Twitter Bird Gadget

Monday, June 1, 2015

ဒီပဲရင်း လူသတ်ပွဲ ဒုတိယပိုင်း



********************************
... ကျွန်တော့ရဲ့ ဒီပဲရင်း ဒုတိယပိုင်းဆက်ပါမယ်
လူသုံးယောက်ထပ်လျှက်သားအသံမထွက်တော့ဘူး ကားဒရိုက်ဘာက မျက်လုံးတွေ ကျွတ်ထွက်နေပြီ ကျွန်တော်တွေးလိုက်မိတယ် ကျွန်တော်တို့ကား မထွက်နိုင်ပဲ တညလုံးအလူး အလဲ ခံနေကြရခြင်းအကြောင်းက ကျွန်တော်တို့ကားဒရိုက်ဘာက အစကတည်းက မျက်လုံးကျွတ်ထွက်သွားပြီးပွဲခြင်းပီးသေဆုံးနေရှာတာကို ကျွန်တော်တို့ကားအရှေ့က ကားပေါ်မှာ လဲကျွန်တော်တို့ကိုဓာတ်ပုံအမြဲရိုက်ပေးတဲ့ ရုံးတပင်တိုင် ဓာတ်ပုံဆရာကြီး ဦးတင်မောင်ဦးကလဲ ကုန်းကုန်းကြီး ကင်မရာကြီးကိုလွယ်ပြီး ပွဲခြင်းပြီးအသက်ထွက်နေတယ်ဗျာ
ကျွန်တော်တွေးမိတယ် ဒီလိုဆိုကျွန်တော့ရဲဘော်တွေအားလုံး သွေးလွန်ပြီးသေကုန်တော့ မှာ ကျွန်တော်ထင်တာက အမေစုတို့ကားက ဘေးလွတ်ရာကို ပြေးပြီးအရှေ့တစ်နေရာမှာ သေခြာပေါက်စောင့်နေမယ်ဆိုတာ ရယ် ကျွန်တော်တို့ကို ရိုက်တဲ့သူကားတွေကလဲ ဆက်မ လိုက်ပဲ ပြန်လှဲ့သွားကြတာရယ် ဆိုတော့ သေခြာတယ် ကျွန်တော်လိုက်ရင် မှီကိုမှီမှာပဲဆို ပြီးလိုက်ခေါ်ဖို့ ဆုံးဖြက်ချက်ချလိုက်တယ် ကျွန်တော့ဒါန်ရာတွေကိုသတိမရအားဘူး
ဒါနဲ့ထွတ်ပြေးခါနည်း ကျွန်တော်တို့မြို့နယ်က အကိုတစ်ယောက်က ညီမလေးပြေးနှင့် အကို ဒီလူနာတွေနဲ့ ဖြေးဖြေးရင်းတွဲလိုက်ခဲ့မယ် လို့ပြောတာ် ကျွန်တော်ကလဲ အကိုကျွန်တော်ပြန်လာမှာနော် ကျွန်တော်ပြန်လာမှာနော် လို့မှာပြီး တရှိန်ထိုးပြေးထွက်ခဲ့တယ်
မှောင်ပိန်းနေတဲ့လမိုက်ညမှာ ဘေးဝဲရာ ဘာတစ်ခုမှမမြင်ရတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော်တစ်ယောက်ထဲ အချိုင့်ခွက်တွေကလဲ မမြင်မှမမြင်ရပဲ တစ်ဘုန်းဘုန်းချော်လဲတာပေါ့ ဒါနဲ့ဒူးတွေလက်တွေလဲ သွေးဗလဗွဖြစ်တော့ လဲခြင်လဲကွာဆိုပြီး ဖိနပ်ကို လက်မှာစွတ် ထမှီကိုခါးမှာချီ ကျွန်တော်ဘာလို့ ၂နာရီလောက်အဆက်မပျက်ပြေးနေလဲ သိလား
