Twitter Bird Gadget

Saturday, May 23, 2015

5 Ampere power supply အကြောင်း


မင်္ဂလာပါခင်ဗျာ..........
ကျနော်အခုပြောချင်သောအကြောင်းအရာကတော့ ၊မိုဘိုင်းလ်နဲ့ပတ်သတ်လို့
ပါ၀ါမနိုးခြင်း(no power)ထဲမှ ၊ရှောစ့်(shock)ဖြစ်သောဆားကစ်ဘုတ်ပြားအား စမ်းသပ်ရာတွင်အသုးံပြုသော
5 Ampere power supply အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။

5 Ampere Power Supply မှာဆိုရင်လည်း
တံဆိပ်အမျိုးမျိုးဝင်ရောက်လျှက်ရှိကြပါတယ်ခင်ဗျာ။စျေးနှုန်းများကတော့ ၅သောင်းလောက်မှစတင်§
၆သောင်းခွဲ၊ရသောင်းလောက်ထိတော့ရှိပါတယ်လိုပြောကြားချင်ပါတယ်ခင်ဗျာ။

အခုကစတင်ပြီးတော့ 5ampere power supply
နဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။၄င်း
power supply သည်၊နိုးပါ၀ါရှော့စ်ကျသောအခါ§
အသုးံပြုရမည်ဖြစ်ပါသည်။(ရှောစ့်ထဲမှာမှ input shock ကိုစမ်းသပ်ရခြင်း)5Ampere တွင်ပါဝင်သော
Function အစိတ်အပိုင်းများမှာတော့ 5A PS ၏ညာဘက်အောက်တွင်တွင်တည်ရှိသော နီ၊၀ါ၊နက်
ပင်ပေါက်များသည် ဆားကစ်ဘုတ်ပြားတွင်တည်ရှိသော Battery connector ငုတ်များအားချိတ်ပေးရမည် power supply ကြိုးပေါက်များဖြစ်ပါတယ်။
၄င်း power supply ကြိုးပေါက်ချိတ်ဆက်ရာတွင်
အနီကြိုးသည် အနီပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အ
နက်ကြိုးသည် အနက်ပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အရောင်ပေါက်သည် ဆားကစ်ဘုတ်ပြားအား Ground
(GND)ချသောအပေါက်ဖြစ်ပါတယ်။Ground ဆိုသည်မှာအနုတ်ဓတ်ပိုမိအောင် ထည်သွင်းးထား
ခြင်းဖြစ်ပါ။ခြုံပြီးပြောရမယ်ဆိုရင်တော့ cicuit board
အားပါ၀ါကြွေးသော ၊ ပင်ပေါက်များဖြစ်ပါတယ်။

နောက် function တစ်ခုကတော့ အနီ၊အဝါ၊အနက်ရောင် ပင်ပေါက်များရဲ့အပေါ်တွင်တည်ရှိသော
သင်္ကေများမှာတော့ voltage လို့စာသားရေးသားပြီး
အောက်တွင် adjust control နှစ်ခုပါဝင်ပါတယ်။
Voltage ဆိုသောစာသားသည် ဗို့အားကိုဖော်ညွှန်း
ထာခြင်းဖြစ်ပြီး adjust control နှစ်ခုသည် ဗို့အားကို
အတိုး၊အရှော့ ပြုလုပ်ပေးသော control ဖြစ်ပါတယ်။
ဗို့အားပေးရာတွင် မိုဘိုင်းလ်ဖုန်းပြုပြင်သောကြောင့်
D-C 4V to 5V ပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ချက်။ ။
5V ထက်ကျော်ပေးပါက circuit board ပေါ်တွင်တည်ရှိသော I.C(integrated circuit) များနှင့်
P.C.B(printed Circuit Board) ပတ်လမ်းများအား
ပျက်ခြင်း(သို့မဟုတ်) ဆားကစ်ဘုတ်ပြားအားရှော့စ်ကျခြင်းတို့ဖြစ်တက်ပါတယ်။ဗို့ပေးရာတွင်အသုးံပြုရမည့် adjust control နှစ်ခုမှာညာဘက်
adjust control သည် ပေးချင်သောဗို့အားကိုလိုအပ်
သလို အမြန်တင်သုးံရသော control ဖြစ်ပါတယ်။ဘယ်ဘက် adjust control သည်မိမိပေးချင်သော
ဗို့အားကို ပွိုင့်ဗို့ခြင်းတင်§ အသုးံပြုရခြင်းဖြစ်တယ်လို့
မှာကြားချင်ပါတယ်။


