတင်းရတယ် ကျွန်တော်ကဒါတွေဘာလို့သိနေလဲဆိုတော့ အမေစုကအိမ်ပေါ်မှာဆိုတော့က ျွန်တော်နဲ့ ကောင်လေး တစ်ယောက်နဲ့က လှေကားထစ်ပေါ်မှာ လုံခြုံရေးစောင့်နေရလို့ပဲ တာဝန်ပေးထားတာတော့ မဟုတ်ဘူးကိုယ့်အသိနဲ့ကိုစောင့်ခြင်လို့ကို စိတ်မချလို့ စောင့်နေတာ
ညနေဆိုင်ပြင်ကြီးရောက် လမ်းပြသမားက ၄မိုင်နဲ့ ၁၄ မိုင် လွဲပြောမိလို့ဆိုလား အမေစုက ၁၄ မိုင်ဆိုဒီမှာနားမယ် ၄ မိုင်ဆိုဆက်သွားမယ်ပြောတယ်ဆိုလား
ဘာကလွဲသွားတယ်မသိဘူး ကျွန်တော်တို့အားလုံးသေဘေးကို ရင်ဆိုင်ဖူးသွားတာပေါ့
ကျီရွာအရှေ့အရောက် ပထမ ကျွန်တော်တို့အရှေ့မှာ ကား၃စီးရှိတယ် ပြီးမှကျွန်တော်တို့ကား နောက် အမေစုကား ဘုန်းကြီး၂ ပါးကရစ်နေတယ်တဲ့ သတိထားနေကြဆိုပြီး လူငယ်ခေါင်းဆောင်လူကြီးတစ်ယောက်ကလာပြောတယ် ရိုက်မယ်သတင်းကြားထားတာက တစ်မျိုး ကျွန်တော်တို့အဖွဲ့ကားက ၁၄စီး သူတို့အနောက်ကလိုက်လာတာကဒိုင်နာ အစီး၂၀ အရှေ့ထက် အနောက်ကိုပိုဆိုးရိမ်ရတော့ မေစုကားကို အရှေ့ကျော်ခိုင်းလိုက်တယ် မကြာပါဘူး
အဲဒီအချိန် ရနာရီ ၁ဝမိနစ်
အမေစုကားတောင်အရှေ့ မရောက်သေးဘူး လိုက်လာတဲ့ဒိုင်နာ ကားတွေဆီက လူတွေအားလုံး ဝါးဆစ်ပိတ်ဒုတ်တွေ သံလုံးတွေ ကိုယ်စီနဲ့ မြင်မြင်သမျှမညှာတမ်း အားပါးတရ လူမဆန် ရက်စက်စွာ အသေလိုက်ရိုက်နေကြတော့တာပါပဲ
ရောက်ရာပေါက်ရာပြေးသူပြေး သွေးအလိမ်းလိမ်းနဲ့ အော်သူအော် ပုဆိုးမနိုင်ပုဝါမနိုင် ဖနပ်မပါနဲ့ ပြေးလာသူပြေးလာ အဲဒီလူတွေကလဲ ကျွန်တော်တို့အနား ရောက်လာကြပြီ အဲဒီအချိန်မှာတောင် ကျွန်တော်တို့ လည်ဆင်းခံမယ်ဆိုတဲ့ခံယူခြက်နဲ့ ကမ္ဘာမကျေသီချင်း ဆိုနေတုန်းပဲ
မရတော့ဘူး ဘယ်လိုမှအခြေနေမပေးတော့ဘူး လယ်သမားတစ်ဦးပြေးတက်လာပြီး ကျွန်တော့ကိုကယ်ပါဗျာတဲ့ ကားပေါ်ကလူငယ်အားလုံးလဲ အမေ့ကားစီ ပြေးကုန်ကြပြီ ကားသမားကိုလဲ လှမ်းပြောနေမိကြတယ် ဒီ မှာ သေကုန်ကြပြီ မောင်းပါတော့ မောင်းပါတော့ ဘာလုပ်နေတာလဲ မောင်းတော့လေ ကားကနေရာကနေမရွေ့တော့ပါ
ဘုရားမှတပါးကယ်သူမရှိတော့ဘူး ကျွန်တော်တို့ အနိတ်္ထာရုံတွေကို တစိမ့်စိမ့်ခါးစည်းခံရင်း မေတ္တာသုတ်ဘယ်နှစ်ခေါက်ရယ်မသိ ရွတ်နေမိခဲ့တယ် သံတိုင်တွေကြားထဲက သံလုံးတွေနဲ့ထိုးသူထိုး မှီတဲ့နေရာကနေ ဒုတ်တွေနဲ့ရိုက်လိုရိုက် ကားပေါ်ကဆွဲချသူကဆွဲချ
ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး ကျစ်ကျစ်ပါအောင် ဖက်ပြီး အသေခံခဲ့ကြတယ်