ဟိုးအဝေးကြီးက သစ်ပင်ရဲ့ထိပ်မှာ မီးရောင်ထင်းထင်းကြီးမြင်နေရလို့ပဲ အဲတာကျွန်တော့ရဲ့မျောှ်လင့်ချက် အမေစုတို့ကားတန်းက အဖွဲ့သားတွေကို မီးမောင်းထိုးပြထားပြီး ကြိုနေတာပဲဆိုတဲ့ လုံးဝယုံကြည်ချက်ကြောင့် အဲဒီမီးမောင်းက လိုက်လေ ဝေးလေဖြစ်နေတယ် ကျွန်တော်ဇွဲမလျှော့ဘူး မှီကိုမှီရမယ် စောင့်ကိုစောင့်နေမယ် လူတွေအများကြီးအသက်ကိုငါပြန်ကယ်နိုင်တော့မယ် ငါဟာလုပ်နိုင်တဲ့သူဆိုပြီး လူတွေက ဝိုင်းချီးကြူးမှာသေခြာတယ် ကျွန်တော်စာဖွဲ့ရေးထားတာမဟုတ်ပါဘူး ဒီနေ့အချိန်ထိကျန်နေသေးတဲ့ တကယ့်ကိုတွေးခဲ့တဲ့အတွေးတွေပါ
ကျွန်တော်လိုက်လေဝေးလေ ဘာလို့မီးရောင်က မနီးလာပဲ ဝေးဝေးသွားရတာလဲ ဘယ်လိုပဲဖြစ်နေနေ ငါမှီကိုမှီ ရမယ်ဆိတဲ့အတွေးနဲ့ အရှိန်ပိုမြင့်ပြေးလေ ပိုဒလိမ့်ခေါက်ချိုး ဂျွှန်း ပြန်ပြီးလဲလေ အချိန်တန်တော့ အဲဒီမီးမောင်းတွေနေရာကို ရောက်ရှိသွားခဲ့ပါတယ်
ကျွန်တော်ရောက်တာနဲ့ ကျွန်တော့ကိုမသိတဲ့သူမရှိတော့ ပြောစရာကိုမလိုဘူး အာလုံးဝိုင်းကြိုဆိုကြမှာ လက်ခုတ်တွေလဲတီးကြမှာ ပန်းဝင်သလိုပေါ့ အမေစုကလဲ ငါ့ကိုချစ်ပြီးသားဆိုတော့ သူ့သမီးလေးဘေးမသီ ရန်မခပဲ အားပါးတရ ဖက်တောင်နမ်းမလားမသိဘူး
အဲဒီမျှော်လင့်ချက်တွေအားလုံး ကျွန်တော် အပြီးအပိုင်တစ်ချိန်ထဲ မှာပဲ လုံးဝ ဆုံးရှုံးသွားခဲ့ရတယ်ဗျာ အဲဒီမှီးမောင်းကလေ ဒုတိယသက်ကွင်းဗျ
ကျွန်တော့ကို လူတစ်ယောက်က အမှောင်ထဲကနေ လမ်းအတိုင်းလှမ်းလာပြီး ဟေ့ကိုရင်လား ဒီကိုလာခဲ့တဲ့ ကျွန်တော်ကအထက်ကပင်နီ အောက်ကလဲ အမေ့ဆီက ခိုးယူပြီးဝတ်လာတဲ့ ဂျိတ်ထမှီအဝါ ခေါင်းပေါ်ကလဲ သူများခမှောက်အဝါဆိုတော့ မှားမှာပဲ ခပ်လှမ်းလှမ်း မီးရောင်မမြင်တမြင်မှာလဲလူတွေ ယုတ်ယုတ်နဲ့ ကျွန်တော် မယုံတော့ဘူး အဲဒီလူခဲနီးနီးလာရော ကျွန်တော်လဲ ဘယ်ရမလဲ့ လမ်းဘေးကမူးထဲကို လိမ့်ချပြစ်လိုက်တယ် ရေက ကျွန်တော့ ချိုင်းလောက်ရှိတယ် ထမှီမလဲမလွတ်တော့ဘူး တဖြေးဖြေးခြင်းဘေးလွတ်ရာကို ရွေ့သွားပြီး သစ်ပင်ကြီးအနားလဲရောက်ရော ကျွန်တော် ဘိုင်းခနဲပစ်လဲကျသွားတယ် တစ်မိနစ်လောက်သတိလစ်သွားတယ်ထင်တာပဲ သတိယတော့ ကျွန်တော်ခွေခွေလေး မျက်လုံးတွေကလဲ အပင်ကြီးဆီရောက်မှပြာဝါးနေတယ် ရင်တွေကလဲ အမောဆို့သလို တဒိမ်းဒိမ်း တုန်နေတယ် ကျွန်တော်ဖြေးဖြေးခြင်းရွေးပြီး သစ်ပင်ကြီးနားမှာ မှီနေလိုက်တယ်