နောက်ထပ် function အနေအထားကတော်
Current လို့ရေးသားဖော်ပြပေးထားခြင်းစာသားဖြစ်
ပြီး၊စာသား၏အောက်ဘက်တွင်တည်ရှိသော adjust
Control နှစ်ခုသည် current လို့ခေါ်ဆိုသော ampere နှုန်းကို adjust control ပြုလုပ်ပေးသော control ဖြစ်ပါတယ်။၄င်း adjust control သည်
မိမိစမ်းသပ်လိုသော ရှောစ့်ကျသောဆားကစ်ဘုတ်ပြားအား Battery connector ၏ပင်ငုတ်များအား
ပါ၀ါဗို့အား 4v to 5v ကြွေးပြီးပါက5APowerSupply
တွင်ပါရှိသော L.C.D. digital ဂဏန်းများအား L.C.D
ဒိုင်ခွက်ပေါ်တွင် ampere နှုန်းကိုဖော်ပြပေးပါလိမ်မည်။ပြသနေသော ampere နှုန်းဖြင့် ရှောစ့်မပြသပါက current ဆိုသာစောသားအောက်တွင်
adjust controlနှစ်ခုကိုအသုးံပြုရမည်ဖြစ်ပါသည်။
ညာဘက် control ကတော့ ampere ကို မိမိလိုအပ်သလောက်တင်ပြီး ၊သုးံရမှာဖြစ်ပြီး ဘယ်ဘက်က control ကတော့ ampere နှုန်းကိုပွိုင့်လောက်တန်ဖိုး
အတိုးအလျှော့လုပ်အသုးပြုရမှာဖြစ်ပါတယ်။

Current စာသားနှင့် Voltage ဆိုသောစာသားနှစ်ခုကြားတွင်တည်ရှိသော ခလုတ်လေးသည် ampere
Low ampere နှင့် High ampere ကိုဖော်ပြပေးတာဖြစ်ပါတယ်။၄င်းခလုတ်သည် မိမိအသုးံပြုချင်သောamprre အနည်း ၊အများကိုရွေးချယ်ပေးရခြင်း
ဖြစ်ပါတယ်။တစ်ချို့ရှော့စ်များသည် ampere အနည်းတွင်ထားစမ်း§ မရနိူင်ပါသဖြင့် ampereအများခလုတ်တွင်ထားစအ်းမှသာလျှင့်ရပါသည်။မှတ်ချက်။ ။ ရှောစ့်ကျနေသာဆားကစ်
ဘုတ်ပြားသည် 5A Power Supply ဖြင့် စမ်းသပ်
ရာတွင် ရှောစ့်ကျသော I.C ,Cap:,Res:Dio:,F.E.T (Q) များသည် တစ်ခြားအလုးံ (သ်ို ့မဟုတ်)ပစ္စည်းများ
ပူနေပါလိမ်မည်။၄င်းပူနေသာအလုးံအားရှောစ့်ကျ§
ပျက်နေခြင်းဟုသိရပါလိမ်မည်။ပူနေသောဖြုတ်ပေးမှသာလျှင်ပါ၀ါနှု်ိးပါလိမ်မည်။

နောက်ဆုးံကျန်ရှိနေသာ function အစိတ်အပိုင်
းကတော့ Voltage အပေါ်တွင်တည်ရှိသောL.C.D
Digital ဒိုင်ခွက်နှင့် Current စာသား၏အပေါ်ဘက်
တွင်တည်ရှိသော L.C.D Digital ဒိုင်ခွက်ကတော့
မိမိတိုအသုးပြုနေသော ဗို့အားနှင့်အင်ပီယာအား
တို့ကို ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုဖော်ပြပေးသောဂဏန်းများဖြစ်ပါတယ်။R.F(radio frequency) နှုန်းကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ဘယ်လိုအသုးံပြု ကြလဲဆိုတော့ မိုဘိုင်းလ် radiation frequency လှိုင်းနဲ့ချိတ်မိနိူင် ၊မမိနိူင်ကို radio frequency လှိုင်းတန်ဖိုူနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ ပါ၀ါဆက်ပလိုင်း
ချိတ်သောပင်ပေါက် အနီ၊အဝါ၊အနက်ရောင်ပေါက်ရဲ့ဘေးတွင်ရှိသောခလုတ်ကတော့ 5 ampere power
Supply ၏ power ခလုတ်အဖွင့်အပိတ်ဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဘဲ ဒီမှာပဲနိဂုန်းချ ုပ်အပ်ပါတယ်ခင်ဗျာ။


မိုဘိုင်းလ်ဖုန်း Hardware နည်းပညာအားလေ့
လာချင်သူများအတွက်ကြိုဆိုပါတယ်ခင်ဗျာ။Hardware ပညာရပ်သည်ဝါသနာပါမှသာလျှင် တတ်မြောက်ကြမှာဖြစ်ပါတယ်။အဲဒီတော့ မိမိကိုမိမိ၀ါသ
နာပါမပါကိုအရင်စမ်းစစ်ပါ။၀ါသနာပါလို ့ကတော့
အချိန်ကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။ကိုယ်ပြင်တဲ့ဖုန်း ပြန်ကောင်းသောအခါမှာ စိတ်ထဲမှာအရမ်းကြည်းနူးဖို့ကောင်းပါတယ်။ကြိုးစားကြပါ
လို့ပြောချင်ပါတယ်ခင်ဗျာ။ပျနော်အတတ်နိူင်ဆုံးကြိုးစားပြီးတော့တင်ပေးသွားမှာပါ။အားလုးံအဆင်ပြေ ချောမွေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

No comments:

Post a Comment