တချက် အုန်းဆိုတဲ့ အသံကြားလိုက်တိုင်း အမလေး သေပါပြီ ကယ်ပါ ဘုရားဘုရား မကယ်နိုင်တော့ဘူးလား လယ်သမားကြီးကလဲ ကျွန်တော့ကို ကလေးဝတ်နေ ဝတ်နေ လို့သာ ပြောနေတာပါဗျာ တချက် တစ်ချက် သူ့ဆီက အား အမေ အားဆိုတဲ့ အဆက်မပျက်ကြားနေရတယ်
ကျွန်တော်ကလူတွေရဲ့ အောက်ဆုံးမှာဝတ်နေပေမဲ့ ယောကျားစောင်းဝါးခမောက်တစ် လုံး စောင်းထားပြီး ကျောကိုရိုက်မိရင်မနာအောင်လို့ တခြားသူရဲ့ ကျောပိုးအိပ်တစ်လုံးလဲလွယ်ထားသေးတယ် ဒါကို ဘာလေးလဲဆိုပြီး မြေကြီးခဲနဲ့အထုခံလိုက်ရသေးတယ်
ဒါပေမဲ့ အားမတန်တော့ ကျွန်တော်တို့အဖွဲ့ မာန်လျှှော့လိုက်ပြီး ကားပေါ်ကနေ ဆွဲချခံလိုက်ကြတယ် တစ်ယောက်ဆွဲချ ၁ဝယောက်ဝိုင်းရိုက် ကျွန်တော်လေ ကျွန်တော်လေ ကျွန်တော်သိပ်ချစ်တဲ့ ရဲဘော်တွေ ဒီလိုခံနေရတဲ့အချိန်မှာ ခင်များတို့ စဉ်းစားကြည့ဗျ အခုစာရေး ရင်းနဲ့ ကျွန်တော် မျက်ရည်တွေ တကယ်ကြနေတာဗျ
သူတို့ဗျာ သူတို့ မိန်းမတွေအားလုံးကို အကျီတွေ ထမီတွေ အကုန်ဆွဲချွတ်တယ် ပါးစပ်ကလဲပြောသေးတယ် ကုလားမယားမတွေ အဲဒီခွေးအကျီတွေ ချွတ်ကြစမ်းတဲ့ ကျွန်တော့အရှေ့က အန်တီတွေ ချွတ်လို့မှမပြီးသေးဘူး တုံးလုံကျွတ်အောင်ဆွဲချပြီ ရက်ရက်စက်စက် ရိုက်ကြတော့တာပါပဲ
အဲဒီအချိန်မှာပဲ အရမ်းရိုးသားတဲ့ ကျွန်တော်တို့ အဖွဲ့သားအကိုကြီးတစ်ဦးက လူယုတ်မာတွေကို ကန်တော့ပြီးတော့ တော်ကြပါတော့ဗျာ တော်ကြပါတော့ အားလုံးလဲ သေကုန်ပါပြီ ကျေနပ်ကြပါတော့ ဟင်းဟင်း ဘာရမလဲ ခွေးတွေလေ ခွေးတွွေ ကျွန်တော်တို့ရဲဘော်ကြီးကို မနားတန်းဝိုင်းပြီး ရိုက်သက်ကြတာပေါ့ဗျာ တော်တော်ရှုတ်တဲ့အကောင် သေစမ်းသေစမ်း တကိုလုံးသွေးတွေပြည့်အိုင်နေပြီး ကားပေါ်ပစ်တင်လိုက်တယ် ခွေးတွေမြင်ကြလားတဲ့
ကျွန်တော့အလှဲ့ရောက်ပြီ ယုတ်မာတဲ့ ခွေးတွေထဲက လူလို့ပဲပြောရမလား အဲဒီလူက
ဟေ့ကောင်တွေ ကလေးကလေး မလုပ်နဲ့မလုပ်နဲ့တဲ့ ကျွန်တော်ကျေးဇူးမတင်ရသေးခင်ပဲ
ဟာ ဒီကလေးက ရှုတ်လိုက်တာကွာဆိုပြီး စောင့်ဆွဲပြီး သွေးတွေအိုင်ရှွဲနေတဲ့ သွေးလမ်းမ ကြီးပေါ် လွှင့်ပစ်တာခံလိုက်ရတယ် ကျွန်တော့ကိုယ်ခန္ဒာသွေးတွေနဲ့ လျှောပါသွားတယ်
တဆက်ထဲပဲ ကျွန်တော်မျက်လုံး ဝင်းခနဲလင်းသွားတယ် သွေးတွေခေါင်းပေါ်ကနေဒလဟောဆင်းလာတယ် ကျွန်တော်မအော်အားဘူး လူခန္ဒာကိုယ်ကတော့် သွေးအိုင်ထဲ လဲကျသွားတယ် ခေါင်းကိုအသာဖိထားပြီး အဓမ္မအရိုက်ခံနေရတဲ့ အန်တီတွေကိုပဲကြည့်နေမိတယ် မြန်မာအမျိုးသမီးတွေဆိုတော့ ဒီလောက်ရိုက်နေတဲ့ကြားက ရင်ဘက်မပေါ်အောင် ထမီကိုကျစ်ကျစ်ပါအောင်စုတ်ကိုင်နေ ကြရှာတယ်