ကျွန်တော်ငယ်ငယ်က စွမ်းအားကိုသိပ်ယုံကြည်တာ ဂါဌာတွေလဲ အမြားကြီးရတယ် စရန ကျင့်စဉ်တွေဆို အိမ်မှာအမြဲလိုလိုကြင့်ဖြစ်တယ်
တယောက်ထဲ ဒီလိုနဲ့ နက်တွေပင့် ယခင့်ယခင်ဘဝက နက်ဆွေမျိုးများ ကျွန်တော်တစ်ယောက်ထဲ ဒုက္ခရောက်နေပါတယ် ကျွန်တော်ဟာ ဘာမလုပ်ခဲ့ပါဘူး ညာမလုပ်ခဲ့ပါဘူးပေါ့ သေစ္စာဆို ကျွန်တော့ရဲ့အခုခံစားနေရတဲ့ဝေတနာကို ကုပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအမှန်တကယ် ခေတ်ကကောင်းလာတဲ့အခါ ပြန်လာပြီးကျေးဇူးပြုပါမယ် ဘာညာပေါ့
ခေါင်းပေါ်ကသွေးတွေကလဲ ဘာပြောကောင်းမလဲ ပိုပြီးတော့တောင် နားမှထွက်ကောင်းနေတယ် လက်ထဲကိုသတွေးတွေထွေး သွေးတိတ်ဂါဌာ ၇ ခေါက်ရွတ် ဂေါင်းကွဲနေတဲ့အပေါ် လောင်းချ ခေါင်းလေးကိုဖိပြီးအသာနားနေလိုက်တယ် ၁ဝမိနစ်လောက်ရောက်တော့
အဲဒီအချိန်က လူငယ်ခေင်းဆောင်လေးတစ်ယောက်နဲ့ နောက်လိုက်၃ယောက် ရောက်လာပြီး ဟိတ်ယောင်လူကွဒီမှာ တစ်ယောက်ဒုတ်ကိုင်ထား တစ်ယောက်ကဓာတ်မီးထိုး ဓာတ်မီးထိုးဆိုပြီး ကျွန်တော့ကိုဒုတ်နဲ့ရွယ်ပြီး ဓာတ်မီးကြီးမျက်နာတဲ့တဲ့ထိုးလိုက်တယ် ကျွန်တော်လဲ ရန်သူလားမိတ်ဆွေလားမသိတော့ ကျောက်ခြင်ဟန်ဆောင်လိုက်ရတယ် ဒါနဲ့ အဲအကိုက ဟာ ညီမလေးမကြောက်နဲ့မကြောက်နဲ့ အကိုတို့ရှိတယ် ဆိုပြီး ပုခုံးကိုလာသက်ပေးတယ် ကျွန်တော် အဲဒီမြင်ကွင်းလေးကိုပြန်မြင်ရင်လဲမျက်ရည်ကျမိတယ် ကျွန်တော့ဘဝကအဲဒီအချိန်မှာ တစ်ယောက်ထဲ သိပ်သနားဖို့ကောင်းနေသလိုပဲ