ကျစ်ကျစ်တောက်ပူနေတဲ့ လမ်းမကြီးကိုမှီပြီး ကြည့်နေတုန်း အနောက်ကနေ တင်ပါးကို တအားလွှဲ ရိုက်သွားတာ ခံလိုက်ရတယ် ပြီးတော့အဲ့လူ အရှေ့ထွက်သွားပြီး ပြန်ကွေ့လာ တယ် ကျွန်တော့နားကိုလာစမ်းတယ် ကျွန်တော်လဲ အလိုက်သိပဲ ကွဲနေတဲ့ခေါင်းကိုအုပ်
ထားတဲ့ လက်ကို နားဆီလှမ်းပိတ်လိုက်တယ် ထိုသူက နားဆွဲကရှည်တော့ သူ့လက်နဲ့ရစ် ပြီးစောင့်ဆွဲဖြုတ်ယူသွားတယ် ကျွန်တော် နားဆွဲကိုလက်နဲ့ညှပ်လိုက်လို့သာ မဟုတ်ရင်နားပါ ပျက်ပါသွားမယ် ထင်တာပဲ
ရင်ရှားထားတဲ့ အသက်၆ဝကျော် အန်တီကြီးတစ်ယောက်ကို အဲလူပဲလားမသိဘူး အသက်၃ဝလောက်က စံပင်ကိုရစ် ကျောက်လမ်း နဲ့ရိုက် ကုလားကိုလင်တော်ခြင်တဲ့ ဟာမ နင့်လင်ကုလားကနင့်ကိုဘာလုပ်ပေးလို့လဲ နင့်ကိုကုလားက ဘာလုပ်မှာ ညာလုပ်မှာ ငါတို့အစိုးရ ကသာနင်တို့ဒီလိုသွားနိုင်အောင် တံတားတွေဆောက် လမ်းတွေဖောက် နားလည်လား အို.ဘယ်လိုမှမကြားဝံ့မနာသာ စကားတွေနဲ့ အဖွားအရွယ်ကို နှိပ်ဆက်နေတာဗျာ
အဖွားဆို ပျော့ခွေနေပြီ ကျွန်တော်တော့ အသက်မရှင်နိုင်တေားဘူးထင်တာပဲ
အရေးထဲ ကိုအန်ကြီးဆိုတဲ့သူကလှဲနေရာက တံတွေးထွေးတော့ ကျွန်တော့နားကနေ ကျော်သွားပြီး ဟေ့ကောင်မင်းကဘာကောင်လဲကွ ဆိုပြီး သံဒုတ်နဲ့ ဗိုက်ကို စောင့်ထိုးချပစ်လိုက်တယ် အားဆိုတဲ့တချက်အော်လိုက်ပြီး ကိုအန့်ကြီးလဲ အသံ မထွက်တော့ဘူး
သူတို့ရိုက်လို့အားရတော့ ကား၂စီးကိုဓာတ်ဆီတွေနဲ့ပါတ် မီးရှို့့ သူတို့ဒိုင်နာကားတွေကိုဖင်လှဲ့ မန္တလေးတိုင်းအဖွဲ့၁ ပြန်မယ် အဖွဲ့၂ အဆင်သင့် စစ်ကိုင်းတိုင်းအဖွဲ့၁ ပြန်ကြမယ် မြန်မြန်တက်ကြလေကွာ မင်းတို့အဖေတွေကထသက်လိုက်လိမ့်မယ်
သူတို့အားလုံးပြန်သွားကြပြီး ခနနေတော့ ထော်လာဂျီ ၇ စီး ရောက်လာပြီး ဟေ့ကောင်တွေ လှုပ်တဲ့ကောင်အသေပဲနော် လူတွေကို လျှောက်ကြည့်ပြီး လှည့်ပြန်သွားကြတယ်
ကျွန်တော်လဲ အန္တရယ်ကင်းလောက်ပြီဆိုပြီ ထကျွန်တော့ဘေးကလယ်သမားကြီးကို ကယ်မယ်ဆိုတော့ သူက မရဘူး မထနိုင်တော့ဘူးတဲ့ အကိုကဒီရွာကဆို မြို့နယ်ရဲစခန်းကို အကြောင်းကြားပေးပါဗျာ မထနိုင်လို့ပါအကို ကိုအန့်ကြီးကိုမတော့ သူကဘယ်သူလဲ သမီးပါ သမီးတွဲပေးမယ်နော် အကိုဖြေးဖြေးထ အေးလုပ်ပါဦးကွာ အကိုလဲမထနိုင်တော့ဘူး ဒါနဲ့ ကျွန်တော်လဲ ကားနားမှီပေးလိုက်ပြီး မျှော့နေတဲ့အဖွားကိုသွားမတော့ လုံးဝအသံမထွက်တော့ဘူး ဒါနဲ့ ကားခေါင်းကိုကြည့်လိုက်တော့ လူသုံးယောက်အသံမထွက်တော့ဘူး ကားဒရိုက်ဘာက မျက်လုံးကျွတ်ထွက်နေပြီ ကျွန်တော်တွေးလိုက်မိတာက...။

မူရင်း Trezer Suu
လေးစားလျှက်

No comments:

Post a Comment