ကိုဇော်ဇော်အောင် ညီမ အကိုတို့ ရွာထဲသွားအကူညီတောင်းမယ် ပြီးတာနဲ့ မြို့ပြန်မယ် ကျွန်တော်က အကို ဒီအတိုင်းဘာမှမမြင်ရပဲ လျှောက်သွားရင် အန္တရယ်ရှိနိုင်တယ် ဒီညတော် ဒီအပင်ပေါ်မှာပဲ နေပြီးမနက်မလင်ခင်လေးမှ သွားပြီး အကူညီတောင်းရင်မကောင်းဘူးလား အေးကောင်းတယ် ဆိုပြီး ကျွန်တော်တို့၅ယောက် သစ်ပင်ပေါ်တက်ကြတယ် ကျွန်တော်က အပင်ပေါ်ရာက်နေပြီ သူတိ့က ကျွန်တော့ကိုအော်ခေါ်ပြီး လိုက်ရှာနေကြတယ် ကျွန်တော်ကတိုးတိုးလေး လှမ်းပြီး ကျွန်တော်ဒီအပေါ်မှာရှိတယ် မအော်ကြနဲ့ဆိုမှ သူတို့ တက်လာကြတယ် တစ်ယောက်တသ်ဂိုင်ဆီပေါ့ သူတို့ထဲက ဂတုံးနဲ့လူတစ်ယောက်က ကျွန်တော့ကို နားနားကက်ပြီး သူကကိုရင်ဖြစ်ကြောင်း အကြောက်လန်းတကြားနဲ့တွေ့ရာဆွဲဝတ်လာရလို့ ပုဆိုးကြီးဖြစ်နေကြောင်း သခ်န်းအားလုံး မပါတော့ကြောင်း ပြောနေတုန်း ကိုဇော်ဇော်အောင်က ဟေ့ကောင် မင်း ဘာလုပ်တာလဲကွ ကလေးကို မင်းဘာကောင်လဲ မိုက်လား အောက်ဆင်း ဆိုပြီးဒေါသတကြီးနဲ့လှမ်းပြောတော့ ကျွန်တော်က ပြန်ရှင်းပြရတယ် အကိုမဟုတ်ဘူး သူကျွန်တော့ကို ဘာမှမလုပ်ဘူး အကိုစိတ်မပူနဲ့ သူကသူ့အကြောင်းတွေလာပြောနေတာ အေး ဟိတ်ကောင်မင်းရုတ်ရုတ်လုပ်လို့ကတော့ အသေပဲ ဟုတ်ကဲ့ပါအကို ကျွန်တော်တောင်းပန်ပါတယ်ပေါ့
တညလုံးလဲ ဖင်ထိုင်မရပါဘူး အရှိန်နဲ့ရိုက်ခံထားရတဲ့ဒါန်ကြောင့် တင်ပါးတွေကစိစ်ိညက်ကြေအောင်နာနေတော့ ထမှီကြီးကိုတင်းပြီး ဟိုလှဲ့ဒီလှဲ့လုပ်နေရတယ်
စစ်ကားတစ်စီးလမ်းမပေါ်မှာညသန်းခေါင်ကြီး ပင်နီသမားတွေကို ဖန်းခေါ်သွားတယ်ထင်တာပါပဲ ပါသွားတာတွေ့လိုက်တယ်
ဓာတိမီး ဖွင့်လိုက်ပိတ်လိုက်နဲ့ အပင်တွေကြားထဲက တိုးသွားသူကသွား လူတစ်ယောက် ပြေးလာတဲ့အသံလဲကြားလိုက်ရတယ် အမလေး ကျောက်ပါပြီဗျ မလုပ်တော့်ပါဘူးဗျ ပြောပြောဆိုဆို အားဆိုတဲဘအသံ တစ်ချက် ကြားလိုက်ရပြီး ပျောက်သွားတယ် လူတစ်စုအသံတွေလဲကြားရတယ် ဟိတ်ကောင်တွေ ဒီနားတင်ကွ လိုက်ရှာ ဆိုတာတွေ သေနပ် ၃ချက် ပ်သံလဲကြားလိုက်ရတယ် တောခြောက်နေသလားအောက့်မေ့ရတယ် ခနနေတော့ မိုးလင်းတာပါပဲ အဲဒီည ကျွန်တော်မအိပ်လိုက်ရပါဘူး တတိယပိုင်းကျန်ပါသေးတယ်
.
Credit : Trezer Suu
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
01-06-2015

No comments:

Post a Comment